Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်တွင် စစ်မှုထမ်းအပတ်စဥ်(၂) တပ်သားတစ်ဦး သေနတ်နှစ်လက်ဖြင့် အလင်းဝင်လာ

တပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီတပ်က ကျော်နီမော်အပါအဝင် အနီးဝန်းကျင်ကျေးရွာများ စစ်ကြောင်းထိုးကာ ပြည်သူများ​၏ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့သည်။

(စစ်ကောင်စီတပ်သား ကိုကျော်သက်ဦး၊ ၎င်းယူဆောင်လာသည့် လက်နက်ခဲယမ်းများနှင့် နွေဦးပြောက်ကျားတပ်ဖွဲ့မှရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - NOGF)
(စစ်ကောင်စီတပ်သား ကိုကျော်သက်ဦး၊ ၎င်းယူဆောင်လာသည့် လက်နက်ခဲယမ်းများနှင့် နွေဦးပြောက်ကျားတပ်ဖွဲ့မှရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - NOGF)

ကျော်ဇော/People’s Spring

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုမှ တပ်သားတစ်ဦး သေနတ်နှစ်လက်၊ ခဲယမ်းများယူလာပြီး အလင်းဝင်ရောက်လာကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့မှ ဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်၊ ကျော်နီမော်ကျေးရွာ တာဝါတိုင်စခန်းကုန်း၌တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ကျော်သက်ဦးသည် နိုဝင်ဘာ ၂ ရက်ကနွေဦးပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်လာခြင်း ဖြစ်သည်။

၎င်းနှင့်အတူ MA-1 အမျိုးအစားသေနတ်နှစ်လက်၊ ကျည်ဘောက်ငါးခု၊ ကျည် ၂၄၆ တောင့်ယူဆောင်လာရာ နွေဦးပြောက်ကျားတပ်ဖွဲ့မှ ကိုကျော်သက်ဦးအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၈၀ ပေးအပ်ခဲ့ကြောင်း တပ်ဖွဲ့ဦးဆောင်ကော်မတီက အသိပေးသည်။

Public Service Announcement

Public Service Announcement

“မိသားစုလိုက် (အလင်း)ဝင်လာတာမျိုးမ ဟုတ်ဘဲ သူအလင်းဝင်လာတာနဲ့ သူ့မိသားစုကိုဆက်သွယ်ပြီး သူနဲ့တွေ့ဆုံပေးတာပါ ခင်ဗျား။ အရေအတွက်ကတော့ သူ့ဇနီးနဲ့ သားနှစ်ယောက်ပါ”ဟု အလင်းဝင်တပ်သား ကိုကျော်သက်ဦးနှင့်ပတ်သက်ပြီး ဦးဆောင်ကော်မတီဝင်တစ်ဦးက ရှင်းပြသည်။

ထို့အပြင် လက်ရှိတွင် ကိုကျော်သက်ဦးနှင့် ၎င်း၏မိသားစုအား ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေးပြီးဖြစ်သည့်အပြင် မိသားစုရပ်တည်ရေး အလုပ်အကိုင်ပါ ရှာဖွေစီစဥ်ပေးပြီးဖြစ်ကြောင်း အဆိုပါဦးဆောင်ကော် မတီဝင်က ဆက်ပြောသည်။

ကျော်နီမော်စစ်တပ်စခန်းမှ ထွက်ပြေးလွတ် မြောက်လာသည့် ကိုကျော်သက်ဦးသည် ထားဝယ်အခြေစိုက် ခလရ(၂၆၇)၏ အတင်း အဓမ္မတပ်သားသစ်စုစောင်းခြင်းကိုခံခဲ့ရပြီး စစ်မှုထမ်းအပတ်စဥ်(၂)အား ပုလောမြို့နယ်အခြေစိုက် တပ်ရင်းတစ်ခု၌ သင်တန်းတက်ခဲ့ခြင်းဟု ဆိုသည်။

တပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီတပ်က ကျော်နီမော်အပါအဝင် အနီးဝန်းကျင်ကျေးရွာများ စစ်ကြောင်းထိုးကာ ပြည်သူများ​၏ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသအနှံ့အပြားတွင် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ဝင်များ ထွက်ပြေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံခြင်းများလုပ်ဆောင်လျှက်ရှိရာ ပြီးခဲ့သည့်တစ်ပတ်အတွင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၂)ထံ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။