Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

(ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ အောက်တိုဘာ ၁၉ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ − CJ)
(ဘုတလင်မြို့နယ် စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ အောက်တိုဘာ ၁၉ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ − CJ)

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ အင်းတိုင်ကျေးရွာကို ယ‌နေ့(ဒီဇင်ဘာ ၁၉ရက်) ညနေ ၆နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မုံရွာမြို့၏မြောက်ဘက် မိုင်(၂ဝ)ခန့်ကွာဝေးသော ဘုတလင်မြို့နယ် အင်တိုင်းကျေးရွာနှင့် ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခြင်းဟု အဆိုပါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိသော်လည်း လူထိခိုက်မှုမရှိကြောင်း ကနဦ သတင်းရရှိသည်။ အသေးစိတ်အခြေအနေကို အတည်ပြုရန် စုံစမ်းနေသည်။

Public Service Announcement

Public Service Announcement

ဘုတလင်မြို့နယ်တွင် နိုဝင်ဘာလလယ်ပိုင်းကစ၍ ယနေ့အထိ စစ်ရေးအခြေအနေငြိမ်သက်နေသည်။

ယနေ့ လေကြောင်းတိုက်ခိုက်မှုသည် ကူတော်ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြင်ပသို့ထွက်ရန် လမ်းရှင်းပေးခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သုံးသပ်သည်။

ကူတော်ရဲစခန်းမှ အင်အား ၈၀ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက စက်တင်ဘာ ၃၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပျက်စီးသွားပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့သည်။

စစ်ကြောင်းထိုးစဉ် ဒေသခံ၂၄ဦးထက်မနည်းကို သတ်ဖြတ်ပြီး ဒေသခံများ၏ နေအိမ် ၇၀၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၄ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ ထိုအချိန်ကတည်းက ဘုတလင်မြို့တွင် စစ်ရေးအခြေအနေငြိမ်သက်နေခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ဒီဇင်ဘာ ၁၆ရက်နှင့် ဒီဇင်ဘာ ၁၈ရက်တွင် ဘုတလင်မြို့နယ်နယ် ချင်းဆက်နေသော ကနီမြို့ကိုလည်း လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ကလေးငယ်သုံးဦးအပါအဝင် အရပ်သားငါးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို Y-12 လေယာဉ်ဖြင့် ​လေထီးအသုံးပြု၍ ရိက္ခာအထုပ်တစ်ရာနီးပါး လာချခဲ့ရာ ရိက္ခာထုပ်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ရရှိခဲ့သည်။

သတင်း

“ရင်းထားရတဲ့ အသက်တွေလည်း အများကြီး ပြန်ပေးစရာတော့ မရှိပါဘူး”

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်လေကြောင်းပျံသန်းမှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။