Connect with us

Hi, what are you looking for?

သတင်း

လားရှိုး UWSA ဆက်ဆံရေးရုံးအနီး ဗုံးကြဲတိုက်ခိုက်၍ ရုံးအဆောက်အဦးပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ “၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဆက်ဆံရေးရုံးအနီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦးထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အတည်ပြုသည်။

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ “၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဆက်ဆံရေးရုံးအနီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦးထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အတည်ပြုသည်။

https://www.facebook.com/LuduNwayOo/videos/1945530522598920

UWSA ဆက်ဆံရေးရုံးအနီး စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ပျက်စီးခဲ့မှု အခြေအနေပြ ရုပ်သံလူမှုကွန်ရက်၌ ဖော်ပြမှုများတွေ့ရ၍ ဦးညီရန်းအားမေးမြန်းရာ ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကိုက် ၅၀ အကွာလောက်။ပြီးခဲ့တဲ့ လေးငါးရက်လောက်က။ လူထိခိုက်မှုတော့ မရှိ။ ရုံးမှန် တံခါး မျက်နှာကျက်တချို့ပျက်စီး”ဟု ဦးညီရန်းက ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုအပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အားရိုက်ကူးထားသည့် ရုပ်သံတွင် UWSA ဆက်ဆံရေးရုံးဘေးလမ်းမပေါ်နှင့်အနီးရှိ နေအိမ်အဆောက်အဦးများတွင် ဗုံးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့မြင်ရသည်။ ဗုံးဒဏ်ကြောင့် ကားလမ်းမသည် ချိုင့်ခွက်ဖြစ်သွားပြီးနေအိမ်များလည်း ပျက်စီးခဲ့သည်။

UWSA တပ်ဖွဲ့များသည် ဇူလိုင် ၂၇ရက်တွင် လားရှိုးမြို့ရှိ ဆက်ဆံရေးရုံး နှင့်ပိုင်ဆိုင်မှုများကိုကာကွယ်ရန်အတွက်ဟုဆိုကာ လားရှိုးမြို့တွင်းသို့ ဝင်ရောက်ခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။

ရုပ်သံ – Kwai

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။