Connect with us

Hi, what are you looking for?

သတင်း

အမ်းသို့ စစ်ကူသွားမည့် စစ်ကောင်စီရှေ့ပြေးကင်းထောက်ယာဥ်တန်းကို အရှိုACDF တိုက်ခိုက်

အဆိုပါ နပခ ဌာနချုပ်သိမ်းပိုက်ရာတွင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်​သောင်းထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်​ကျော်​ကျော်သန်းတို့ကို AAက ဖမ်းမိခဲ့သည်။

(အရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ တော်လှန်ရေးရဲဘော်အချို့ကို တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့)
(အရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ တော်လှန်ရေးရဲဘော်အချို့ကို တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့)

▪️ဗိုလ်တစ်ဦးအပါအဝင် ၁၄ ဦးသေဟုဆို

ကျော်ဇော/People’s Spring

ရခိုင်ပြည်နယ် အမ်းမြို့သို့ စစ်ကူသွားမည့် စစ်ကောင်စီ၏ ရှေ့ပြေးကင်းထောက်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၁၄ ဦးသေဆုံးကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောသည်။

ဒီဇင်ဘာ ၂၀ရက် နံနက် ၈ နာရီ ၄၈ မိနစ်ခန့်က အမ်းမြို့သို့ စစ်ကူသွားရန် မင်းဘူး – အမ်းလမ်းပိုင်းအတိုင်းလာသော အင်အား ၃၂ ဦးပါ စစ်ကောင်စီတပ်ယာဥ်နှစ်စီးကို ငဖဲမြို့နယ်၊ စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၄ ဦးသေဆုံးကာ တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ACDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ပထမ ယာဥ်တန်း ၂စီးကို ကြားဖြတ်တိုက် ခိုက်တာမှာ သေတာရော ဒဏ်ရာရတာရောမြင်ကြရပါတယ်။ ရှင်းလင်းရေး မဝင်နိုင်တာက ရန်အောင်မြေဘုရားကုန်းဘက်က လက် နက်ကြီးပစ်ကူပေးသလို စပ်စီဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတဲ့ ရန်သူနဲ့ ကပစ ၁၀ ဘက်က နောက်ထပ်ကား ၄ စီး နှစ်ဖက်ညှပ်စစ်ကူးလာကြတော့ ကျနော်တို့ဘက်က ရှင်း လင်းရေးမလုပ်နိုင်ခဲ့ဘူး”ဟု ၎င်းက ရှင်းပြ သည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးပြီး စပ်စီကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲနေ‌သော စစ်ကောင်စီတပ်သားများနှင့် အမှတ်(၁၀)ကာကွယ်ရေးပစ္စည်းစက်ရုံမှ ကား(၄)စီးဖြင့် နှစ်ဖက်ညှပ် စစ်ကူလာသောကြောင့် ACDF တပ်ဖွဲ့မှ ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း စုံစမ်းသိရသည်။

“စစ်ကူလာတဲ့ကားနဲ့ အလောင်းတွေသယ်၊ လူနာတွေသယ်သွားတာ မြင်ရတာ တချို့လည်းရှိတယ်။ ပြည်သူတွေဆီက ပြန်သိရတာလည်းရှိတယ်”ဟု စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို ACDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်ခံရမှုဖြစ်ပွားပြီး နောက်တစ်ရက် ဒီဇင်ဘာ ၂၁ ရက်တွင် စစ်ကောင်စီတပ်က ဝပ်စကျင်းနှင့် စပ်စီကျေးရွာများဝင်ရောက်ကာ လူငယ်များအား လိုက်လံဖမ်းဆီးခြင်းများလုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံလူငယ်အများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ အင်အားအချို့သည် စပ်စီကျေးရွာ ဘုန်းကြီး ကျောင်း၌ ဆက်လက်တပ်စွဲထားသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အား အာရက္ခတပ်တော်(AA)က ဒီဇင်ဘာ ၂၀ရက်တွင် သိမ်းပိုက်ပြီး အမ်းတစ်မြို့နယ်လုံးကို အပြီးသတ်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နပခ ဌာနချုပ်သိမ်းပိုက်ရာတွင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်​သောင်းထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်​ကျော်​ကျော်သန်းတို့ကို AAက ဖမ်းမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

မန္တလေးကနေ ဗန်းမော်မြို့ကိုသွားတဲ့ စစ်သ င်္ဘောတွေတိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့အရာရှိနဲ့အခြားအဆင့်တွေ အများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

Facebook