Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်မြို့ လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ သုံးဦးရှိလာ

ဒဏ်ရာရသူများအနက် အသက် (၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဒီဇင်ဘာ ၂ ရက်နံနက်က ထပ်မံသေဆုံးသွားခြင်းဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

(ဒီဇင်ဘာ ၁ရက်က တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်၍ ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - APM)
(ဒီဇင်ဘာ ၁ရက်က တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို လေကြောင်းတိုက်ခိုက်၍ ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - APM)

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအနက် ကလေးငယ်တစ်ဦး ထပ်မံသေဆုံး၍ စုစုပေါင်းသေဆုံးသူ သုံးဦးရှိလာသည်။

တောင်ကုတ်မြို့နှင့် (၆)မိုင်ခန့်အကွာရှိ ခရိုင် ကျေးရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၁ရက်ည ၉နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်နှစ်ဦးသေဆုံးပြီး ၁၉ဦး ဒဏ်ရာရသွားခဲ့သည့်အနက်မှ တစ်ဦးထပ်မံသေဆုံးခြင်းဖြစ်သည်။

ဒဏ်ရာရသူများအနက် အသက် (၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဒီဇင်ဘာ ၂ ရက်နံနက်က ထပ်မံသေဆုံးသွားခြင်းဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ကလေးနဲ့ သူ့မိသားစုကမြို့ပေါ်ကနေ လာရှောင် နေကြတာဗျ။ ဒဏ်ရာကဝမ်းဗိုက်မှာရတာ။ ပြင်းထန်တော့ ကုဖို့ခက်သွားတာ”ဟု ခရိုင်ရွာဒေသခံတစ်ဦးက ပြောသည်။

ခရိုင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၇၀)ခန့်အမျိုးသမီးတစ်ဦး၊ အသက်(၁၇)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၁၂)နှစ်အရွယ်ကလေးငယ်တို့ သေဆုံးထားသည်။ထို့အပြင် ကလေးငယ်အချို့အပါအဝင် ၁၈ဦးမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

တောင်ကုတ်မြို့နယ်မှ စစ်ကောင်စီစခန်း ၁၀ခုကို တိုက်ခိုက်သိမ်းယူပြီးနောက် မြို့ကိုထိန်းချုပ် ထားသည်ဟု အာရက္ခတပ်တော်( AA)က နိုဝင်ဘာ ၂၉ ရက် သတင်းထုတ်ပြန်ထားသည်။

လက်ကျန်စခန်းသုံးခုဖြစ်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) တပ်မဌာနချုပ်နှင့် ခမရ (၃၄၆)နှင့် ခမရ (၅၄၄)တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများသည် မြို့ပေါ်တိုက်ပွဲများအတွင်း AAက မြို့ခံများကို ဘေးလွတ်ရာသို့ ပို့ဆောင်ထားသူများဖြစ်သည်။ မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ်ကလည်း AAက တောင်ကုတ်မြို့ကို လေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၅၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်အချို့နှင့် ရခိုင်အခြေစိုက်သတင်းဌာနများက ဖော်ပြထားသည်။

စကခ (၅)တပ်မဌာနချုပ်နှင့် ခမရ (၃၄၆)နှင့် ခမရ (၅၄၄)တပ်ရင်း စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ပုသိမ်နှင့် မကွေးလေဆိပ်မှတက်သည့် လေ‌ယာဉ်များဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။