Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် ရဲတပ်သားတစ်ဦး လက်နက်နှင့် အလင်းဝင်လာ

နိုဝင်ဘာအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၀)လက်ရှိပြီး ခဲယမ်း မီးကျောက်များ လည်း ပါဝင်ကြောင်း အသိပေးထားသည်။

(အလင်းဝင်ရဲတပ်သားအား တွေ့ရစဥ်။ဓာတ်ပုံ-တောင်သာပကဖ)
(အလင်းဝင်ရဲတပ်သားအား တွေ့ရစဥ်။ဓာတ်ပုံ-တောင်သာပကဖ)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တွင် စစ်ကောင်စီ​၏ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၆ရက်က တောင်သာမြို့နယ်တနေရာ၌ တာဝန်ကျနေသည့် မှော်ဘီမြို့ရှိ ရဲတပ်ရင်း(၅)မှ လုပ်သက်တစ်နှစ်ခန့်ရှိသော ရဲတပ်သားတစ်ဦးသည် အလင်းဝင်လာကြောင်း တောင်သာ ပကဖတာဝန်ရှိသူက ပြောသည်။

“သူ့အရင်အလင်းဝင်လာတဲ့ သူတွေကနေတဆင့် အလင်းဝင်လာတာပါ။ ကျွန်တော်တို့ခက်ခက်ခဲခဲသွားရောက်ခေါ်ဆောင်ခဲ့တာပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရဲတပ်သားက G-3အမျိုးအစား တစ် လက်၊ ကျည်၂၀၀ကျော်ယူလာပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာသဖြင့် ဂုဏ်ပြုငွေ ကျပ် သိန်း(၅၀) ချီးမြင့်ခဲ့ကြောင်း တောင်သာပကဖက အသိပေးသည်။

ထို့ကြောင့် စစ်ကောင်စီလက်အောက်၌ ကျန်နေသည့်စစ်သား၊ရဲသားများအနေဖြင့်လည်း အမြန်ဆုံးဆက်သွယ်၍ အလင်းဝင်ရောက် ပြည်သူ့ရင်ခွင် ခိုလှုံလာရန် တောင်သာပကဖက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်သားနှင့် ရဲ ၃၃ဦးသည် စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့(ဒီဇင်ဘာ ၁၆ရက်)က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ၃၃ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်းရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟုဆိုသည်။

နိုဝင်ဘာအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၀)လက်ရှိပြီး ခဲယမ်း မီးကျောက်များ လည်း ပါဝင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းသို့အလုပ်သွားလုပ်စဥ် ထိုင်းရဲကဖမ်း၍ စစ်​ကောင်စီလက်အပ်သဖြင့် အဓမ္မစစ်သားသစ်စု​ဆောင်းခံရသူများဖြစ်​နေ

သတင်း

လွိုင်ကော်မြို့အခြေစိုက် အမှတ်(၂၆၁)ခြေလျင်တပ်ရင်း(ခလရ−၂၆၁)မှ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တစ်ဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၂ရက်) ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမတွင် တာဝန်ချထားခံရသည့် စစ်ကောင်စီ​၏ စစ်မှုထမ်းအပတ်စဥ်(၅) သင်တန်းဆင်း တပ်သားသစ်တစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ်(၂၂)တပ်ရင်း(မုံရွာနတ်ဆိုး)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်မှုထမ်းအပတ်စဥ်(၅)မှ စစ်ကောင်စီတပ်သား လေးဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း ယင်းမာပင်မြို့နယ်အခြေ စိုက် Union Liberation Front(ULF စစ်ကြောင်း)က ဇန်နဝါရီ ၁၉ရက်တွင် ထုတ်ပြန်သည်။