Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၁ ဦးသေ၊ လက်နက်ခဲယမ်းအချို့သိမ်းရဟုဆို

​တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ တော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

(တိုက်ပွဲ၌ သေဆုံးခဲ့သော စစ်အုပ်စုဝင်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ − ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(တိုက်ပွဲ၌ သေဆုံးခဲ့သော စစ်အုပ်စုဝင်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ − ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မန်ကျည်းကုန်းကျေးရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း ကျွန်းလှ − ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ဒီဇင်ဘာ ၁၆ ရက် နံနက် ၆နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်းနှင့် ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများ မန်ကျည်းကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

“အင်အားကတော့ မသိရဘူးဗျ။ ကုက္ကိုကုန်းမှာတော့ စုစုပေါင်း ၂ဝဝလောက် ထိုင်ထားတယ်။ ထွက်လာတဲ့အရေအတွက်က အတည်ပြုမရပါဘူး။”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ တနေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်အထိနာ၍ နေ့လယ် ၁၂ နာရီကျော်တွင် Jet Fighter တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၁ ဦးသေဆုံးပြီး သေနတ် ၉လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက အသိပေးသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ ဒရုန်း၂စီးဆုံးရှုံးခဲ့ပြီး ရဲဘော် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ထပ်မံအသိပေးသည်။

​တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ တော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

သေဆုံးသူများတွင် နတ်ပေးရွာ၊ သင်မန်းတောကျေးရွာတို့မှ ပျူစောထီးများလည်းပါဝင်ပြီး သေဆုံးသူ များအား ကန့်ဘလူမြို့သုဿာန်၌ ယနေ့နေ့လယ်တွင် မီးသင်္ဂြုလ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ထိခိုက်ဒဏ်ရာရသူများအား ကား၃ စီးဖြင့် ကန့်ဘလူမြို့ကုတင် ၁၀၀ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်းသိရသည်။

ဒီဇင်ဘာ ၁၃ ရက်ကလည်း စစ်ကောင်စီတပ်နှင့်ပျူစောထီး အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသည့် ကျွန်းလှမြို့နယ်၊မဒေါင်ရွာအား တော်လှန်ရေးအဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။