Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၁ ဦးသေ၊ လက်နက်ခဲယမ်းအချို့သိမ်းရဟုဆို

​တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ တော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

(တိုက်ပွဲ၌ သေဆုံးခဲ့သော စစ်အုပ်စုဝင်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ − ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(တိုက်ပွဲ၌ သေဆုံးခဲ့သော စစ်အုပ်စုဝင်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ − ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မန်ကျည်းကုန်းကျေးရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း ကျွန်းလှ − ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ဒီဇင်ဘာ ၁၆ ရက် နံနက် ၆နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်းနှင့် ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများ မန်ကျည်းကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

“အင်အားကတော့ မသိရဘူးဗျ။ ကုက္ကိုကုန်းမှာတော့ စုစုပေါင်း ၂ဝဝလောက် ထိုင်ထားတယ်။ ထွက်လာတဲ့အရေအတွက်က အတည်ပြုမရပါဘူး။”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ တနေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်အထိနာ၍ နေ့လယ် ၁၂ နာရီကျော်တွင် Jet Fighter တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၁ ဦးသေဆုံးပြီး သေနတ် ၉လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက အသိပေးသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ ဒရုန်း၂စီးဆုံးရှုံးခဲ့ပြီး ရဲဘော် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ထပ်မံအသိပေးသည်။

​တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ တော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

သေဆုံးသူများတွင် နတ်ပေးရွာ၊ သင်မန်းတောကျေးရွာတို့မှ ပျူစောထီးများလည်းပါဝင်ပြီး သေဆုံးသူ များအား ကန့်ဘလူမြို့သုဿာန်၌ ယနေ့နေ့လယ်တွင် မီးသင်္ဂြုလ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ထိခိုက်ဒဏ်ရာရသူများအား ကား၃ စီးဖြင့် ကန့်ဘလူမြို့ကုတင် ၁၀၀ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်းသိရသည်။

ဒီဇင်ဘာ ၁၃ ရက်ကလည်း စစ်ကောင်စီတပ်နှင့်ပျူစောထီး အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသည့် ကျွန်းလှမြို့နယ်၊မဒေါင်ရွာအား တော်လှန်ရေးအဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။