Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် မွန်တပ် ၄ဖွဲ့ ပေါင်းစည်းရန်သဘောတူ

မွန်တော်လှန်ရေးတပ်များသည် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့်ပူးတွဲပြီးလည်း စစ်ရေးဖော်ဆောင်လျက်ရှိသည်။

(မွန်လက်နက်ကိုင် တပ်မတော်တစ်ရပ် ဖွဲ့စည်းရန် တွေ့ဆုံခဲ့ကြသော မွန်တပ်ဖွဲ့ ၄ဖွဲ့မှ တာဝန်ရှိသူများ။ ဓာတ်ပုံ - MSDF)
(မွန်လက်နက်ကိုင် တပ်မတော်တစ်ရပ် ဖွဲ့စည်းရန် တွေ့ဆုံခဲ့ကြသော မွန်တပ်ဖွဲ့ ၄ဖွဲ့မှ တာဝန်ရှိသူများ။ ဓာတ်ပုံ - MSDF)

ဟန်နွေ/People’s Spring

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် မွန်လက်နက်ကိုင်တပ်ဖွဲ ၄ခု ပေါင်းစည်းပြီး မွန်လက်နက်ကိုင် တပ်မတော်တစ်ရပ် ဖွဲ့စည်းရန် သဘောတူညီခဲ့ကြောင်း အဆိုပါလက်နက်ကိုင် လေးဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)တို့သည် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ဒီဇင်ဘာ ၁၈ရက်က တော်လှန်ရေးနယ်မြေ တစ်နေရာ၌ ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ သဘောတူခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးမှ မွန်တော်လှန်ရေးတပ်များ အားလုံး ပါဝင်သည့် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ပေါ်ထွန်းလာရေး ပထမအဆင့်အနေဖြင့် တပ်အဖွဲ့ (၄) ဖွဲ့မှ ပူးတွဲ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားရန် သဘောတူညီခဲ့ကြောင်း အသိပေးသည်။

“ဒီမျက်မှောက် အမျိုးသားရေး၊ နိုင်ငံရေး၊ စစ်ရေး အခြေအနေ အရပ်ရပ်ကြောင့် မွန်အမျိုးသားကို ကိုယ်စားပြုတဲ့ သို့တည်းမဟုတ် မွန်ပြည်ကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော မွန်အမျိုးသားတပ်တော်လို့ပဲ ခေါ်ခေါ် တပ်မတော်လို့ပဲ ခေါ်ခေါ် ပေါင်းစည်း တည်ဆောက်သွားဖို့ သဘောတူညီခဲ့တဲ့ ထုတ်ပြန်ကြေညာချက်ပါ”ဟု မွန်တပ်ဖွဲ့ လေးဖွဲ့ ပူးတွဲကြေညာချက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် MSDF တပ်မှူးတစ်ဦးဖြစ်သည့် ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

ပြည်တွင်း၊ပြည်ပရှိ မွန်ပြည်သူပြည်သားများက မွန်တော်လှန်ရေးလက်နက်ကိုင်တပ်များအားလုံး ဗျူဟာမြောက် ပေါင်းစည်းရန် တိုက်တွန်းတောင်းဆိုမှုများ ရှိကြောင်း ၎င်းက ဆိုသည်။

“မွန်ပြည်သူ ပြည်သားများရဲ့ တောင်းဆိုတိုက်တွန်းချက်ကို အလေးထားတဲ့ သဘောလည်းပါပါတယ်ခင်ဗျ”ဟု ဒေါက်တာသီရိမွန်ချမ်းက မွန်တော်လှန်ရေးတပ်များ ပူးပေါင်းရန် သဘောတူညီခဲ့မှုအပေါ် ပြောသည်။

မွန်တော်လှန်ရေးတပ်များသည် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့်ပူးတွဲပြီးလည်း စစ်ရေးဖော်ဆောင်လျက်ရှိသည်။

တစ်ဖက်တွင်လည်း ဝါရင့် မွန်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP/MNLA)သည် စစ်ကောင်စီကို တိုက်ခိုက်ခြင်းမရှိသေးပေ။ သို့သော် ယခု ၂၀၂၄ နှစ်ဆန်းတွင် MNSPမှ နိုင်ငံရေး စစ်ရေး ခေါင်းဆောင်များသည် စစ်ကောင်စီကို တိုက်ခိုက်ရန် အဖွဲ့တွင်း သဘောထား ကွဲလွဲမှုများကြောင့် NMSP/MNLA-AD( စစ်အာဏာရှင်တိုက်ဖျက်ရေး)ဟူသော အမည်ဖြင့်ခွဲထွက်ပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိရာ ယခု မွန်တပ်တစ်ခုတည်း ပေါင်းစည်းရေးတွင်လည်း MNLA_ADလည်း ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook