Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် ရဲတပ်သားတစ်ဦး လက်နက်နှင့် အလင်းဝင်လာ

နိုဝင်ဘာအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၀)လက်ရှိပြီး ခဲယမ်း မီးကျောက်များ လည်း ပါဝင်ကြောင်း အသိပေးထားသည်။

(အလင်းဝင်ရဲတပ်သားအား တွေ့ရစဥ်။ဓာတ်ပုံ-တောင်သာပကဖ)
(အလင်းဝင်ရဲတပ်သားအား တွေ့ရစဥ်။ဓာတ်ပုံ-တောင်သာပကဖ)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တွင် စစ်ကောင်စီ​၏ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၆ရက်က တောင်သာမြို့နယ်တနေရာ၌ တာဝန်ကျနေသည့် မှော်ဘီမြို့ရှိ ရဲတပ်ရင်း(၅)မှ လုပ်သက်တစ်နှစ်ခန့်ရှိသော ရဲတပ်သားတစ်ဦးသည် အလင်းဝင်လာကြောင်း တောင်သာ ပကဖတာဝန်ရှိသူက ပြောသည်။

“သူ့အရင်အလင်းဝင်လာတဲ့ သူတွေကနေတဆင့် အလင်းဝင်လာတာပါ။ ကျွန်တော်တို့ခက်ခက်ခဲခဲသွားရောက်ခေါ်ဆောင်ခဲ့တာပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရဲတပ်သားက G-3အမျိုးအစား တစ် လက်၊ ကျည်၂၀၀ကျော်ယူလာပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာသဖြင့် ဂုဏ်ပြုငွေ ကျပ် သိန်း(၅၀) ချီးမြင့်ခဲ့ကြောင်း တောင်သာပကဖက အသိပေးသည်။

ထို့ကြောင့် စစ်ကောင်စီလက်အောက်၌ ကျန်နေသည့်စစ်သား၊ရဲသားများအနေဖြင့်လည်း အမြန်ဆုံးဆက်သွယ်၍ အလင်းဝင်ရောက် ပြည်သူ့ရင်ခွင် ခိုလှုံလာရန် တောင်သာပကဖက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်သားနှင့် ရဲ ၃၃ဦးသည် စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့(ဒီဇင်ဘာ ၁၆ရက်)က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ၃၃ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်းရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟုဆိုသည်။

နိုဝင်ဘာအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၀)လက်ရှိပြီး ခဲယမ်း မီးကျောက်များ လည်း ပါဝင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တံတား‌ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၁၀ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ် တွေက ထုတ်ပြန်ထားပါတယ်။