Connect with us

Hi, what are you looking for?

သတင်း

KIA ၏ ဗန်းမော်မြို့သိမ်းစစ်ဆင်​ရေး ၆ ရက်မြောက်နေ့တိုက်ပွဲဆက်ဖြစ်

KIA သည်ဒီဇင်ဘာ ၄ရက်မှ၍ ကချင်ပြည်နယ်၏ ဒုတိယမြို့​တော် ဗန်းမော်မြို့ကိုသိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်၏ စကခ ၂၁ ကိုKIA ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်စဥ်။ဓါတ်ပုံ-ကချင်​တောင်တန်း)
(စစ်​ကောင်စီတပ်၏ စကခ ၂၁ ကိုKIA ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်စဥ်။ဓါတ်ပုံ-ကချင်​တောင်တန်း)

ထားမြတ်/People’s Spring

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ၆ ရက်​မြောက်​နေ့ဖြစ်​သောယ​နေ့(ဒီဇင်ဘာ ၉ရက်)တွင်လည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

KIA သည်ဒီဇင်ဘာ ၄ရက်မှ၍ ကချင်ပြည်နယ်၏ ဒုတိယမြို့​တော် ဗန်းမော်မြို့ကိုသိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဒီဇင်ဘာ ၈ရက်​နေ့တွင် ဗန်းမော်မြို့တွင်း နှင့် မြို့ပြင်တွင်တိုက်ပွဲများဆက်လက်ပြင်းထန်းခဲ့ပြီး​တော်လှန်​ရေးတပ်များက လက်နက်ခဲယမ်းများ သိမ်းဆည်းရခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဗန်းမော် ရဲစခန်း၊ ဌာနဆိုင်ရာ စုပေါင်းရုံး နှင့် စစ်ကောင်စီတပ်ဖွဲ့များ နေရာယူထားသည့် ဟိုတယ်များအနီး တိုက်ပွဲများပြင်းထန်ခဲ့သည်။စစ်ကောင်စီတပ်ရင်းဌာနချုပ်များအပြင် မြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကျန်ရှိနေသေးသည်ဟုစစ်​ရေးသတင်းရင်းမြစ်တဦးက​ပြောသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူ အများအပြား အသုံးပြုခုခံနေပြီး KIAဘက်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်​နေ​ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော် စကခ (၂၁) တပ်ရင်းဌာနချုပ်သို့ KIAက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် ရုပ်သံမှတ်တမ်းကိုလည်း သတင်းရင်းမြစ်က လူမှုကွန်ရက်၌ ဖော်ပြ အသိပေးသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်တွင် တိုက်ပွဲဆက်ရှိနေကြောင်း ဒီဇင်ဘာ ၈ ရက်တွင်​ပြောခဲ့သည်။သို့​သော် တိုက်ပွဲသတင်းအသေးစိတ်အခြေအနေများ မတင်းမရသေးဟု ဒီဇင်ဘာ ၈ရက်မနက်က ပြောကြားထားသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့်အတူ မံစီရှိ စစ်ကောင်စီ လက်ကျန် တပ်ရင်းအချို့ကို KIAက တိုက်ခိုက်နေသည်။ မိုးမောက်ဘက်သို့ ထိုးစစ်ဆင်ရန်ရောက်ရှိနေသည့် စစ်ကောင်စီတပ်များကိုလည်း မိုးမောက်-ဗန်းမော်ကြားတွင် KIAက ပိတ်ဆို့တိုက်ခိုက်၍ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး၊ ဖမ်းဆီးခံရမှုများ ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး