Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းရှိ စစ်ကောင်စီနှင့် ရှမ်းနီSNAတပ်စခန်းတစ်ခုကို KIA/PDFပူးပေါင်းတပ် သိမ်းပိုက်

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိခဲ့ပြီး စစ်ကောင်စီတပ်နှင့် SNAတပ်ဖွဲ့ဝင် ၁၀ဦးကျော် ဖမ်းမိထားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

(ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KPDF)
(ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KPDF)

ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်SNA စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်က ယနေ့(နိုဝင်ဘာ ၃၀ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပါဟုတ်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်နှင့် SNAပူးပေါင်းတပ်စခန်း တောင်ယာမော်ကို နိုဝင်ဘာ ၂၂ရက်ကစတင် တိုက်ခိုက်ခဲ့ရာ တစ်ပတ်ကျော်အကြာ ယနေ့တွင် သိမ်းနိုင်ခဲ့ခြင်းဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိခဲ့ပြီး စစ်ကောင်စီတပ်နှင့် SNAတပ်ဖွဲ့ဝင် ၁၀ဦးကျော် ဖမ်းမိထားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံနှင့် နယ်နမိတ်ထိစပ်သော ဟုမ္မလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝန်းရံပိတ်ဆို့ထားသည်။

ဟုမ္မလင်းမြို့နယ်ရှိ စစ်‌ကောင်စီနှင့် ရှမ်းနီတပ် (SNA) တပ်စွဲထားသော စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားပြီး စစ်ကောင်စီသည် မြို့ပေါ်စခန်းများ၌သာ တပ်စွဲထားသည်ဟု စစ်ကိုင်းတိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဟုမ္မလင်းမြို့ကို မြို့သိမ်းတိုက်ပွဲခေါင်းစဉ်ဖြင့် စစ်ရေးဖော်ဆောင်နေခြင်းမဟုတ်သေးသော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်မဟာမိတ်များသည် လပေါင်းများစွာအကြာ ဗျူဟာမြောက်တိုက်ခိုက်နေခြင်းဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KIA နှင့်PDF ပူးပေါင်းတပ်သည် ပြီးခဲ့သည့် အောက်တိုဘာလကုန်ရက်က ဟုမ္မလင်းမြို့ တဘက်ကမ်း ဆယ်ဇင်းကျေးရွာမှ စစ်‌ကောင်စီနှင့် ရှမ်းနီတပ်ပူးပေါင်းစခန်းတစ်ခုကို သိမ်းယူခဲ့သည်။

SNAစခန်းများမှာ မိုးညှင်းမြို့နယ်တွင်ကျန်ရှိနေသေးကြောင်း၊ ဟုမ္မလင်းတွင် စစ်ရေးပြင်းထန်နိုင်သည့် အနေအထားဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။