Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအရှေ့ခြမ်းတိုက်ပွဲ စစ်သား ၇ဦးခန့်သေဆုံး၊ စစ်သုံ့ပန်းနှင့် ခဲယမ်းအချို့သိမ်းရဟု မန္တလေး PDF ပြော

တိုက်ပွဲအတွင်း စစ်သုံ့ပန်း တစ်ဦး နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သားအလောင်း(၇)လောင်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက အသိပေးသည်။

(ဖမ်းဆီးရမိသောသုံ့ပန်းနှင့် လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ - MDY PDF)
(ဖမ်းဆီးရမိသောသုံ့ပန်းနှင့် လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ - MDY PDF)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ထိန်းချုပ်နယ်မြေသို့ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးခန့်သေဆုံးကာ စစ်သုံ့ပန်းနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက အသိပေးထုတ်ပြန်သည်။

ဒီဇင်ဘာ ၂ ရက် ညပိုင်းက မန္တလေး PDF ထိန်းချုပ်စိုးမိုးထားသော မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၃ ရက်တွင် စစ်ကောင်စီ စစ်ကြောင်းနှင့် မန္တလေး PDFတို့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း မန္တလေး PDFက ယနေ့(ဒီဇင်ဘာ ၄ ရက်)တွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်သုံ့ပန်း တစ်ဦး နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သားအလောင်း(၇)လောင်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက အသိပေးသည်။

“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှာလည်း ထိခိုက်မှုအချို့ရှိပါတယ်။ စစ်ကြောင်းက မတ္တရာကထွက်လာတဲ့ အင်အား(၈ဝ)ပါ စစ်ကြောင်းဖြစ်ပါတယ်။မတ္တရာမြို့ဘက်ကို ပြန်ပြီးဆုတ်ခွာသွားပါတယ်။”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

ဒီဇင်ဘာ ၃ရက်တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်က ထိခိုက်မှုရှိခဲ့သည်ဟု လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ်အပြင် သပိတ်ကျင်းနှင့် နောင်ချိုမြို့နယ်တို့တွင် လည်း တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားနေကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

မတ္တရာမြို့နယ်အနောက်ခြမ်းတွင် နိုဝင်ဘာလတတိယပတ်အတွင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စိတပ် အထိနာပြီးနောက် လေကြောင်းတိုက်ခိုက်မှုဖြင့် စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်ဖွဲ့များ ယာယီဆုတ်ခွာပေးခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်စခန်းများနှင့် နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားလျက်ရှိသော်လည်း အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း မန္တလေး PDFက အသိပေးထားသည်။

မန္တလေး PDF သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ရက်ကလည်း မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆောင်းပါး

"ကျွန်​တော်တို့အညာကလည်း အချဥ် မဟုတ်ပါဘူးဗျ " နှစ်သစ် ၂၀၂၅မှာ အညာသား PDF တ​ယောက်က ဂုဏ်ယူဝံ့ကြွားစွာ​ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အမှတ်(၁)စစ်ဒေသမှ စစ်သုံ့ပန်းများအား သွားရောက်တွေ့ဆုံ၍ သီချင်းများဖျော်ဖြေပေးခဲ့ကြောင်း အဆိုတော် မိုင်းမိုင်ဆိုင်း က အသိပေးထားသည်။

အတွေးအမြင်

နိုင်ငံအနှံ့စစ်ရေးအကြီးအကျယ်ရှုံးနိမ့်၊တပ်ပျက်နေတဲ့စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ်နိုဝင်ဘာလမှ၂၀၂၄ ခုနှစ်ဒီဇင်ဘာလအထိ လက်နက်ချ၊ စစ်သုံ့ပန်း၊ သေဆုံး၊ ပျောက်ဆုံး နဲ့ မိမိကိုယ်ကိုသတ်သေ အပါအဝင် ဗိုလ်ချုပ် နှင့် ဗိုလ်မှူးချုပ်အဆင့် စစ်အရာရှိကြီးများ ထိခိုက်ဆုံးရှုံးမှု (၂၅) ဦးထိ ရှိလာခဲ့ပါတယ်။