Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်နှင့် ပတ်သက်ဆက်စပ်သူအားလုံး ပျက်စီးဆုံးရှုံးမှုများကိုသာ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရမည်ဟု NUG နှင့် K2C ပူးတွဲကြေညာ

(အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် နှင့်NUG ၊K2C တို့၏ပူးတွဲ​ကြေညာချက်။ ဓါတ်ပုံ-AP)
(အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် နှင့်NUG ၊K2C တို့၏ပူးတွဲ​ကြေညာချက်။ ဓါတ်ပုံ-AP)

▪︎ဖမ်းဝရမ်းထုတ်ခံရမည့် တရားခံအား နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အစွမ်းကုန်အရှိန်မြှင့်ကြိုးပမ်းမည်ဟု ကတိပြု

အီယိုရီ/People’s Spring

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ပတ်သက်ဆက်စပ်သူအားလုံး ပျက်စီးဆုံးရှုံးမှုများကိုသာ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရမည်ဖြစ်ပြီး စစ်တပ်အတွင်းရှိ တပ်မတော်သားများအားလုံး လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြရန် NUG နှင့် K2C(KNU၊ KNPP၊ CNF)တို့က နိုဝင်ဘာ ၃၀ရက်တွင် ပူးတွဲထုတ်ပြန်သည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်အား နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ရန် ICC တရားလိုရှေ့နေ၏ လျှောက်ထားမှုနှင့်ပတ်သက်၍အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့က ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ICC ရှေ့နေချုပ်၏ ဆောင်ရွက်ချက်ကို ကြိုဆိုကြောင်းနှင့် ယင်းမှာ မြန်မာ့တပ်မတော်အပါအဝင် မြန်မာနိုင်ငံ၏ လုံခြုံရေးစနစ်၊ တရားရေးစနစ်၊ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရန် အရေးပေါ်လိုအပ်လျက်ရှိကြောင်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်မည်ဟု ဖော်ပြသည်။ ထို့အပြင် မြန်မာ့တပ်မတော်သမိုင်းတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုတရားခံအဖြစ် နိုင်ငံတကာတရားရုံးတစ်ခု၏ ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားခြင်း ခံရခြင်းလည်းဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်အတွင်းရှိ တပ်မတော်သားအားလုံးအနေဖြင့် တပ်မတော်အား လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအတွက် တာဝန်ရှိသူ မင်းအောင်လှိုင်၏လက်ထဲမှ ပြန်လည်ကယ်တင်ရန်၊ ပြည်သူလူထုကလိုလားသော၊ နိုင်ငံရေးနှင့် ပတ်သက်မှုမရှိသော၊ ပြည်သူလူထုကိုအကာအကွယ်ပေးသော အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒရယ် ဒီမိုကရေစီ အခြေခံမူများနှင့်အညီ လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြရန် ဖိတ်ခေါ်အပ်ပါသည်” ဟု ပူးတွဲကြေညာချက်က ဆိုသည်။

ထိုအပြင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုတရားခံအဖြစ် ဝရမ်းထုတ်ခံရမည့် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးစီးကျင်းပမည့် ရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မျှ တရားဝင်ခြင်းမရှိဘဲ သမိုင်းအမှောင်လမ်းထဲသို့ တိုး၍ မိုက်တွင်းနက်ခြင်းသာဖြစ်ပြီး စစ်တပ်အတွက် သာမက တိုင်းပြည်အတွက်ပါ နိုင်ငံရေးထွက်ပေါက် လုံးဝ ဖြစ်လာမည် မဟုတ်ကြောင်း အသိပေးသည်။

အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝန်းသည်လည်း အကြမ်းဖက်စစ်ခေါင်းဆောင် ဦးဆောင်လျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စုနှင့် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နေသော ဆက်ဆံရေးများကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ပွားခြင်းကို အားပေးသည့် အခြေအနေ မဖြစ်ပေါ်စေရေးအတွက် သတိမူကြရန် လိုအပ်လာကြောင်း NUG နှင့် K2C တို့က သတိပေးသည်။

အထက်ပါတော်လှန်ရေးအဖွဲ့များအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံရမည့် တရားခံအား နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ အလားတူ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ ICC၊ ICJ စသည့် နိုင်ငံတကာတရားစီရင်ရေးယန္တရားများမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန်အရှိန်မြှင့် ကြိုးပမ်းအားထုတ်သွားမည်ဟု ကတိပြုသည်။

ထို့အပြင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် နစ်နာခဲ့၊ နစ်နာနေရသည့် တိုင်းရင်းသားပြည်သူများနှင့် အနာဂတ်ပြည်ထောင်စုတွင် စစ်တပ်၏ အဖန်တလဲလဲ အာဏာသိမ်းယူမှုများ မဖြစ်ပေါ်ရေးကိုရည်ရွယ်သည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင်ရေးမှာ ၎င်းတို့ မမှိတ်မသုန်ထားရှိသော ကတိကဝတ်ဖြစ်ကြောင်းလည်း NUG နှင့် K2C တို့က ပူးတွဲကြေညာသည်။

ICC တရားလိုရှေ့နေ မစ္စတာကာရင်အေအေခမ်းက နိုဝင်ဘာ ၂၇ရက်တွင် မင်းအောင်လှိုင်ကို ICC မှ ဖမ်းဝရမ်းထုတ်ပေးရန် ရုံးတော်သို့ လျှောက်ထားခဲ့သည်။ ထိုသို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် ICC တရားလိုရှေ့နေက လျှောက်ထားခြင်းမှာ ၎င်း၏ရုံးမှ ပထမဆုံးအကြိမ်ဖြစ်ပြီး ထပ်မံလျှောက်ထားမှုများ လာဦးမည်ဖြစ်ကြောင်း ICC တရားလိုရှေ့နေ ခမ်းက အသိပေးသည်။

လွတ်လပ်ကျယ်ပြန့်ပြီး သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက် စစ်ခေါင်းဆောင်၊ စစ်ကောင်စီ၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစိတ်တပိုင်းအားဖြင့် ကျူးလွန်ခဲ့သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်သည့် ရိုဟင်ဂျာများအား အဓမ္မမောင်းထုတ်ခြင်းနှင့် ခွဲခြားဖိနှိပ်ခြင်းတို့ ရာဇဝတ်မှုများအတွက် တာဝန်ရှိကြောင်း ယူဆရန် ခိုင်လုံသောအကြောင်းအရင်းများရှိသည်ဟု ICC တရားလိုရှေ့နေရုံးက ကောက်ချက်ချသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေသည်ဟု ထုတ်ပြန်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မဟာမိတ်အင်အားစုများနှင့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်အချို့ ရယူနိုင်ခဲ့ပြီး ယုံကြည်မှုတည်ဆောက်ရေးပိုင်းတွင်လည်း တိုးတက်မှုများစွာရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး ဆောက်ရွက်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့(MONREC)က ထုတ်ပြန်သည်။

သတင်း

People’s Spring “မင်း​အောင်လှိုင်က သိပ်မကြာခင်မှာ ကျပါလိမ့်မယ်။ တရုတ်ကြီးက အသက်ကယ်​ဆေး ဘယ်နှစ်​ချောင်းပဲ ထိုးထိုးပါ။ သိပ်မကြာပါဘူး သူ ဘယ်​လောက်ခံနိုင်မလဲ​ပေါ့​လေ။ ၆ လခံ ထိုးထားလား၊ ၁ နှစ်ခံ ထိုးထားလားတော့ကျွန်​တော်မ​ပြောတက်ဘူး ။​သေချာတာတစ်ခုက​တော့ ၂၀၂၅ က ကျွန်​တော်ထင်တယ် သူကုန်ဆုံးမယ့် Date...