Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့ထောက်ပို့လမ်းပိုင်းရှိ စစ်ကောင်စီစခန်းနှစ်ခုကို AA၏မဟာမိတ်များ တိုက်ခိုက်

တိုက်ပွဲအတွင်း ရန်သူ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးနိုင်သည်ဟု PRA-Magwayက ယနေ့(နိုဝင်ဘာ ၆ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

(၂၀၂၄ နှစ်ဆန်းက ရခိုင်ဒေသတိုက်ပွဲများအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-Arakan Princess Media)
(၂၀၂၄ နှစ်ဆန်းက ရခိုင်ဒေသတိုက်ပွဲများအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-Arakan Princess Media)

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ် အမ်းမြို့ကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီ၏ထောက်ပို့လမ်းကြောင်းဖြစ်သော အမ်း – ပဒါန်းလမ်းပိုင်းမှ တပ်စခန်းနှစ်ခုကို AA၏ မဟာမိတ်တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သည်။

အမ်း – ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် (၁၁)မှ စစ်ကောင်စီစခန်းနှစ်ခုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway )၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂)တပ်ရင်းတို့က နိုဝင်ဘာ ၅ရက် နံနက် တွင် တပြိုင်နက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ရန်သူ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးနိုင်သည်ဟု PRA-Magwayက ယနေ့(နိုဝင်ဘာ ၆ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” စခန်းကို အပြီးသတ်သိမ်းပိုက်ဖို့ပဲ။ ဒါပေမယ့် စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ပြီး စစ်ကူတွေရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်။ ဒါပေမယ့် စစ်ရေးရည်မှန်းချက်အောင်မြင်တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အမ်း – ပဒါန်းလမ်းပိုင်းသည် အမ်းမြို့မှ မကွေးတိုင်း မင်းဘူးမြို့သို့ ထွက်ရာ၌ အဓိကကျသည့် လမ်းပိုင်းဖြစ်သည်။

အမ်းမြို့သိမ်းတိုက်ပွဲကို AAက စက်တင်ဘာ ၂၆ရက်တွင် စတင်ခဲ့ပြီးနောက် အဆိုပါလမ်းမိုင်းကိုလည်း AAနှင့် မဟာမိတ်တပ်ဖွဲ့များကထိန်းချုပ်ခဲ့သည်။

အောက်တိုဘာ ၂၈ရက်ကလည်း အမ်း – ပဒါန်းကားလမ်းပိုင်းတွင် အမ်းမြို့နယ်မှပြန်လာသည့် စစ်ကောင်စီယာဥ်တန်းကို ACDFနှင့်မင်းဘူးခရိုင် တပ်ရင်း(၂)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်။

ထို့အပြင် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသ ထိန်းချုပ်စိုးမိုးနိုင်ရေးသည် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးရည်မှန်းချက်ဖြစ်ပြီးအမ်း-ပဒါန်းလမ်းပိုင်းထိန်းချုပ်နိုင်ရေးသည် စစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှု များ လည်းဖြစ်သည်ဟု PRA-Magwayက သတိပေးထားသည်။

လက်ရှိတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့နှင့် ထိဆက်နေသော ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊အမ်းမြို့နယ်၊ဂွမြို့နယ်တို့၌ တိုက်ပွဲများပြင်းထန်နေသည်။

ပဲခူးတိုင်းဘက်မှ ပြည်၊ ရွှေတောင်မြို့နယ်၊ ဧရာဝတီတိုင်းနှင့် ဆက်စပ်မြို့နယ်အချို့၊ မကွေးတိုင်းနှင့် ဆပ်စပ်မြို့နယ်အချို့တို့မှဒေသခံအများသည် ဘေးလွတ်ရာသို့ စတင်တိမ်းရှောင်နေကြသည်။

ရခိုင်ပြည်နယ်ကို သိမ်းယူပြီးပါက AAသည် မဟာမိတ်များ၏မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်လာနိုင်ခြေရှိပြီး တိုက်ပွဲများပြင်းထန်လာနိုင်သည်ကို ကြိုတင်သတိပြုကြရန် စစ်ရေးအကဲခတ်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။