Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်ကပြန်ရောက်လာပြီးနောက် ဟိုတယ်ခရီးဝန်ထမ်းများအား တရုတ်ဘာသာစကားသင်ခိုင်း

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းနှင့်ဆက်ဆံမှုရှိသည့် ရုရှားနိုင်ငံ၏ ဘာသာစကားကိုလည်း ယမန်နှစ်လယ်ပိုင်းကစ၍ နေပြည်တော်တွင် သင်တန်းပို့ချမှုရှိခဲ့သည်။

(ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ရက်က တရုတ်နိုင်ငံမှ ပြန်‌ရောက်လာသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်။ ဓာတ်ပုံ - စကစ)
(ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ရက်က တရုတ်နိုင်ငံမှ ပြန်‌ရောက်လာသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်။ ဓာတ်ပုံ - စကစ)

ရဲခေါင်/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကပြန်ရောက်လာပြီးနောက် စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဝန်ထမ်းများအား တရုတ်ဘာသာစကားသင်ကြားရန် ညွှန်ကြားထားပြီး အဆိုပါအစီအစဉ် ယနေ့(နိုဝင်ဘာ ၂၀ရက်)တွင် စတင်ကြောင်း အဆိုပါဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအပါအဝင် တရုတ်နိုင်ငံသားများ ပိုမိုဝင်ရောက်လာနိုင်၍ ပြင်ဆင်ခြင်းဟု လူထုနွေဦးသို့ မှတ်ချက်ပြုသည်။

“သင်တန်းက နှစ်လကြာမယ်။ဒီနေ့(နိုဝင်ဘာ ၂၀ ရက်)က စမယ်။နေပြည်တော်တို့ ရန်ကုန်နဲ့ မန္တလေး က ဝန်ထမ်းအယောက် ၄၀ တဖြတ်စသင်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အစိုးရဝန်ထမ်းဟောင်းတစ်ဦးက “အစိုးရဝန်ထမ်းတွေကို တရုတ်စာသင်တန်းပေးတဲ့ ဖြစ်စဥ်က ရှိခဲ့ဖူးတယ်။ဒါကလည်း အခု မအလရဲ့ခရီးစဥ်မှာ ပါသွားတဲ့ ထိပ်တန်းစကစက အရာရှိတွေထဲက ရန်နိုင်ထွန်း လုပ်ခဲ့တာ။သူက အရင် NLD လက်ထက်မှာက ကုန်သွယ်ရေးညွှန်ချုပ်။သူလက်ထက်တုန်းက အစိုးရဝန်ထမ်းတွေ တရုတ်စာသင်ဖို့ လုပ်ခဲ့ဖူးတယ်။အခုကတော့ တရုတ်ကို အားကိုးနေရတဲ့ မအလ ညွှန်ကြားလို့လုပ်ရတာလို့ မြင်တယ်”ဟု လူထုနွေဦးသို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းနှင့်ဆက်ဆံမှုရှိသည့် ရုရှားနိုင်ငံ၏ ဘာသာစကားကိုလည်း ယမန်နှစ်လယ်ပိုင်းကစ၍ နေပြည်တော်တွင် သင်တန်းပို့ချမှုရှိခဲ့သည်။

စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံကို ယခု နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ သွားရောက်ခဲ့ပြီး မြန်မာ နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလာရောက်ရင်းနှီးမြှုပ်နှံရေးအပါအဝင် အကူအညီပေးရန် တောင်းခံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

Facebook