Connect with us

Hi, what are you looking for?

သတင်း

တန့်ယန်းမှကျားဖြန့်လုပ်ငန်းများ စစ်ကောင်စီနှင့် ၀ မထိန်းချုပ်ဟုဒေသခံများ ပြော

ကျားဖြန့်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးကို ဒီဇင်ဘာ ၂ ရက်‌ကဖမ်းဆီးခဲ့ခြင်းဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

(တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို ဝတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲအပ်နေသည်ကို နိုဝင်ဘာ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - WSTV)
(တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို ဝတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲအပ်နေသည်ကို နိုဝင်ဘာ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - WSTV)

အိမ်သွင်/People’s Spring

စစ်ကောင်စီနှင့် ဝ တပ်ဖွဲ့ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ကျားဖျန့် ငွေလိမ်လုပ်ငန်းအများအပြားရှိနေပြီး ထိန်းချုပ်နိုခြင်းမရှိကြောင်း မြို့ခံများက ပြောသည်။

တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေးရွာမှ နေအိမ်တစ်လုံးတွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ ၄၅ဦးဖမ်းမိကြောင်း စစ်ကောင်စီက ယနေ့(ဒီဇင်ဘာ ၆ရက်) ထုတ်ပြန်ထားပြီး ယင်းသတင်းသည် မြေပြင်အခြေအနေကိုမထင်ဟပ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

” တန့်ယန်းမှာ ကျားဖြန့်တွေ များမှများပဲ။ ဒါကို မျက်နှာလွှဲထားပြီး အနည်းအကျဉ်းပဲ ဖမ်းပြနေတာ။ ၀(UWSA)လည်း သိတယ်။ စစ်တပ်လည်း သိတယ်”ဟု တန့်ယန်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျားဖြန့်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးကို ဒီဇင်ဘာ ၂ ရက်‌ကဖမ်းဆီးခဲ့ခြင်းဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် တန့်ယန်းမြို့ကို စစ်ကောင်စီတပ်ရော ဝတပ်ဖွဲ့ကပါ ထိန်းချုပ်ထားသည်။ မူလက စစ်ကောင်စီသာ အုပ်ချုပ်နေရာမှ ပြီးခဲ့သည့်ဇွန်လက MNDAA၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လားရှိုးမြို့တိုက်ခိုက်သိမ်းပိုက်နေစဉ် ဒေသချင်းဆက်စပ်နေသော တန့်ယန်းမြို့ကို ဝ ကဝင်ရောက်တပ်စွဲခဲ့သည်။ ထို့နောက်ပိုင်း၌ စစ်ကောင်စီတပ်ရော ဝတပ်ဖွဲ့ကပါ ထိန်းချုပ်ထားသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည်နိုဝင်ဘာကလည်း တန့်ယန်းမြို့မှ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်သူ လူဦးရေ တစ်ထောင်ကျော်ကို ၀တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယင်းတို့အထဲမှ တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။ထိုသို့ လွှဲပြောင်းစဉ်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများနှိမ်နှင်းနိုင်ပြီးစီးပြီဟု တရုတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

သို့သော် စစ်ကောင်စီနှင့် ၀ တပ်ဖွဲ့ထိန်းချုပ်ထားသည့် တန့်ယန်းတွင် ကျားဖြန့်လုပ်ငန်းများထပ်မံဖမ်းမိခြင်းဖြစ်ပြီး အများအပြားနဲ့ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

” နိုင်ငံရေးကစားကြတာမှာ တန့်ယန်းလည်း ဘယ်ခွေးအဖေခေါ်ရမှန်းမသိတာ။ ၀ ကအုပ်ချုပ်သလိုလို၊ စစ်တပ်ကအုပ်ချုပ်သလိုလိုနဲ့။ ဒီကြားထဲမှာ တန့်ယန်းမှာက ကျားဖြန့်တွေ များလာတယ်။ လူစုံလာတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တန့်ယန်းအပြင် မူဆယ်မြို့နယ်၊ ကရင်ပြည်နယ်မှ BGFနှင့် DKBA ထိန်းချုပ်ဒေသများ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် ရန်ကုန်မြို့တို့တွင်လည်း ကျားဖြန့်လုပ်ငန်းများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။