Connect with us

Hi, what are you looking for?

သတင်း

မန္တလေး – ပြင်ဦးလွင် လမ်းပိုင်း ယာဉ်အသွားအလာ ကန့်သတ်

ဒီဇင်ဘာ ၃ရက်မှာ ပြုလုပ်မယ့် စစ်တက္ကသိုလ် (DSA)ကျောင်းဆင်းပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဓာတ်ပုံ - Google Map
ဓာတ်ပုံ - Google Map

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ဆီ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းလာရောက်ဖို့ရှိတာကြောင့် မန္တလေး – ပြင်ဦးလွင် လမ်းပိုင်းကို ယာဉ်အမျိုးအစားပေါ်မူတည်ပြီး သွားလာခွင့်ကန့်သတ်ပိတ်ပင်ထားတယ်လို့ ယာဉ်မောင်းအချို့ဆီကသိရပါတယ်။

မန္တလေး – ပြင်ဦးလွင် လမ်းပိုင်း ၊ ထုံးဘို – ပြင်ဦးလွင် လမ်းပိုင်း နဲ့ ပြင်ဦးလွင်မြို့တွင်းမှာ အုတ်သဲကျောက် သယ်တဲ့ ထရပ်ကားတွေ ၊ ဘေးတွဲဆိုင်ကယ်တွေ ဖြတ်သန်းသွားလာခွင့် ကို နိုဝင်ဘာလ ၂၈ ရက်ကနေ ၃၀ ရက်အထိ ကန့်သတ်ထားတာပါ။

” တွေ့ရင် ကားသိမ်းမယ် ၊လူကိုထောင်ချမယ်လို့ပြောတယ်၊ ကားကြီးတွေမမောင်းရဘူးဆိုတဲ့သဘောပဲ “လို့ ကျောက်ကားမောင်းနှင်တဲ့ အသက်၄၀အရွယ် ယာဉ်မောင်းအမျိုးသားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ကန့်သတ်ချက်က တိကျတဲ့အကြောင်းပြချက်မျိုးမရှိဘဲ လူကြီးလမ်းကြောင်းရှိတယ်ဆိုပြီး တားမြစ်တာဖြစ်တယ်လို့ အဲဒီယာဉ်မောင်းက သူသိရတဲ့အခြေအနေကို ပြောပြပါတယ်။

မန္တလေးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ​ကျောက်တွေကို မန္တလေး -ပြင်ဦးလွင်လမ်းဘေးရှိ ထုံးဘိုကျောက်ထုတ်လုပ်စခန်းကနေ အဓိက ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့အထွက် ဘီးခွန်ကောက်ခံရေးဂိတ်ကနေစပြီး မန္တလေး-ပြင်ဦးလွင်လမ်းတစ်လျှောက်မှာလည်း ရဲ၊ စစ်တပ် အင်အားအများအပြားချထားသလို ပြင်ဦးလွင်အတက်လမ်းဘက်ခြမ်းကိုလည်း လမ်းအသုံးပြုခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

” အတက်လမ်းဘက်ကို ရှောင်ကွင်းမောင်းခိုင်းတာ၊ မနက်ကတည်းက ခြေရှုပ်နေတာ”လို့ မန္တလေးမြို့အထွက် မန္တလေး – ပြင်ဦးလွင် လမ်းပိုင်းပေါ်က လက်ကောင်းကျေးရွာမှာ နေထိုင်သူတစ်ဦးပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ စစ်တက္ကသိုလ် (DSA)ကျောင်းဆင်းပွဲရှိတဲ့အတွက် မန္တ‌လေး-ပြင်ဦးလွင်လမ်းပိုင်းအသုံးပြုခွင့်ကန့်သတ်တာဖြစ်တယ်လို့ စစ်ကောင်စီတပ်ရဲ့ မြေပြင်လှုပ်ရှားမှုသတင်းတွေကိုစောင့်ကြည့်အသိပေးနေတဲ့ MDY Revolutionမှာ ဖော်ပြထားပါတယ်။

လာမယ့် ဒီဇင်ဘာ ၃ရက်မှာ ပြုလုပ်မယ့် စစ်တက္ကသိုလ် (DSA)ကျောင်းဆင်းပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

DSA ကျောင်းဆင်းပွဲ ကို နှစ်စဉ် ဒီဇင်ဘာလမှာ ပြုလုပ်တာဖြစ်ပြီး စစ်တပ် ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ပြီး ကျောင်းဆင်းပေးတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။