Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၏ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်တစ်ဦး ထပ်မံသေဆုံး

ဒေါ်မူလောဝ်၏ ရုပ်အလောင်းကိုမူ စစ်ကောင်စီနှင့် PNO စစ်ကြောင်းများရှိနေသဖြင့် သွားရောက် သယ်ယူခြင်းမပြုနိုင်သေးကြောင်း သိရသည်။

(စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲကြောင့် သေဆုံးခဲ့သည့် ကလေးငယ်၏ ရုပ်အလောင်းအား မြေချသဂြိုလ်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဥ် ။ ဓာတ်ပုံ - PK-HC)
(စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲကြောင့် သေဆုံးခဲ့သည့် ကလေးငယ်၏ ရုပ်အလောင်းအား မြေချသဂြိုလ်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဥ် ။ ဓာတ်ပုံ - PK-HC)

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်တစ်ဦးထပ်မံ သေဆုံးပြီး ရုပ်အလောင်းသယ်ခွင့်မရသေးကြောင်း မြေပြင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူအချို့က ပြောသည်။

အောက်တိုဘာ ၃၁ ရက်က ပင်လောင်းမြို့နယ်လုံးပြင်ကျေးရွာအုပ်စု ဗန်းမောက်ကျေးရွာမှ ပင်လောင်းဖက်သို့ စစ်ဘေးရှောင်ရန်ထွက်ခွာလာသော စစ်ရှောင်ယာဥ်တန်းကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOက ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ထို့ကြောင့် ဒေသခံနှင့် စစ်ဘေးရှောင်များစွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများမှာ အသက် (၆၂)နှစ်အရွယ် ဒေါ်မူလောဝ်(ဗန်းမောက်ရွာခံ)၊ အသက်(၃၆)နှစ်အရွယ် ဒေါ်နန်းပုံး(ဗန်းမောက်ရွာခံ)နှင့် ဗန်းမောက်ကျေးရွာ စစ်ဘေးရှောင်လာသည့် (၈ )နှစ်အရွယ် အမျိုးသမီးကလေးငယ်တစ်ဦးတို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒေါ်မူလောဝ်၏ ရုပ်အလောင်းကိုမူ စစ်ကောင်စီနှင့် PNO စစ်ကြောင်းများရှိနေသဖြင့် သွားရောက် သယ်ယူခြင်းမပြုနိုင်သေးကြောင်း သိရသည်။

“ကနဦးက ကလေးနဲ့ အမျိုးသမီး တစ်ယောက်ပဲစာရင်းရတာပေါ့။နောက်အသက်ကြီးအမျိုးသမီးတစ်ယောက်ပါ သေဆုံးသွားတယ်။သူ့ ရုပ်အလောင်းကလည်း လုံးဝကို ပျက်စီးသွားတဲ့အနေအထားရှိတယ်လို့သိရတယ်။ပြီးတော့ စကစနဲ့ PNO တပ်တွေက တပ်စွဲလိုက်တော့ သယ်ယူဖို့က မဖြစ်နိုင်သေးဘူး”ဟု ပင်လောင်း-ဖယ်ခုံ ရှိစစ်ရှောင်ကူညီနေသူတစ်ဦးက လူထုနွေဦးသို့​ပြော သည်။

ဒေါ်နန်းပုံးနှင့် ကလေးငယ်၏ ရုပ်အလောင်းအား မြေချသဂြိုလ်ခြင်းကို စစ်ဘေးရှောင်စခန်းတစ်ခုတွင် ဖယ်ခုံမြိို့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ PK-HCက တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ပင်လောင်းနှင့် ဖယ်ခုံမြို့ကို နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNOက အင်အား ၅၀၀ခန့်ဖြင့် စက်တင်ဘာလဆန်းပိုင်းကစ၍ မြေပြင်စစ်ကြောင်းထိုးခဲ့ပြီး တိုက်ပွဲများနေ့စဥ်ဖြစ်ပွားကာ ထိုဒေသတွင်းမှ ပြည်သူ ထောင်နှင့်ချီ စစ်ရှောင်နေရပြီး အခြေခံ ရိက္ခာများစွာလိုအပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။