Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့နယ်တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်စိပ် တိုက်ခိုက်ခံရပြီး ကဆင့်ကလျားထွက်ပြေး

နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှုအခြေအနေအား နယ်မြေအနေအထားအရ စုံစမ်းနေဆဲဖြစ်ကြောင်း ဖြူးမြို့နယ်(ပကဖ)က အသိပေးထားသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသော ဖြူးမြို့နယ်(ပကဖ)မှ ရဲဘော်တစ်ဦး။ ဓာတ်ပုံ − File)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသော ဖြူးမြို့နယ်(ပကဖ)မှ ရဲဘော်တစ်ဦး။ ဓာတ်ပုံ − File)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက်သို့ ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်စိပ်တစ်ခုကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၀ ရက်)ည ၇ နာရီ ၄၀မိနစ်ခန့်က ဇေယျဝတီမြို့၊ လေးအိမ်စုကျေးရွာ အနောက်ဘက်၌ ကင်းပုန်းလာဝပ်သည့် အင်အား ၂၅ ဦးခန့်ပါ စစ်ကောင်စီတပ်ကို ဖြူးမြို့နယ်(ပကဖ)ရဲဘော်များမှ လက်ဦးမှုယူ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တော်လှန်ရေးရဲဘော်တွေ ရှိတယ်ကြားလို့ လာ(ကင်းပုန်း)ဝပ်ကြတာပါ။ အင်အား ၂၅ လောက်တော့ရှိမယ်။ ပစ်ခတ်ချိန် ၁၂ မိနစ်လောက်ပဲ ကြာပါတယ်”ဟု ဖြူးမြို့နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ ချောင်းရိုးအတိုင်း ခင်ဝိုင်းရွာဘက်သို့ ကစဉ့်ကလျား ပစ်ခတ်ဆုတ်ခွာထွက်ပြေးသွားရာ ကျွန်းတောကုန်းရွာလမ်းထိပ် ဇရပ်အထိ ပကဖရဲဘော်များမှ လိုက်လံပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ထိခိုက်မှု အတိအကျကတော့ မသိရသေးပါဘူး”ဟု ဖြူးမြို့နယ်(ပကဖ)တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိအခြေအနေတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှုအခြေအနေအား နယ်မြေအနေအထားအရ စုံစမ်းနေဆဲဖြစ်ကြောင်း ဖြူးမြို့နယ်(ပကဖ)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။