Connect with us

Hi, what are you looking for?

သတင်း

ရေကြည်မြို့တွင် ရခိုင်စစ်ဘေးရှောင်၁၆ဦးကို စစ်ကောင်စီဖမ်းဆီး

ဂွမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်ကို အရှိန်အဟုန်မြှင့်ထားပြီး ထွက်ပြေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်နေကာ ဂွမြို့ကိုမကြာခင်ထိန်းချုပ်နိုင်တော့မည်ဟု AA က ဒီဇင်ဘာလ၂၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

(ရခိုင်စစ်​ဘေး​ရှောင် ပြည်သူအချို့ အချို့ကို၂၀၂၄ နှစ်ဆန်းပိုင်းက ​တွေ့ရစဥ်။ဓါတ်ပုံ-REC)
(ရခိုင်စစ်​ဘေး​ရှောင် ပြည်သူအချို့ အချို့ကို၂၀၂၄ နှစ်ဆန်းပိုင်းက ​တွေ့ရစဥ်။ဓါတ်ပုံ-REC)

အိမ်သွင်/People’s Spring

လေယာဉ်ကွင်းအရေးပေါ် ဆောက်လုပ်နေသည့်ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ အမြောက်တပ် -အမတ(၃၄၄)အနီး မြောက်စမ်းရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ရခိုင်စစ်ဘေးရှောင် ၁၆ဦးကို ဖမ်းဆီးသွားသည်။

မြောက်စမ်းရွာကို ဒီဇင်ဘာလ၂၂ရက် ညနေ၌ စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။

“အင်အား ၃၀ကျော်နဲ့ ဝင်လာတာ။ သေနတ်တွေ ထိုးချိန်ပြီး အကြမ်းဖက်တယ်။ အိမ်တွေထဲဝင်ဆွဲတယ်။ ၁၆ယောက်ကို ဖမ်းသွားပြီး ရေကြည်ရဲစခန်းကိုခေါ်သွားတယ်။ အဖမ်းခံရသူအကုန်လုံးက ဂွဘက်ကနေ လာတဲ့စစ်ဘေးရှောင်တွေ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသူများ ယနေ့ (ဒီဇင်ဘာလ ၂၃) နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

အာရက္ခတပ်တော်(AA) ၏ ထိုးစစ်ဆင်နေသည့်ဂွမြို့နယ်နှင့်ဆက်စပ်နေသော ရေကြည်မြို့နယ်မှ အမတ(၃၄၄) တွင် စစ်ကောင်စီက ဒီဇင်ဘာလလယ်မှစ၍ လေယာဉ်ကွင်းတစ်ခု အရေးပေါ် ဆောက်လုပ်နေသည်။ အဆိုပါသတင်းထွက်ပေါ်လာပြီးနောက် မြောက်စမ်းရွာကို ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။

“လေယာဉ်ကွင်းရဲ့ဓာတ်ပုံကို ရိုက်တယ်ဆိုပြီးစွပ်စွဲတယ်ဗျ။နောက်ပြီး ရခိုင်စစ်ဘေးရှောင်တွေကိုပစ်မှတ်ထားပြီးဖမ်းသွားတယ်” ဟု ရေကြည်မြို့မှ အမျိုးသားတစ်ဦးကပြောသည်။

ရေကြည်မြို့သည် စစ်ကောင်စီလက်အောက်ခံ ဧရာဝတီတိုင်းဝန်ကြီးချုပ်၏ ဇာတိမြို့ဖြစ်ပြီး လုံခြုံရေးအထူးတင်းကြပ်ထားသလို အာရက္ခတပ်တော်( AA)နှင့် PDF များ၏တိုက်ခိုက်လာနိုင်ခြေကို တုန့်ပြန်ရန် ခံစစ်ပြင်ထားသည်ဟု သတင်းရရှိသည်။

ဂွ-ငါးသိုင်းချောင်း-ရေကြည်လမ်းသည် တစ်ဆက်တည်းရှိပြီး လက်ရှိတွင် AA က ဂွမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်။ ဂွမြို့တွင် စစ်ရေးရှုံးနိမ့်နေသည့်စစ်ကောင်စီဧရာဝတီတိုင်းဘက်ခြမ်းတွင် အင်အားအများအပြား တိုးထားသည်။

ဂွမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်ကို အရှိန်အဟုန်မြှင့်ထားပြီး ထွက်ပြေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်နေကာ ဂွမြို့ကိုမကြာခင်ထိန်းချုပ်နိုင်တော့မည်ဟု AA က ဒီဇင်ဘာလ၂၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။