Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့မှလာသည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက် ခံရပြီး ထိခိုက်မှုများဟုဆို

စစ်ကား နှစ်စီး ၊ ဆိုင်ကယ်နှစ်စီးပါယာဉ်တန်းကို ငဖဲမြိုနယ်၊ အမ်း – ပဒါန်းလမ်းပိုင်းတစ်နေရာတွင် အောက်တိုဘာ ၂၈ရက်က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

မင်းဘူးခရိုင်တပ်ရင်း(၂)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - မင်းဘူးခရိုင်တပ်ရင်း (၂)
မင်းဘူးခရိုင်တပ်ရင်း(၂)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - မင်းဘူးခရိုင်တပ်ရင်း (၂)

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ပြန်လာသည့် စစ်ကောင်စီရိက္ခာပို့ယာဥ်တန်းကို အမ်း – ပဒါန်း ကားလမ်းပိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် တပ်ရင်း(၂)က တိုက်ခိုက်ခဲ့ရာ ၁၀ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသည်ဟု ACDFက သတင်းထုတ်ပြန်သည်။

စစ်ကား နှစ်စီး ၊ ဆိုင်ကယ်နှစ်စီးပါယာဉ်တန်းကို ငဖဲမြိုနယ်၊ အမ်း – ပဒါန်းလမ်းပိုင်းတစ်နေရာတွင် အောက်တိုဘာ ၂၈ရက်က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

နာရီဝက်ခန့်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်တာ။ ငဖဲဘက်ကဖြစ်ရင် ကြမ်းတယ်။ စစ်တပ်ကသူထိသွားတော့ ဘေးပတ်ဝန်းကျင်နေရာတွေကို မဲနေတယ်”ဟု မင်းဘူးမြို့ခံတစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီ​၏ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိခဲ့ကြောင်း သတင်းရရှိသည်။ အမ်းမြို့သည် ရခိုင်ရိုးမမှတစ်ဆင့် မကွေးတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်းတို့နှင့် ဆက်စပ်နေ၍ အာရက္ခတပ်‌တော်(AA)နှင့် မဟာမိိတ်များ၏ စစ်ကောင်စီတိုက်ခိုက်ရေး စစ်ရေးဖော်ဆောင်မှု ဧရိယာကျယ်ပြန့်လာနိုင်ကြောင်း၊ ဒေသခံများအနေဖြင့် စစ်ရေးသတိပြုနေထားကြရန် လိုအပ်ကြောင်း သတိပေးမှုများရှိနေသည်။

AA တိုက်ခိုက်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး AAသည် စစ်‌ကောင်စီတပ် ထွက်ပေါက်များအားလုံး ပိတ်ထားပြီး အမ်းမြို့မှ မကွေးတိုင်း မင်းဘူးမြို့သို့ထွက်သည့် အမ်း – ပဒါန်းလမ်းပိုင်းကိုလည်း အပြည့်အဝထိန်းချုပ်ထားသည်ဟု သတင်းရရှိသည်။

အမ်း – ပဒါန်းလမ်းပိုင်းအပြင် အမ်းမြို့မှ ထွက်ပေါက်ဖြစ်သော အမ်း-မအီကားလမ်း၊ အမ်း-တပ်တောင်လမ်း၊ အမ်း-စစ်တွေလမ်းပိုင်းတို့တွင်လည်း AAက နယ်မြေစိုးမိုးမှုယူထားပြီး ရခိုင်ပြည်နယ်အတွင်းရှိ အဆိုပါလမ်းပိုင်းသုံးခု၌ တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသအခြေစိုက် သတင်းဌာနအချို့က ရေးသားဖော်ပြထားသည်။

အရေးနိမ့်နေသော စစ်ကောင်စီတပ်သည် ရှုံးမဲမဲကာ အရပ်သားပြည်သူလူထုကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုဆက်တိုက်ကျူးလွန်နေကြောင်း AAက ထုတ်ပြန်ထားသည်။

ထို့အပြင် အမ်းမြို့ လေယာဉ်ကွင်းရပ်ကွက်နှင့် ရပ်ကွက်(၄)ကို ယမန်နေ့အောက်တိုဘာ ၂၉ရက် နေ့လယ်နှင့် ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁၀ဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။