Connect with us

Hi, what are you looking for?

သတင်း

မတ္တရာ၊ သပိတ်ကျင်းနှင့် နောင်ချိုတွင် တိုက်ပွဲဆက်ဖြစ်

စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူများပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိသည်ဟု မန္တလေး PDFက ဆိုသည်။

(စဉ့်ကူးမြို့အတွင်းတွေ့ရသော မန္တလေး PDFမှ ရဲဘော်များ။ ဓာတ်ပုံ - မန္တလေး PDF)
(စဉ့်ကူးမြို့အတွင်းတွေ့ရသော မန္တလေး PDFမှ ရဲဘော်များ။ ဓာတ်ပုံ - မန္တလေး PDF)

◾️စစ်တပ်က ဆုံးရှုံးခဲ့သော တပ်စခန်းများနှင့် နယ်မြေများ ပြန်ရရန်ကြိုးပမ်းနေသော်လည်း အပြည့်အဝထိန်းချုပ်ထားဟု မန္တလေး PDF အသိပေး

◾️မတ္တရာတွင် စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်၍ ကိုရင်တစ်ပါးအပါအဝင် ပြည်သူ ၃ဦးသေဆုံး

ဇေအောင်/People’s Spring

မတ္တရာ၊ သပိတ်ကျင်းနှင့် နောင်ချိုမြို့နယ်တို့၌ တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီက အဆိုပါနယ်မြေများရှိ ဆုံးရှုံးခဲ့သော တပ်စခန်းများနှင့် နယ်မြေများ ပြန်ရရန်ကြိုးစားနေသော်လည်း အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(နိုဝင်ဘာ ၂၇ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ၂၇ရက်) နံနက် ၉နာရီ၁၅မိနစ်ခန့်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ် လက္ကောင်းကြီးကျေးရွာအုပ်စု ၊ လက္ကောင်းကြီးရွာသစ်ရှိ ဓမ္မာရုံအား စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့၍ ကိုရင် တစ်ပါးနှင့် အမျိုးသမီးငယ် နှစ်ဦး သေဆုံးခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်သည်။

စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူများပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိသည်ဟု မန္တလေး PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၇ ရက်က မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ဆောက်ခြုံပေါက်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးပြီး သေနတ် ၉လက်နှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၂၂ ရက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားပြီးနောက် မတ္တရာမြို့နယ်အနောက်ခြမ်းရှိ PDF စခန်းငယ်များ ယာယီဆုတ်ခွာပေးထားကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံက ပြောသည်။

” သူတို့အကုန်(နယ်မြေ)ယူသွားတာတော့ ဟုတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ခေတ္တခဏရှောင်ပေးထားတာဗျ။ ကျွန်တော်တို့ဘက်က ထိခိုက်ဆုံးရှုံးမှုမရှိဘူးဗျ။ လေကြောင်းလုပ်လို့ ပြည်သူသေဆုံးမှုပဲရှိတယ်။”ဟု ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောသည်။

မတ္တရာဒေသခံတစ်ဦးကလည်း “မတ္တရာအနောက်ခြမ်းမှာတော့ စကစကအကုန်နေရာယူထားတယ်။ ဒီနေ့အထိ ရွာတွေကနေ ပစ္စည်းတွေခိုးသယ်နေတယ်။”ဟု ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မသီးကျေးရွာတွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း နောင်ချိုမြို့မှ PDF ရဲဘော်တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၆ရက်ကစပြိး ပြင်ဦးလွင်မြို့ ဝက်ဝံကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီး၊ဒရုန်းများဖြင့် ပစ်ခတ်နေသည်ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။

“တောင်းခမ်းဘက်ရော ထုနေတာ။ ဒီဘက်မှာတော့ အုမ္မသီးနဲ့ ဆမ္မဆယ်ရွာဘက်ကို လှမ်းထုနေတာ။ အခုကို အသံကြားလား”ဟု နောင်ချိုမြို့မှ PDF ရဲဘော်တစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားသည်ဟု မန္တလေး PDFက ထုတ်ပြန်ထားသော်လည်း တိုက်ပွဲနှင့်ပတ်သက်သည့် အချက်အလက်များ ဖော်ပြထားခြင်း မရှိပေ။ ထို့ကြောင့် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာအနီးရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့က ကာလအတန်ကြာ ပိတ်ဆို့ထားပြီး နိုဝင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

နိုဝင်ဘာ ၂၆ ရက်မှစ၍ မန္တလေး PDF၏ စိုးမိုးထိန်းချုပ်စိုးမိုးရာ ဒေသဖြစ်သော မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း လမ်းပိုင်းအား လက်တလောစစ်ရေးအခြေအနေများကြောင့် ယာယီ သွားလာမှုများအား စတင်ကန့်သတ်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က နိုဝင်ဘာ ၂၅ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ဇူလိုင် ၁၇ရက်က စဉ့်ကူးမြို့အပါအဝင် စဉ့်ကူးမြို့နယ်အတွင်းရှိ စခန်းများအားသိမ်းပိုက်ခဲ့ပြီး မတ္တရာမြို့နယ်အတွင်းရှိ တပ်စခန်း ၃၆ခုနှင့် သပိတ်ကျင်းရှိ စခန်းများကိုလည်း သိမ်းပိုက်ထားသည်။

၁၀၂၇ အပိုင်း(၂)စစ်ဆင်ရေးနှင့် ရှမ်းမန်းစစ်ဆင်ရေးအတွင်း မန္တလေး PDFသည် TNLAနှင့် ပူးပေါင်းတိုက်ပွဲဖော်ဆောင်မှုများရှိသလို အထက်ပါမြို့များအတွင်း စခန်းသိမ်းတိုက်ပွဲနှင့် မြို့သိမ်းတိုက်ပွဲများတွင် မန္တလေး PDFက ပါဝင်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook