Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ခရီးမှာကြွေလွင့်ခဲ့တဲ့ ရဝမ်သူရဲကောင်း

ဦးချန်းဂျော်ရမ်သည် ပြုပြင်ပြောင်းလဲရေး အတွေးအခေါ် ရှိပြီးရပ်တည်ချက်ခိုင်မာပြတ်သားသူဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

(ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဦးဆောင်ကော်မတီ၀င်တစ်ဦးဖြစ်သူ ဦးချန်းဆင်ဇီ(ခ)ချန်းဂျော်ရမ်။ ဓါတ်ပုံ-File Photo)
(ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဦးဆောင်ကော်မတီ၀င်တစ်ဦးဖြစ်သူ ဦးချန်းဆင်ဇီ(ခ)ချန်းဂျော်ရမ်။ ဓါတ်ပုံ-File Photo)

အိမ်သွင်/People’s Spring

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF) တာဝန်ရှိသူတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရသော ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးဦးချန်းဂျော်ရမ်သည် ကချင်ပြည်နယ်စစ်ဆင်ရေးတ‌နေရာတွင် ကျန်းမာရေးဆိုးရွားပြီး ကွယ်လွန်သွားခဲ့သည်။

“ဖီမော်မှာ ကွယ်လွန်တာ။ ဖျားပြီး ကျန်းမာရေး ဆိုးရွားသွားတာ။ အင်မတန်ကိုဝမ်းနည်းရပါတယ်” ဟု ဦးချန်းဂျော်ရမ်၏ မိတ်ဆွေတစ်ဦးကပြောသည်။

(ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဦးဆောင်ကော်မတီ၀င်တစ်ဦးဖြစ်သူ ဦးချန်းဆင်ဇီ(ခ)ချန်းဂျော်ရမ်။ ဓါတ်ပုံ-File Photo)
(ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဦးဆောင်ကော်မတီ၀င်တစ်ဦးဖြစ်သူ ဦးချန်းဆင်ဇီ(ခ)ချန်းဂျော်ရမ်။ ဓါတ်ပုံ-File Photo)

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဦးဆောင်ကော်မတီ၀င်တစ်ဦးဖြစ်သူ ဦးချန်းဆင်ဇီ(ခ)ချန်းဂျော်ရမ် (ရ၀မ်တိုင်းရင်းသားရေးရာ၀န်ကြီး)သည် ၂၀၂၄ခုနှစ် နို၀င်ဘာလ၂၇ရက်ည ၁၀း၀၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် တိုင်းပြည်တာ၀န်ထမ်းဆောင် ရင်း ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် ကျန်ရစ်သူမိသားစု နှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြောင်း မိဘပြည်သူများထံ အသိပေးကြေငြာအပ်ပါသည်ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အသက် ၅၀အရွယ်ခန့် ဦးချန်းဂျော်ရမ်သည် စစ်အာဏာရှင်တော်လှန်ရေးကို စိတ်ခွန်အားထက်သန်စွာလုပ်ခဲ့သူဖြစ်သည်။စစ်အာဏာရှင်ကိုဖြုတ်ချပြီး အုပ်ချုပ်ရေးအာဏာအား ပြည်သူများထံအပ်နှံသွားမည်ဟုပြောကြားထားသည်။

ဦးချန်းဂျော်ရမ်သည် ပြုပြင်ပြောင်းလဲရေး အတွေးအခေါ် ရှိပြီးရပ်တည်ချက်ခိုင်မာပြတ်သားသူဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ ကချင်ပြည်နယ်ရှိ မြို့သိမ်းတိုက်ပွဲများတွင် အတူတကွပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်

သတင်း

တောဆင်ရိုင်းတွေ ကျက်စား​လေ့ရှိတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ရွာမှာ အိမ်ဆင်လေးတစ်ကောင်ဟာ တောဆင်လိုက်လို့ နီးရာအိမ်လေးတစ်လုံးထဲ ဝင်ပုန်းနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လှုမှုကွန်ရက် Tiktok မှာ ထွက်ပေါ်လာခဲ့ပါတယ်။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ