Connect with us

Hi, what are you looking for?

သတင်း

ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲ လက်နက်အများအပြားရ၊ ထွက်ပြေးသွားသည့် စစ်သားအချို့ ပြန်လည်ဖမ်းဆီးရမိဟုဆို

ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း KNUက ပြန်လည်ဖမ်းဆီးနိုင်မည့် အခြေအနေရှိသည်ဟု ပြောသည်။

(ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ် စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ် စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

အဆိုပါစခန်းကို လွန်ခဲ့သည့် သုံးရက်ခန့်ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၂၉ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ယနေ့နံနက်တွင် ပြောထားသည်။

အဆိုပါ ထွက်ပြေးသွားသူများအနက် ပြန်လည် ဖမ်းဆီးရရှိသူများလည်းရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

(ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ် စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ် စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – CJ)

” ခေါပုတ်စခန်းကတော့ ကျနော်တို့ လူတွေ တက်သိမ်းပြီလေ။ သူတို့ အကုန်လုံးထွက်ပြေးပြီးတော့ တချို့တော့ ပြန်ဖမ်းမိတာပေါ့။ ပစ္စည်း (လက်နက်ခဲယမ်း)ရတာပေါ့။ အများကြီးပဲလေ။ သူ့အင်အားက အစတုန်းက ၂၀၀ နီးပါးလောက်ရှိမယ်။ ဒါပေမဲ့ အခုကတော့ ထွက်ပြေး၊ သေနဲ့ ၁၀၀ ကျော်ကျော် လောက်ပဲ ၁၂၀ အများဆုံးပဲ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဖာပွန်မြို့တွင် စစ်ကောင်စီတပ်စခန်းတစ်ခုပြီး တစ်ခုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး လက်ကျန် စစ်ကောင်စီတပ်စခန်းများကိုလည်း KNLA ပူးပေါင်းတပ်က ဝိုင်းပတ်ပိတ်ဆို့ဖြတ်တောက်ထားသည်ဟု ဆိုသည်။

“အခု သူတို့ ဂဏာမငြိမ်တော့ဘူး။ သူတို့ပြန်ဆုတ်ဖို့ကလည်း ခွင့်တောင်းလို့လည်းမရတဲ့အခါ သူတို့ဘယ်လိုလုပ်မလဲ စောင့်ကြည့်ရမှာပေါ့။ အသေခံမလား အဖမ်းခံမလားပေါ့။ တကယ်လို့ အထက်အမိန့်ကို နာခံမယ်ဆို သူက အသေခံမယ်ပေါ့။ တကယ်လို့ အထက်အမိန့်ကို မနာခံရင်တော့ အဖမ်းခံပေါ့ အသက်ရှင်မယ်ပေါ့နော်” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း KNUက ပြန်လည်ဖမ်းဆီးနိုင်မည့် အခြေအနေရှိသည်ဟု ပြောသည်။

” ပြေးတဲ့သူတွေက ကျနော်တို့ လူတွေဆီမှာပဲ ပြန်ဖမ်းမိတာပေါ့။ အခုက ပြေးမယ့်နေရာက ရှိမှ မရှိပဲ။ ဖာပွန်ပြန်လှည့်ဖို့ကလည်း ကြားမှာ ကျနော်တို့ လူတွေက နှစ်ထပ်သုံးထပ်ကာထားတာ ။ နောက်ပြီးတော့ ခရီးကလည်း ဝေးတယ်ဆိုတော့ သူပြန်လှည့်ဖို့ မလွယ်ဘူး”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNLAပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ခေါပုတ်စခန်းသည် ဖာပွန်မြို့မြောက်ဘက် ကီလို ၂၀ခန့်အကွာ၌ ရှိသည်ဟု ဆိုသည်။

(ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ် စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ် စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – CJ)

” စဖြစ်တာကတော့ သုံးလေးရက်လောက်ရှိပြီ။ မနေ့ကမှ ဒီစခန်းကနေပြီးတော့ ဟိုဘက်ကပေါ့ စစ်ကောင်စီဘက်က ထွက်ပြေးသွားတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ သူတို့ ကောင်းကောင်းမွန်မွန် မရှင်းလင်းရသေးဘူးလို့ ပြောပြတယ်။ ဒီညနေကျမှ သူတို့ သတင်းအတိအကျပေးမယ်ပြောတယ်”ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ယနေ့မနက်ပိုင်းတွင် ပြောထားသည်။

ယခု ခေါပုတ်စခန်းကျပါက KNU ဖာပွန်ခရိုင် အတွင်း၌ စစ်ကောင်စီဗျူဟာအပါအဝင် တပ်စခန်း ၁၀ခု ခန့်သာ ကျန်တော့မည်ဟုလည်း ၎င်းက အသိပေးသည်။

KNU တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့သည် ယခုနှစ် မတ်လကစ၍ ဖာပွန်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ လက်ရှိတွင် မြို့နှင့် စစ်ကောင်စီတပ်ရင်းဌာနချုပ် အချို့ကိုသိမ်းပိုက် ထိန်းချုပ် ထားပြီး ဖာပွန်မြို့ရှိ စစ်ကောင်စီဗျူဟာအပါအဝင် စခန်းအနည်းငယ်သာ ကျန်တော့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။