Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဝမ်းရောဂါ ကာကွယ်ဖို့ ကာကွယ်ဆေးလိုက်တိုက်နေ

ဝမ်းရောဂါဖြစ်ပွားမှု ကာလရှည်လာချိန်မှာ ကျန်းမာရေးအဖွဲ့တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေ ပေါင်းပြီး ရပ်ကွက်အလိုက် ကာကွယ် ဆေး တိုက်ကျွေးတာတွေကိုလုပ်ဆောင်လာပါတယ်။

မန္တလေးမှာ ဝမ်းရောဂါ ကာကွယ်ဖို့ ကာကွယ်ဆေးလိုက်တိုက်နေ
မန္တလေးမှာ ဝမ်းရောဂါ ကာကွယ်ဖို့ ကာကွယ်ဆေးလိုက်တိုက်နေ

ဆိုင်းမင်း/People’s Spring

မြန်မာနိုင်ငံရဲ့ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ မန္တလေးတိုင်း မှာ ဝမ်းရောဂါ ကူးစက်မှု ဖြစ်ပွားနေတာက တစ်လကျော်လာပြီဖြစ်ပြီး ရပ်ကွက်အလိုက် ကာကွယ်ဆေး လိုက်တိုက်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မန္တလေးမြို့မှာ အောက်တိုဘာ လဆန်းပိုင်းကစတင်ပြီး ဝမ်းပျက် ၊ ဝမ်းလျော ရောဂါ ခပ်စိပ်စိပ် ဖြစ်ပွားလာတာဖြစ်ပြီး လက်ရှိ နိုဝင်ဘာလကုန်ထိ ဆက်ဖြစ်နေဆဲလို့သိရပါတယ်။

“တစ်လကျော်ပြီ ဖြစ်ပွားတာကျမသွားသေးဘူး၊ ဆက်တိုက်ဆိုသလို ဆေးရုံကိုပို့နေရတုန်းပဲ”လို့ ပုသိမ်ကြီးမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းက ပရဟိတသမားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးဆေးရုံကြီးကို ဝမ်းပျက် ၊ဝမ်းလျှောဖြစ်လို့ လာရောက်ပြသတဲ့လူနာတွေလည်း ဆက်ရှိနေပြီး ကုသဆောင်တွေမှာ လူနာအပြည့်ပဲဖြစ်နေတယ်လို့ ဆေးရုံသွားရောက် ပြသခဲ့သူအချို့ဆီကလည်းသိရပါတယ်။

နိုဝင်ဘာလ ၁၂ရက်ကနေ နိုဝင်ဘာလ ၂၆ရက်အထိ နှစ်ပတ်တာအတွင်း ဝမ်းပျက်၊ ဝမ်းလျောဖြစ်ပွားလို့ ဆေးရုံပို့ဆောင်ပေးရသူ ၁၅ဦးထိရှိခဲ့တယ်လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်း သုံးဖွဲ့ရဲ့ လူမှုကွန်ရက် မှာ ဖော်ပြချက် မှတ်တမ်းအရသိရပါတယ်။

မြန်မာနိုင်ငံလူမှုကူညီရေးကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီး-ပုသိမ်ကြီးမြို့နယ်)ရဲ့ ဖော်ပြချက်အရ ပုသိမ်ကြီးမြို့နယ်ထဲမှာ ၁၅ရက် အတွင်း ဝမ်းရောဂါ လူနာ ၄ဦး၊ ချမ်းမြသုခအသင်းမှ ၇ဦး၊ ဓာတ်ပေါင်းစု လူမှုကူညီရေးအသင်းမှ ၄ဦးတို့ကို ဆေးရုံပို့ပေးခဲ့ရတာပါ။

အဲဒီအသင်းတွေရဲ့ အောက်တိုဘာလလဆန်းပိုင်းက နိုဝင်ဘာလ ပထမ ပတ်အတွင်းဖော်ပြခဲ့တဲ့ ဆေးရုံ ပို့ပေးရတဲ့ ဝမ်းရောဂါဝေဒနာသည် ၃၀ ကျော်ရှိပြီး သေဆုံးသူ ၇ ဦးထိရှိခဲ့ပါတယ်။

ဝမ်းရောဂါဖြစ်ပွားမှု ကာလရှည်လာချိန်မှာ ကျန်းမာရေးအဖွဲ့တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေ ပေါင်းပြီး ရပ်ကွက်အလိုက် ကာကွယ် ဆေး တိုက်ကျွေးတာတွေကိုလုပ်ဆောင်လာပါတယ်။

မဟာအောင်မြေမြို့နယ်အတွင်းက ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်အတွင်းက မြရည်နန္ဒာရပ်ကွက်၊ တမ္ပဝတီ၊ ကျွန်းလုံးဥသျှောင်၊ အောင်မြေသာစံမြို့နယ်အတွင်းက ညောင်ကွဲ၊ ပြည်လုံးချမ်းသာနဲ့ အဖြစ်များတဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက ကုန်းတန်းကျေးရွာတွေမှာ ကာကွယ်ဆေးတိုက်ကျွေးတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook