Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နေရာအများစု သိမ်းပိုက်ထိန်းချုပ်ပြီး စစ်ကောင်စီတပ်အား ပိတ်ဆို့ထားဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော

ရန်သူစစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များအား လေကြောင်းမှ အကြီးအကျယ် တိုက်ခိုက်ဖျက်ဆီးနေသည်ဟု ရဲဘော်ဩဇာက ပြောသည်။

အင်းတော်မြို့နေရာအများစု သိမ်းပိုက်ထိန်းချုပ်ပြီး စစ်ကောင်စီတပ်အား ပိတ်ဆို့ထားဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော
အင်းတော်မြို့နေရာအများစု သိမ်းပိုက်ထိန်းချုပ်ပြီး စစ်ကောင်စီတပ်အား ပိတ်ဆို့ထားဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော

◾️စစ်ကောင်စီက အင်းတော်မြို့ပြည်သူများ၏ အိုးအိမ်စည်းစိမ်အား လေကြောင်းမှ အကြီးအကျယ်ဖျက်ဆီးနေ

ဒီးဒီ/People’s Spring

ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်တစ်ခုဖြစ်သည့် အင်းတော်မြို့နေရာအများစုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်အား ပိတ်ဆို့ထားသည်ဟု အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက People’s Springသို့ ပြောသည်။

“ရာခိုင်နှုန်း တော်တော်များများရှိပါတယ်။ ကျနော်တို့စတည်းက အစောပိုင်းကတည်း တိုက်ခိုက်ထိန်းချုပ်ထားနိုင်တာပေါ့နော်”ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ရဲဘော်ဩဇာက ပြောသည်။

လက်ရှိတွင် ရန်သူစစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များအား လေကြောင်းမှ အကြီးအကျယ် တိုက်ခိုက်ဖျက်ဆီးနေသည်ဟု ရဲဘော်ဩဇာက ပြောသည်။

Public Service Announcement

Public Service Announcement

“နှစ်ဖက်တပ်တွေ ထိတွေ့ရင်ဆိုင်မှုဖြစ်နေတုန်းပါပဲ။ ကျနော်တို့ကတော့ အရင်လကသိမ်းထားတဲ့ နယ်မြေတွေကို ထိန်းချုပ်ပိတ်ဆို့ထားပြီးတော့ ရန်သူကို တိုက်ခိုက်နေတုန်းအနေအထားပါပဲ”ဟု အင်းတော်မြို့လက်ရှိ မြေပြင်စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ၎င်းက ပြောသည်။

အင်းတော်မြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီး၊ ရွှေဘို – မြစ်ကြီးနား လမ်းပေါ်တွင်တည်ရှိပြီး ကချင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် အဓိက ဝင်ပေါက်မြို့ဖြစ်သည်။

အင်းတော်မြို့မြောက်ဘက် မိုင် ၅၀ကျော်အကွာတွင်ရှိသည့် မော်လူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်တွင် သိမ်းပိုက်ထားပြီးဖြစ်သည်။

လက်ရှိတွင် အင်းတော်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်တပ်စွဲရာနေရာဖြစ်သော မြို့တွင်းရှိ ဂျပန်လှိုင်ဂူကုန်းကို တော်လှန်ရေးတပ်များက အပြင်းအထန်ထိုးစစ်ဆင်နေသည်။ စစ်ကောင်စီတပ်ကလည်း အဆိုပါနေရာမှ အပြင်းအထန် ခုခံနေသည်ဟု အင်းတော်မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လလယ်တွင် ​တော်လှန်​ရေးတပ်များက အင်း​တော် ၊ပင်လည်ဘူး နှင့်ထီးချိုင့်မြို့တို့ကို တပြိုင်နက်မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည်။ သို့​သော် အင်းတောမ်မြို့ကိုမူ မသိမ်းနိုင်​​သေးဘဲ တိုက်ပွဲ ​ခေတ္တရပ်နားပြီး​နောက် ယခု နိုဝင်ဘာ ၁ ရက်တွင် အင်းတော်မြို့သိမ်း

တိုက်ပွဲကို PDFများ ဦး​ဆောင်သည့် ​တော်လှန်​ရေးတပ်များက ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပင်လည်ဘူးမြို့ကို​ အောက်တိုဘာ ၈ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

အင်း​တော်မြို့သိမ်းတိုက်ပွဲပြန်စသည့် ရက်တစ်ပတ်အတွင်း စစ်‌ကောင်စီတပ်က သေဆုံးမှုများပြားနေသလို တော်လှန်ရေးတပ်များဘက်တွင်လည်း ထိခိုက်မှုအချို့ရှိ​ကြောင်း စုံစမ်းသိရသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ​၊ စစ်ကိုင်းတိုင်း ပကဖများ ၊ကျောင်းသားတပ် ABSDF အပါအဝင် ​တော်လှန်​​ရေးတပ်ဖွဲ့များ ပူး​ပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။​​

ပထမတစ်ကြိမ်မြို့သိမ်းတိုက်ပွဲကို ဩဂုတ် ၁၆ရက်က စတင်ခဲ့ပြီး အင်းတော်မြို့နှင့် (၄)မိုင်ကွာဝေးသော နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားကျေးရွာအတွင်း ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းယူနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။