Connect with us

Hi, what are you looking for?

သတင်း

ILO က စစ်​ကောင်စီကိုစတင်အ​ရေးယူ

မြန်မာနိုင်ငံ(စစ်ကောင်စီ)အပေါ် ဆက်လက် အရေး ယူရန် ILO ၏ အခြေခံဥပဒေပုဒ်မ ၃၃ (Article 33) အရ ဆောင်ရွက်သွားမည်ဟု သိရသည်။

(စစ်​ကောင်စီကို ILO၏ ပုဒ်မ ၃၃( article 33) အရ အ​ရေးယူရန် ဆန္ဒပြ​တောင်းဆို​နေကြစဥ်။ ဓါတ်ပုံ-Industri global Union)
(စစ်​ကောင်စီကို ILO၏ ပုဒ်မ ၃၃( article 33) အရ အ​ရေးယူရန် ဆန္ဒပြ​တောင်းဆို​နေကြစဥ်။ ဓါတ်ပုံ-Industri global Union)

ရဲခေါင်/People’s Spring

အဓမ္မစစ်မှုထမ်းခိုင်းခြင်းအပါအဝင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့ (ILO) က အရေးယူမှုစတင်နေပြီဖြစ်ကြောင်း မြန် မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်က လူထုနွေဦးသို့ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးကို ILO ဌာန ချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အောက် တိုဘာလ ၂၈ ရက်နေ့ မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကို အရေးယူရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

“အောက်တိုဘာလ ၂၈ ရက်နေ့ကနေ နိုဝင်ဘာလ ၇ ရက်နေ့အထိ ILO ရဲ့ အုပ်ချုပ်ရေး အစည်းအဝေး ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံကို နည်းပညာအကူ အညီမပေးရဘူး။တခြားကူညီထောက်ပံ့မှု မပေးရဘူးဆိုတာ ဆုံးဖြတ်ချက်ထဲ ပါသွားပြီ။ပြောမယ်ဆို ဒါပထမအဆင့် အရေးယူမှုဖြစ်တယ်”ဟု ဒေါ်ခိုင်ဇာအောင် က ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ(စစ်ကောင်စီ)အပေါ် ဆက်လက် အရေး ယူရန် ILO ၏ အခြေခံဥပဒေပုဒ်မ ၃၃ (Article 33) အရ ဆောင်ရွက်သွားမည်ဟု သိရသည်။

ILO ၏ ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူနိုင်သည့် နည်းလမ်းများတွင် ကုလသမဂ္ဂ အေဂျင်စီများကထောက်ပံ့သည့် နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေးစသည်တို့ကို ရပ်တန့်ပြီး စစ်ကောင်စီကို အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်ခြင်း၊ ကျူးလွန်သူများကို နိုင်ငံတကာတရားရုံးများတွင် ခုံရုံးတင် စစ်ဆေး အရေးယူခြင်းစသည်တို့ ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေး​ရေးသားထားသည်။

စစ်ကောင်စီကို အပြီးသတ်အရေးယူမည့် ILO ၏ လုပ်ငန်းစဥ်သည် လာမည့်နှစ် ဇွန်လတွင် ပြုလုပ်မည့် ညီလာခံဆုံးဖြတ်ချက်မှတဆင့် ဖြစ်ပေါ်လာမည်ဟု လည်း ဒေါ်ခိုင်ဇာအောင်က ဆိုသည်။

လွန်ခဲ့သော ၂၄ နှစ် (နအဖ)ခေတ် ဦးသန်ရွှေလက်ထက်က မြန်မာနိုင်ငံကို ILO က ပုဒ်မ ၃၃ဖြင့် အရေးယူမှုခဲ့ဖူးပြီး စစ်တပ်ကိုအကြမ်းဖက်အဖွဲ့အဖြစ် သတ် မှတ်ကာ စီးပွားရေးအလုံးစုံပိတ်ဆို့မှုများပါ ပြုလုပ်ခဲ့ကြဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။