Connect with us

Hi, what are you looking for?

သတင်း

မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းလမ်းပိုင်းအား မန္တလေး PDFက စစ်ရေးအရ ယာယီပိတ်

မန္တလေး PDFသည် ဇူလိုင် ၁၇ ရက်က စဉ့်ကူးမြို့နှင့် သပိတ်ကျင်းမြို့အပါအဝင် မြို့နယ်အတွင်းရှိ စခန်းများအားသိမ်းပိုက်ခဲ့ပြီး မတ္တရာမြို့နယ်အတွင်းရှိ တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ထားသည်။

(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF)
(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF)

ဇေအောင်၊အိမ်သွင်/People’s Spring

မန္တလေးတိုင်းရှိ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့လမ်းပိုင်းအား စစ်ရေးအခြေအနေများကြောင့် သွားလာမှုများ ယာယီကန့်သတ်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၆ ရက်ကစ၍ မန္တလေး PDF၏ စိုးမိုးထိန်းချုပ်စိုးမိုးရာ ဒေသဖြစ်သော မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့လမ်းပိုင်းအား လက်တလောစစ်ရေးအခြေအနေများကြောင့် ယာယီ သွားလာမှုများအား စတင်ကန့်သတ်သွားမည်ဟု မန္တလေး PDFက ယနေ့(နိုဝင်ဘာ ၂၅ရက်)တွင် ထုတ်ပြန်သည်။

ထို့အပြင် မန္တလေး PDF၏ ထိန်းချုပ်စိုးမိုးဒေသများတွင် စစ်တပ်၏ ထုတ်ကုန်ပစ္စည်းများကို တင်သွင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် အသုံးပြုခြင်းများကို တင်းတင်းကြပ်ကြပ် ပိတ်ပင်သွားမည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်မှုများ စိစစ်တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်​ဟုလည်း ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

” အခြေအ‌နေက စစ်ရေးတင်းမာလာပါတယ်။စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ပြီး ပစ်ကူယူပြီး ပြန်ပြီး ထိုးစစ်ဆင်မယ့်အနေအထား ရှိနေပါတယ်။ ဒေသခံတွေအတွက် စစ်ရေးသတိရှိရမဲ့အခြေအနေဖြစ်ပါတယ်”ဟု စဉ့်ကူးမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မန္တလေး PDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

လက်တလော မတ္တရာ-စဥ့်ကူး-သပိတ်ကျင်းလမ်းတလျှောက်တွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအနီးရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတို့က ကာလအတန်ကြာ ပိတ်ဆို့ထားပြီး နိုဝင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

မန္တလေး PDFသည် ဇူလိုင် ၁၇ ရက်က စဉ့်ကူးမြို့နှင့် သပိတ်ကျင်းမြို့အပါအဝင် မြို့နယ်အတွင်းရှိ စခန်းများအားသိမ်းပိုက်ခဲ့ပြီး မတ္တရာမြို့နယ်အတွင်းရှိ တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ထားသည်။

မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်း ၄၀ကျော်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ လက်ရှိတွင် မတ္တရာရာမြို့အနောက်ခြမ်း၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။