Connect with us

Hi, what are you looking for?

သတင်း

လူထုလှုပ်ရှားမှု ရက်သတ္တပတ် ပြုလုပ်မည်

နိုဝင်ဘာလ ၂၁ ရက်​နေ့မှ ၂၆ ရက်​နေ့ အထိမြန်မာစံ​တော်ချိန် ၇ နာရီမှ ၉ နာရီ အတွင်း ​ဆွေး​နွေးပွဲများကို သတင်းဌာနများတွင်ထုတ်လွှင့်မည်ဟုသိရသည်။

လူထုလှုပ်ရှားမှု ရက်သတ္တပတ် ပြုလုပ်မည်
လူထုလှုပ်ရှားမှု ရက်သတ္တပတ် ပြုလုပ်မည်

သတိုး / People’s Spring

နွေဦးတော်လှန်ရေးအစတွင် ပြုလုပ်ခဲ့သည့် လူထုတိုက်ပွဲလှုပ်ရှားမှုကို အရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ လူထုလှုပ်ရှားမှု ရက်သတ္တပတ် ပြုလုပ်မည်ဟု တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

နိုဝင်ဘာလ ၂၁ ရက်​နေ့မှ ၂၆ ရက်​နေ့ အထိမြန်မာစံ​တော်ချိန် ၇ နာရီမှ ၉ နာရီ အတွင်း ​ဆွေး​နွေးပွဲများကို သတင်းဌာနများတွင်ထုတ်လွှင့်မည်ဟုသိရသည်။

“ယနေ့ကာလတွင် လူထုတိုက်ပွဲလှုပ်ရှားမှုကြီး (Civil Resistance Movement) မလိုအပ်တော့ဟု ယူဆသူများ ရှိကောင်း ရှိမည် ဖြစ်သည်။ ယင်းမှာ မဟုတ်မှန်။ လူထုအာဏာအား မတရား သိမ်းယူထားသည့် အကြမ်းဖက်စစ်အုပ်စုအား ၎င်းတို့ နားလည်သည့် ဘာသာစကားဖြစ်သည့် စစ်ရေးနည်းနာဖြင့် တွန်းလှန်ရမည် ဖြစ်သလို နိုင်ငံ့လူထု လို လားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းနာဖြစ်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းနာဖြင့်လည်း တောင်းဆို တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။ ” ဟု တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ပြည်သူများအကြား လူထုလှုပ်ရှားမှုနှင့်ပတ်သက်၍ နားလည်သည့် ပုံသဏ္ဍာန်များမတူညီမှုများရှိနေပြီး ယင်းမတူညီမှုများကို အသုံးချ၍ စစ်ကောင်စီ အပါအဝင် နွေဦးတော်လှန်ရေး အောင်မြင်မည်ကို စိုးရွံ့နေကြသူများက တန်ပြန်ဝါဒဖြန့်မှုများ ကျင့်သုံးလျက်ရှိသည်ဟု တော်လှန်ရေးအင်အားစုများက​အသိ​ပေးသည်။

လူထုလှုပ်ရှားမှု ရက်သတ္တပတ်အစီအစဉ်တွင်”လူထုလှုပ်ရှားမှု သမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာနှင့် နည်းပညာ”၊ “နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း”၊ “နိုင်ငံတကာ စည်းလုံးညီညွတ်မှု၊ ချိတ်ဆက်လှုပ်ရှားမှုနှင့် ပံ့ပိုးကူညီမှု”၊ “နွေဦးတော်လှန်ရေးနှင့် ဂျန်ဒါတန်းတူရေး”၊ “မြေပြင်လူထု လှုပ်ရှားမှုများနှင့် အုပ်ချုပ်ရေး၊ စစ်ရေးချိတ်ဆက် ဖော်ဆောင်မှု” စသည့်အကြောင်းအရာများကို ကဏ္ဍတစ်ခုချင်းစီအလိုက် Webinar ဆွေးနွေးပွဲများကို ဆောင်ရွက်သွားမည်ဟု တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

“လူထုလှုပ်ရှားမှု သမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာနှင့် နည်းဗျူဟာများ”​ခေါင်းစဥ်ဖြင့် ပထမဆုံး​နေ့ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၁ ရက်ညတွင် ဦးမင်းကိုနိုင် ၊ ဦးကျော်ကိုကို ၊ ​ဒေါ်ဇင်မာ​အောင်တို့က ​ဆွေး​နွေးမည်ဖြစ်ပြီး ဦးစိန်ဝင်း က Moderator အဖြစ်​ဆောင်ရွက်မည်ဟု ​ကြေညာထားသည်။

ယင်းဆွေးနွေးပွဲများအပြင် မြေပြင်လှုပ်ရှားမှုများ ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကိုလည်း လုပ်ဆောင်မည်ဟုဆိုသည်။

“အကြမ်းဖက်စစ်အုပ်စုသည် လက်ရှိတွင် စစ်ရေးအရ ပြိုလဲကျဆုံးနေပြီ ဖြစ်သည်။ ၎င်းတို့ ကွက်ကွက်ကလေး ထိန်းချုပ်ထားနိုင်သည့် နေရာကွက်ကွက်ကလေး၌သာ ကျားကုပ်ကျားခဲ အသက်ဆက်နေကြရသည်။ ယင်းနောက်ဆုံးထွက်သက် အပြီးတိုင် ဇိဝိန်ချုပ်ရေးအတွက် အကြမ်းမဖက် လူထုလှုပ်ရှားမှုကြီးသည် အရေး ပါသည်။ အရေးကြီးသည်။” ဟု တိုက်တွန်းထားသည်။

သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာတေဇာဆန်းကလည်း “တာတိုမှာ အင်အား၊တာလတ်မှာ အဆုံးအဖြတ်၊တာဝေးမှာ စိတ်ဓာတ်။အရေးတော်ပုံ အောင်ရမည်။” ဟု လူထုလှုပ်ရှားမှူ ရက်သတ္တပတ်အကြောင်းမျှဝေ၍ မှတ်ချက်ရေးသားထားသည်။

ဆက်စပ်သတင်းများ

Facebook