Connect with us

Hi, what are you looking for?

သတင်း

ရိက္ခာပြတ်နေသည့်အနန်းကွင်းဗျူဟာကို စစ်ကောင်စီ စစ်ကူဖြည့်ရန် ကြိုးပမ်း

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွင်လည်း အနန်းကွင်းဗျူဟာ ခဲယမ်းရိက္ခာပြတ်တောက်မှု ကြုံနေရပြီး မြေပြင်မှ စစ်ကူမပို့နိုင်ပါက အခြေအနေမကောင်းဟု ရေးသားထားသည်။

(ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်က အနန်းကွင်းဗျူဟာနှင့် မနီးမဝေးရှိ လွှတ်ရှမ်းစစ်ကောင်စီစခန်းသိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် KNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Rain Cloud/FB)
(ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်က အနန်းကွင်းဗျူဟာနှင့် မနီးမဝေးရှိ လွှတ်ရှမ်းစစ်ကောင်စီစခန်းသိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် KNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Rain Cloud/FB)

▪︎တိုက်ပွဲငယ်များ နေ့စဉ်နီးပါးရှိနေ

ထားမြတ်/People’s Spring

ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် မိုင်(၄၀)ကျော်သာကွာဝေးသော စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဖြတ်တောက်ပိတ်ဆို့ထား၍ လက်ရှိတွင် ဗျူဟာစခန်း၌ ရိက္ခာပြတ်တောက်နေပြီး စစ်ကောင်စီကစစ်ကူအင်အားဖြည့်တင်းရန် ကြိုးပမ်းနေကြောင်း ဂါးနီစစ်ကြောင်းမှ စစ်ကြောင်းမှူးကိုဟိန်းက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့ တောင်ဘက်ခြမ်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)အတွင်းဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းပေါ်ရှိ အနန်းကွင်းကျေးရွာမှ စစ်ကောင်စီ၏ ဗျူဟာစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် နွေရာသီကတည်က ဝိုင်းရံပိတ်ဆို့ထားခြင်းဖြစ်သည်။

တိုက်ပွဲငယ်များ မကြာခဏ ဖော်ဆောင်လျက်ရှိသည့် အနန်းကွင်းဗျူဟာစခန်း စစ်ရေးအခြေအနေကို မေးမြန်းရာ အဆိုပါတိုက်ပွဲတွင်ပါဝင်သည့် နဂါးနီစစ်ကြောင်းမှ စစ်ကြောင်းမှူး ကိုဟိန်းက ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လက်ရှိမှာတော့ ပိတ်ဆို့ရင်း နေ့စဉ်တိုက်ပွဲငယ်တော့ ဖြစ်နေပါတယ်။ အနန်းကွင်းဗျူဟာကို စစ်ကူ စစ်ကြောင်းလာတာလည်း ဇီးနှစ်ပင်ရွာ(သံဖြူဇရပ်မြို့နယ်)မှာ အထိအခိုက်များလို့ ပြန်လှည့်သွားပြီး စစ်ကူစစ်ကြောင်းပြန်ထိုးဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်”ဟု စစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွင်လည်း အနန်းကွင်းဗျူဟာ ခဲယမ်းရိက္ခာပြတ်တောက်မှု ကြုံနေရပြီး မြေပြင်မှ စစ်ကူမပို့နိုင်ပါက အခြေအနေမကောင်းဟု ရေးသားထားသည်။

ယင်းနှင့်ပတ်သက်၍ စစ်ကြောင်းမှူး ကိုဟိန်းက “ရိက္ခာပြတ်တောက်နေတာ ဟုတ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ လေကြောင်းကနေ နေ့တိုင်း Y 12နဲ့သူတို့လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လာချပါတယ်”ဟု ပြောသည်။

အနန်းကွင်းဗျူဟာရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခြင်းအပါအဝင် နေ့စဉ်နီးပါး တိုက်ပွဲငယ်များ ရှိနေသည်။ ထို့အပြင် စစ်ကောင်စီကလည်း ဆက်စပ်ဒေသတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ လက်နက်ကြီးပစ်ကူပေးခြင်း၊ လေကြောင်းမှ ခဲယမ်းရိက္ခာချပေးခြင်းများ ရှိသည်ဟု ဆိုသည်။

လက်ရှိ သံဖြူဇရပ် – ဘုရားသုံးဆူ ကားလမ်းမပေါ်ရှိ တောင်စွန်းစခန်းနှင့် လွတ်ရှမ်းစခန်းများကို တော်လှန်းရေးတပ်များက သိမ်းပိုက်ထားပြီးဖြစ်၍ အနန်းကွင်းဗျူဟာသာ ကျန်တော့သည်။

ယခုနှစ် ဩဂုတ်တွင် စစ်ကောင်စီက အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူဖြည့်တင်းရာ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမှု အချို့လည်းရှိခဲ့သည်။

အနန်းကွင်းဗျူဟာစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိပါက ကြာအင်းဆိပ်ကြီး နှင့် ဘုရားသုံးဆူဒေသတွင် စစ်ကောင်စီတပ်များ ကင်းစင်မည်ဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။