Connect with us

Hi, what are you looking for?

သတင်း

KIAထိုးစစ် လေးရက်မြောက်တွင် ဗန်းမော်မြို့နေရာအများအပြား၌ တိုက်ပွဲပြင်းထန်

စစ်ကောင်စီက ယနေ့ ညနေပိုင်း၌ လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှသိရပြီး မြေပြင်အခြေအနေ စောင့်ကြည့်နေဆဲဟု ဦးဇော်ဆန်က ပြောသည်။

(ဗန်းမော်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ပြည်သူများ။ ဓာတ်ပုံ - Simsa Kasa Multimedia)
(ဗန်းမော်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ပြည်သူများ။ ဓာတ်ပုံ - Simsa Kasa Multimedia)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၄ရက်ကစတင်ခဲ့ရာ စစ်ဆင်ရေး လေးရက်မြောက်ဖြစ်သည့် ယနေ့(ဒီဇင်ဘာ ၇ရက်)တွင် မြို့ပေါ် နေရာအများအပြား၌ တိုက်ပွဲ ဆက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေး တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု သတင်းရင်းမြစ်အချို့က ပြောသည်။

ပြီးခဲ့သည့် တိုက်ပွဲ သုံးရက်တာအတွင်း ကာကင်းစခန်းများအပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာ ၁၅ခုထက်မနည်းကို KIAက သိမ်းပိုက်ထားပြီး မြို့မရဲစခန်းကို တိုက်ခိုက်ရှင်းလင်းနေကြောင်း သတင်းရင်းမြစ်တစ်ဦးက အသိပေးသည်။

“အခု ပြင်းထန်နေဆဲ။ ဗန်းမော်မြို့ နေရာတော်တော်များများ မီးလောင်နေတယ်။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယနေ့ တိုက်ပွဲအခြေအနေကို ပြောပြသည်။

Public Service Announcement

Public Service Announcement

ကချင်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း” လေယာဉ်ကွင်းအနီးတဝိုက် နယ်မြေရှင်းနေ။ စစ်ရေးဗျူဟာနဲ့ လေကြောင်းရန် ကာကွယ်ရေးအတွက် သက်ဆိုင်ရာကနေ မြေပြင် အခြေအနေတွေကို မပြောသေးဘူးလို့ နားလည်ပါတယ်။ “ဟု ပြောသည်။

စစ်ကောင်စီက ယနေ့ ညနေပိုင်း၌ လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှသိရပြီး မြေပြင်အခြေအနေ စောင့်ကြည့်နေဆဲဟု ဦးဇော်ဆန်က ပြောသည်။

ဗန်းမော်မြို့ စစ်ရေးအခြေအနေများကို ဒေသနေပြည်သူများအား ကိုးကားပြီး သတင်းအချက်အလက်များ အသိပေး ဖော်ပြနေသည့် Banmaw Scout Team ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း ဒီဇင်ဘာ ၇ရက် ညနေ ၄နာရီ အထိ ရရှိထားသည့် သတင်းများကို ရေးသားဖော်ပြသည်။

“ဗန်းမော်မြို့တိုက်ပွဲအခြေအနေများကိုဆက်သွယ်မေးမြန်းချက်များအရ ဗန်းမော်မြို့၀န်းကျင်တဝိုက်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ဗန်းမော်ရဲစခန်း/ထွေအုပ်ရုံး/ကန်ဦးကျောင်းနားတွင်တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်ဟုသိရပါသည်။၂မိုင်လေယာဉ်ကွင်း၀န်းကျင်နှင့်စခစ၂၁၀န်းကျင်တွေလဲတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟုသိထားရပါသည်”ဟု Banmaw Scout Teamက ရေးသားဖော်ပြသည်။

ထို့အပြင် ခလရ(၄၇)တပ်ရင်းအနီး တိုက်ပွဲပြင်းထန်နေပြီး မံစီမြို့ရှိ လက်ကျန် စစ်ကောင်စီတပ်စခန်းများကို KIAက တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

KIA အနေဖြင့် ဗန်းမော်ရဲစခန်းကို သိမ်းနိုင်ပြီဖြစ်ကြောင်း ကချင်ဒေသ အခြေစိုက် သတင်းဌာနအချို့က ဖော်ပြမှုရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို့အပြင် မြို့မရဲစခန်း သိမ်းပိုက်နိုင်ပြီဆိုသည့် သတင်းဖော်ပြချက်အပါအဝင် ဗန်းမော်မြို့သိမ်းတိုက်ပွဲ အခြေအနေများနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ဗန်းမော်မြို့မရဲစခန်း အပြီးသိမ်းနိုင်ရန် လိုနေသေးပြီး ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ဟု ယနေ့ညပိုင်းတွင် ပြောသည်။

ဗန်းမော်မြို့တိုက်ပွဲအတွင်း ပိတ်မိပြည်သူများ စစ်ဘေးတိမ်းရှောင်လျက်ရှိရာ ယနေ့ ဒီဇင်ဘာ ၇ရက်တွင်လည်း မြို့ကို စွန့်ခွာပြီး စစ်ရှောင်နေကြသူများ ရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

Fact-Check

People’s Spring ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်ပိုင်းမှာ ကချင်အထူး​ဒေသ (၁)ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး​နောက်ပိုင်းမှာ စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်​ချန်နယ်လ်တွေကလည်း KIA အ​ပေါ် ထိုးနှက်တဲ့ ဝါဒဖြန့်ချိ မှုကို ပိုလုပ်လာကြပါတယ်။ စစ်တပ်ဝါဒဖြန့်တယ်လီဂရန် ချန်နယ်လ်​တွေက KIA အ​ပေါ် ​ ၂၀၂၄...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၁၁)၏ ဦးဆောင်မှုနှင့်အတူ မံစီမြို့နှင့် မြို့ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ တပ်ရင်းသုံးခအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကျောင်းသားတပ်မတော်က ထုတ်ပြန်သည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ယနေ့ (ဇန်နဝါရီ ၉ရက်)တွင် ဗန်းမော်လေဆိပ်ရှိ စစ်ကောင်စီတပ်က ဆုတ်ခွာသွားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။