Connect with us

Hi, what are you looking for?

သတင်း

NUG ဝန်ကြီးများ​​တော်လှန်​ရေးနယ်​မြေများတွင်ရှိ​နေ​ကြောင်း ဆက်တိုက်အသိ​ပေး

သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်းသည် တော်လှန်ရေးနယ်မြေ၌ရှိနေကြောင်း မှတ်တမ်းဓာတ်ပုံများကို ဒီဇင်ဘာလ ၃ရက်ညက ထုတ်ဖော်ပြသလာသည်။

အိမ်သွင်/People’s Spring

နိုင်ငံပြင်ပသို့ရောက်နေသည့် အစိုးရအဖွဲ့ဝင်များ ပြည်တွင်းသို့ပြန်လာရန်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းပြီးနောက် NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့က ၎င်းတို့သည်တော်လှန်ရေးနယ်မြေများ၌ ရှိနေကြောင်းဓာတ်ပုံမှတ်တမ်းများဖြင့် ဆက်တိုက်ထုတ်ဖော်ပြသလာကြသည်။

NUGယာယီသမ္မတဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်နေ့က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းကဲ့သို့တိုက်တွန်းပြီးနောက် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်၊ သယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင်တို့က တော်လှန်ရေးနယ်မြေများ၌ရှိနေကြောင်း လူမှုကွန်ရက်မှတစ်ဆင့်အသိပေးကြသည်။

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်သည် မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးနယ်မြေများတွင် PDF ရဲဘော်များနှင့်တွေ့ဆုံနေသည့် ဓာတ်ပုံမှတ်တမ်းများအား လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာစန်းက နိုဝင်ဘာ ၃၀ ရက်၌ လူမှုကွန်ရက်မှတဆင့် ဖော်ပြခဲ့သည်။ ဦးရည်မွန်သည် ယခင်ကလည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မှ စစ်ဆင်ရေးနယ်မြေများသို့ မကြာခဏသွားရောက်ခဲ့သည်ကို မှတ်တမ်းဓါတ်ပုံများ ထုတ်ပြန်​လေ့ရှိသည်။

Public Service Announcement

Public Service Announcement

NUG ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကလည်း တော်လှန်ရေးအင်အားစုများထိန်းချုပ်ဒေသမှ တော်လှန်ပညာရေး မိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်က ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲမှတ်တမ်းကို NUG ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂ရက်တွင် ထုတ်ပြန်ခဲ့သည်။

“အခက်အခဲကြားက ကြိုးစားဆောင်ရွက်နေတဲ့ တော်လှန်ပြည်သူများရဲ့ မြေပြင်ပြည်သူ့ပညာရေးလှုပ်ရှားမှုများကို သွားရောက်အားပေး၊ တော်လှန်ပညာရေးမိသားစုများနဲ့ မြေပြင်တွေ့ဆုံမှုတွေလုပ်ခဲ့ပါတယ်”ဟု ပညာ​ရေးဒုဝန်ကြီးက​ရေးသားထားသည်။

သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်းသည် တော်လှန်ရေးနယ်မြေ၌ရှိနေကြောင်း မှတ်တမ်းဓာတ်ပုံများကို ဒီဇင်ဘာလ ၃ရက်ညက ထုတ်ဖော်ပြသလာသည်။

“အညာမြေက တော်လှန်ရေးစိုးမိုးဒေသတွေဟာ ကားနဲ့ တပတ်ခရီးတောင် နေရာစုံ မရောက်နိုင်တော့ဘူး။ မကြာမှီ ဒီ့ထက်ပို များလာဖို့ပဲရှိတာပါ”ဟု ဒေါက်တာ တူးခေါင်ကရေးသားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာန၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြို့နှံမှုဝန်ကြီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ဖယ်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊အလုပ်သမားဝန်ကြီးဌာန၊တရားရေးဝန်ကြီးဌာန၊ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ဖွဲ့စည်းထားသည်။

NUGယာယီ သမ္မတ ၊ ဝန်ကြီးချုပ် ၊ကာကွယ်​ရေးဝန်ကြီး ၊ ပြည်ထဲ​ရေးဝန်ကြီး၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး စ​သောဝန်ကြီးများ ၊ဒုတိယဝန်ကြီး အများစုမှာပြည်တွင်း၌ ရှိ​နေသည်။သို့​သော် ဝန်ကြီးအများစုမှာ အ​မေရီကန် ၊ ဥ​ရောပ နှင့် သြစ​တြေးလျစ​သောနိုင်ငံတို့တွင်ရှိ​နေသည်။ ယာယီသမ္မတ တိုက်တွန်းသကဲ့သို့ ပြည်ပ၌ရှိ​နေပြီး ပြည်တွင်း၌ အလုပ် လုပ်ရန် ပိုအ​ရေးကြီး​သောအစိုးရအဖွဲ့ဝင်များ ပြည်တွင်းသို့ပြန်လည်ဝင်ရောက်လာရန် လူထုကဆန္ဒရှိနေသည်။

” ပြည်တွင်းမှာ လွတ်မြောက်နယ်မြေတွေရှိနေပါပြီ။ NUG အစိုးရအဖွဲ့က ဝန်ကြီး၊ ဒုဝန်ကြီးတွေ ကျနော်တို့နဲ့အတူတူ တသားတည်းနေပြီး တော်လှန်ရေးကို နည်းမျိုးစုံအရှိန်မြှင့်ဖို့ မျှော်လင့်ပါတယ်” ဟု စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

နိုဝင်ဘာ ၂၆ ရက်နေ့က NUG အစိုးရအဖွဲ့ဝင်များ အွန်လိုင်းမှပြုလုပ်သည့်အစည်းအဝေးတွင် နွေဦးတော်လှန်ရေးသည် လွတ်လပ်ရေးရပြီးနောက် အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဖြစ်ပြီးNUGအစိုးရအဖွဲ့သည် “အဝေးရောက်အစိုးရဖြစ်လို့မရ” ဟု NUGယာယီသမ္မတဒူဝါလရှီးလ ပြောခဲ့သည်။အဝေးရောက်အစိုးရ မဖြစ်စေရေး မြန်မာနိုင်ငံပြင်ပရောက်ရှိနေသည့် အစိုးရအဖွဲ့ဝင်အားလုံးကို ပြည်တွင်းသို့ ပြန်လာရန်၊ မြေပြင်တွင် အင်အားတည်ဆောက်ပြီး အစိုးရအဖွဲ့ဝင်များအားလုံး ပြည်တွင်း၌ းပြန်စုကာ လက်တွေ့ကျကျ လုံ့လထုတ်စေချင်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလကတိုက်တွန်းပြောကြားခဲ့သည်။

(NUG ကာကွယ်​ရေးဝန်ကြီး ၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ပညာ​ရေးဒုဝန်ကြီးတို့ ​မြေပြင် ကွင်းဆင်းအလုပ် လုပ်​နေ​သော မှတ်တမ်းဓါတ်ပုံများ။ဓါတ်ပုံ-​တေဇာစန်း၊ တူး​ခေါင်း၊ ဂျာထွယ်ပန် ​ဖေစ်ဘွခ်များ)

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေသည်ဟု ထုတ်ပြန်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မဟာမိတ်အင်အားစုများနှင့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်အချို့ ရယူနိုင်ခဲ့ပြီး ယုံကြည်မှုတည်ဆောက်ရေးပိုင်းတွင်လည်း တိုးတက်မှုများစွာရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး ဆောက်ရွက်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့(MONREC)က ထုတ်ပြန်သည်။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ်သည် PDFသင်တန်းကျောင်းများသို့ သွားရောက်ပြီး PDFများအဖြစ် တော်လှန်ရေး၌ ပါဝင်လာကြသည့် လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၃၁ရက်က ထုတ်ပြန်ထားသည်။