Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများ ခြိမ်းခြောက်ငွေတောင်းခံရပါက ကြောက်လန့်ငွေပေးခြင်းမပြုဘဲ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်အကြောင်းကြားရန် တောင်သာပကဖ ပြော

ပြည်သူကိုအနှောက်အယှက်ဖြစ်စေသော၊ ပြည်သူထိတ်လန့်စေသော မည်သည့်ငွေကြေးတောင်းခံမှုမျိုးကိုမျှ မည်သည့်အချိန်အခါကမှ မပြုလုပ်ခဲ့ဟု အသိပေးပြီး နောင်ဘယ်အခါမှလည်း ပြုလုပ်မည်မဟုတ်ဟု ကတိပြု ထုတ်ပြန်သည်။

(တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်)
(တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်)

ထားမြတ်/People’s Spring

ပြည်သူလူထုအား ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှုများရှိနေ၍ ထိုအခြေအနေမျိုးကြုံရပါက တော်လှန်ရေးအင်အားစုများထံ အကြောင်းကြားရန် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

TTA တောင်သာပြောက်ကျားတပ်အမည်ဖြင့် ဒီဇင်ဘာ ၂၅ရက်စွဲပါစာတွင် ပြည်သူလူထုထံ ကျပ် ၁၀သိန်း ခြိမ်းခြောက်တောင်းဆိုထားသည့် စာနှင့်ပတ်သက်ပြီး တောင်သာ ပကဖက ကြေညာချက်ထုတ်ပြန်ရာ မြို့နယ်ပကဖ အနေဖြင့် ထိုသို့ငွေကြေးခြိမ်း‌ခြောက်တောင်းခံမှုမျိုးကို ပြုလုပ်မည်မဟုတ်ကြောင်း အပြည့်အ၀ တာဝန်ယူ ဖြေရှင်းနိုင်ဟု ဖော်ပြသည်။

ထိုကဲ့သို့ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုကို စစ်ကောင်စီဘက်က အသွင်ယူပြုလုပ်သည် ဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်သည်ဖြစ်စေ အောက်တန်းကျသောလုပ်ရပ်အဖြစ် ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း တောင်သာ ပကဖက ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေအနေနဲ့ ဒီလို ခြိမ်းခြောက်တောင်းခံတာမျိုးကို မကြောက်လန့်ဖို့၊ ကြောက်ပြီး မပေးမိဖို့လိုတယ်ပေါ့ဗျာ။ အဲဒီလို ခြိမ်းခြောက်တောင်းခံရလို့ရှိရင် နည်းလမ်းရှာပြီးတော့ တော်လှန်ရေးအင်အားစုတွေဆီကို အကြောင်းကြားသင့်တယ်” တောင်သာ ပကဖ တာဝန်ရှိသူက ပြောသည်။

နွေဦးတော်လှန်ရေးသည် ပြည်သူလူထု၏ ထောက်ခံမှု၊ထောက်ပံ့မှုဖြင့် ဖက်ဆစ်ဝါဒီအကြမ်းဖက်စစ်တပ် ဤမြေမှပပျောက်ရေးအတွက် ပေါ်ပေါက်လာသော လူထုတော်လှန်ရေးတရပ်ဖြစ်ကြောင်း၊ တောင်သာ ပကဖသည် လည်း ပြည်သူကိုကိုယ်စားပြုသော မြို့နယ်ကိုယ်စားပြု တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်ကြောင်း အသိပေးသည်။

ပြည်သူကိုအနှောက်အယှက်ဖြစ်စေသော၊ ပြည်သူထိတ်လန့်စေသော မည်သည့်ငွေကြေးတောင်းခံမှုမျိုးကိုမျှ မည်သည့်အချိန်အခါကမှ မပြုလုပ်ခဲ့ဟု အသိပေးပြီး နောင်ဘယ်အခါမှလည်း ပြုလုပ်မည်မဟုတ်ဟု ကတိပြု ထုတ်ပြန်သည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ပြည်သူ့ကာကွယ်ရေးရဲဘော်များပီပီ ပြည်သူကို အမြဲတမ်း အလေးအမြတ်ပြုသော၊ ပြည်သူကို ကာကွယ်စောင့်ရှောက်နိုင်သော အဖွဲ့အစည်းအဖြစ် အမြဲတမ်းရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ပြည်သူ့ထံကတိသစ္စာပြုသည်ဟု တောင်သာ ပကဖက ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။