Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံမှာ​ထုတ်လုပ်မှုရပ်နားထားတာကြောင့် မြေရှားသတ္တုစျေးနှုန်းဆက်တိုက် မြင့်တက်

ကမ္ဘာ့ မြေရှားသတ္တုထုတ်လုပ်မှု စျေးကွက် တစ်ခုလုံးစာမှာတော့ မြန်မာက ၁၁ ရာခိုင်နှုန်း ဝေစုကို ပိုင်ဆိုင်ထားပါတယ်။

(​မြေရှားသတ္ထုထုတ်လုပ်​ရေးလုပ်ငန်းခွင်တခု)
(​မြေရှားသတ္ထုထုတ်လုပ်​ရေးလုပ်ငန်းခွင်တခု)

◾️ကိုးလအတွင်းတရုတ်က မြန်မာဆီကနေ မြေရှားသတ္တုတန်ချိန် ၃၁၀၀၀ တင်သွင်းထားပြီး တရုတ်ရဲ့ ပြည်ပကနေ ဝယ်ယူမှုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းခန့်အထိရှိ​နေ

-People’s Spring

မြန်မာ့ ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံတကာ စျေးကွက်ထဲမှာ မြေရှားသတ္တု (REM)တွေ ဆက်ပြီး စျေးတက်လိမ့်မယ်လို့ စျေးကွက် လေ့လာသူတွေက ခန့်မှန်းကြတယ်လို့ Global Times သတင်းဌာနက​ဖော်ပြပါတယ် ။

တရုတ်အစိုးရအာ​ဘော်သတင်းဌာန ဖြစ်တဲ့ Global Times ကမြန်မာပြည်တွင်း​ရေး မတာ်မငြိမ်မှု​ကြောင့်လို့ ဆို​ပေမယ့် ကချင်ပြည်နယ်မှာ ​မြေရှားသတ္ထု​တွေ အဓိကထွက်ရှိတဲ့ ပန်ဝါ ၊ ချီ​ဖွေ ၊​ဆော့​လော် ၊ဖီ​မော် စတဲ့ ​ဒေသ​တွေကို ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA)က စစ်တပ်နဲ့ နယ်ခြား​စောင့် တပ်စခန်း​​တွေ ၊မြို့​တွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တာပါ။KIA ရဲ့ မြို့သိမ်းတိုက်ပွဲ​တွေ အလွန်မှာ ​မြေရှားသတ္ထုတူး​ဖော်မှု​တွေ ရပ်နားထားကြတာဖြစ်ပါတယ် ။

တရုတ်က​မြေရှားသတ္ထုတူး​ဖော်သူ​တွေဟာ စစ်တပ်လက်​အောက်ခံ နယ်ခြား​စောင့်တပ်​​တွေဆီက​နေ ခွင့်ပြုချက်ယူ​မြေရှားတူးကြတာဖြစ်ပြီး ပန်ဝါ ​ဒေသတခုလုံးကို KIA ကသိမ်းပိုက်ပြီးချိန်မှာ တရုတ်က ​မီး​ပေးတာကိုဖြတ်ထားသလို ​မြေရှားတူး​ဖော်တာ​တွေလည်းရပ်နားကုန်တာဖြစ်တယ်လို့​ဒေသခံအချို့က​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

စက်တင်ဘာ နဲ့ အောက်တိုဘာ နှစ်လဆက်တိုက် ​မြေရှား စျေးနှုန်းတွေ မြင့်တက်ခဲ့တဲ့နောက် နိုဝင်ဘာလမှာလည်း တရုတ် မြေရှားသတ္တုထုတ်လုပ် တင်ပို့သူတချို့က စျေးနှုန်းတွေကိုစပြီး မြှင့်တင်သတ်မှတ်နေပြီ ဖြစ်ပါတယ်။ ဥပမာမွန်ဂိုလီးယားမှာ အခြေစိုက်တဲ့ ပေါင်တူ သံမဏိနဲ့ မြေရှားသတ္တု ကုမ္ပဏီက နိုဝင်ဘာ လဆန်းအတွက် မြေရှားသတ္တုအမျိုးအစား အသီးသီးရဲ့ စျေးတွေကို ထုတ်ပြန်ခဲ့ရာမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းထက် နည်းနည်းပိုပြီး မြင့်တက်လာတာ တွေ့ရပါတယ်။

အထူးသဖြင့် ပရာဆိုဒိုင်မီယမ် နီယိုဒိုင်မီယမ် အောက်ဆိုက်လို မြေရှားသတ္တုအမျိုးအစားတွေရဲ့ စျေးက ရှေ့ဆက်ပြီး တက်လာဖွယ် ရှိနေပါတယ်။ ​မြေရှားတွေ သုံးလဆက်တိုက် စျေးနှုန်း မြင့်တက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြည်တွင်းရေး အခြေအနေတွေနဲ့ တိုက်ရိုက် ဆက်စပ်နေလို့ ဆိုပါတယ်။

အီလက်ထရောနစ် ချစ်ပ်တွေ၊ ပြည့်မြဲစွမ်းအင် ထုတ်ယူနိုင်တဲ့ စက်ပစ္စည်း ကိရိယာတွေ တည်ဆောက်မှုမှာ မြေရှားသတ္တုဟာ အရေးအကြီးဆုံး လိုအပ်ချက် ကုန်ကြမ်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အကြီးစားနဲ့ အလတ်စား မြေရှားသတ္တုအတုံးအခဲတွေ ထုတ်လုပ်လေ့ရှိပြီး ကမ္ဘာတလွှားမှာ အကြီးစား မြေရှားသတ္တုတွေ ထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံက ထွက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ မြေရှားသတ္တုထုတ်လုပ်မှု စျေးကွက် တစ်ခုလုံးစာမှာတော့ မြန်မာက ၁၁ ရာခိုင်နှုန်း ဝေစုကို ပိုင်ဆိုင်ထားပါတယ်။

မြန်မာ့ ပြည်တွင်းရေးအ​ခြေအ​နေဟာ မြေရှားသတ္တု ထုတ်လုပ်မှု ကဏ္ဍကို သေချာပေါက် သက်ရောက်မှုတွေ ဖြစ်ပေါ်စေပြီး စျေးတွေ ဆက်တက်လာနိုင်တယ်လို့ အဲဒီစျေးကွက်ကို အလေးထား စောင့်ကြည့်နေတဲ့ တရုတ်ရဲ့ လွတ်လပ်တဲ့ စက်မှုရေးရာ သုတေသီ ဝူကျန့်ဟွေက Global Times သတင်းဌာနကို မှတ်ချက်ပေးခဲ့ပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံကထွက်ရှိတဲ့ မြေရှားသတ္တုတွေကို အဓိက တင်သွင်းနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုနှစ် စက်တင်ဘာ လကုန်ထိ တရုတ်ဟာ မြန်မာဆီကနေ မြေရှားသတ္တုပမာဏ တန်ချိန် ၃၁၀၀၀ တင်သွင်းခဲ့ပြီး ဖြစ်သလို ဒါဟာ အဲဒီကာလအတွင်း တရုတ်ရဲ့ ပြည်ပကနေ ဝယ်ယူတဲ့ မြေရှားသတ္တုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းနီးပါးလို့လည်း ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာမြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းနေတာ၊ တရုတ်မှာလည်း အကြီးစားနဲ့ အလတ်စား မြေရှားသတ္တုအစိုင်အခဲ တူးဖော် ထုတ်လုပ်မှုတွေနဲ့ ပတ်သက်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်ကနေ တားမြစ် ကန့်သတ်ချက်တွေ တိုးလာတာကြောင့် စျေးနှုန်းမြင့်တက်ဖို့ လှုံ့ဆော်မှုတွေကို ပိုပြီး တိုးလာစေတယ်လို့ စျေးကွက်ကို စောင့်ကြည့်နေတဲ့ ဟွာတိုင် သုတေသန အဖွဲ့ရဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

လာမယ့် ၂ နှစ်ကနေ ၃ နှစ်တာအတွင်း နိုင်ငံတကာမြေရှားသတ္တု စျေးကွက်ရဲ့ လည်ပတ်မှု အနေအထားဟာ ထူးထူးခြားခြား ပြောင်းလဲသွားဖွယ် မရှိဘဲ တရုတ်ဟာ မြေရှားသတ္တုထုတ်လုပ်တင်ပို့မှု စျေးကွက်ရဲ့ ၆၀ ရာခိုင်နှုန်း ဝန်းကျင်ကို ဆက်လက် ကြီးစိုးထားဖွယ် ရှိနေတယ်လို့ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ မြေရှားသတ္တုသတ္တုအမျိုးအစား အသီးသီးရဲ့ စျေးတွေက ဖြည်းဖြည်းနဲ့ မှန်မှန် ဆက်လက် မြင့်တက်လာဖွယ် ရှိတယ်လို့လည်း စျေးကွက် လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

ကိုးကား-Global Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

သတင်း

မြေရှားသတ္တု နဲ့ တခြား မဟာဗျူဟာအရ အရေးပါတဲ့ ဓာတ်သတ္တုတွေ ရှာဖွေ ထုတ်လုပ်ရေးမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ ညှိနှိုင်းသဘောတူခဲ့တယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

မြေရှားသတ္တုတွေနဲ့ တခြား စက်မှုလုပ်ငန်းသုံး မဟာဗျူဟာ သတ္တုတွေ ပူးပေါင်း ထုတ်လုပ်ရေး သဘောတူညီမှု တစ်ခုကို အမေရိကန်နဲ့ အိန္ဒိယ အစိုးရတွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

နိုင်ငံတကာ

ရေနက်ပိုင်း ပင်လယ်ကြမ်းပြင်ကနေ မြေရှားသတ္တုတွေ တူးဖော် ထုတ်လုပ်နိုင်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဆွေးနွေးသွားမယ်လို့ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။