Connect with us

Hi, what are you looking for?

သတင်း

စစ်တွေတွင် AAနှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

စစ်ကောင်စီတပ်စွဲထားသည့် ကျားမသောက်စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၆ရက်ည‌နေတွင် AAက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၂၇ရက်​နေ့) အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

(အမ်းမြို့သိမ်းတိုက်ပွဲ နှင့် နပခ သိမ်းရန် ထိုးစစ်ဆင်​ခဲ့​သော AAတပ်ဖွဲ့ဝင်များ ၊ ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ဓါတ်ပုံ-AA)
(အမ်းမြို့သိမ်းတိုက်ပွဲ နှင့် နပခ သိမ်းရန် ထိုးစစ်ဆင်​ခဲ့​သော AAတပ်ဖွဲ့ဝင်များ ၊ ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ဓါတ်ပုံ-AA)

အိမ်သွင်/People’s Spring

စစ်တွေမြို့အနီးရှိ ကျားမသောက် စစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော်(AA)က စတင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ​ဒေသခံအချို့က​ပြောသည်။

စစ်ကောင်စီတပ်စွဲထားသည့် ကျားမသောက်စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၆ရက်ည‌နေတွင် AAက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၂၇ရက်​နေ့) အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ကျားမသောက်ဂိတ်က စစ်တွေအဝင်ဘက်မှာရှ်ိတာ။ စစ်ကောင်စီအင်အားများတယ်။ ဒီနေ့ တိုက်ပွဲဖြစ်လို့ ဒေသခံတွေရှောင်ရတာရှိတယ်။ အရင်ရက်ကတော့ စစ်တွေနဲ့ပုဏ္ဏားကျွန်းဝန်းကျင်မှာ လေကြောင့်တိုက်ခိုက်မှုရှိတယ်။ ဒီနေ့တော့မရှိသေးဘူး” ဟု ရခိုင်စစ်‌ ရေးသတင်းမြစ်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

(အမ်းမြို့သိမ်းတိုက်ပွဲ နှင့် နပခ သိမ်းရန် ထိုးစစ်ဆင်​ခဲ့​သော AAတပ်ဖွဲ့ဝင်များ ၊ ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ဓါတ်ပုံ-AA)
(အမ်းမြို့သိမ်းတိုက်ပွဲ နှင့် နပခ သိမ်းရန် ထိုးစစ်ဆင်​ခဲ့​သော AAတပ်ဖွဲ့ဝင်များ ၊ ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ဓါတ်ပုံ-AA)

ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ -စစ်တွေ) လက်အောက်မှ တပ်ရင်းများနှင့် AAသည် ကျားမသောက် ၊ကျောက်တန်းကြီး၊ ကျောက်တန်းချေ ကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

AAသည် ရခိုင်ပြည်နယ်တွင် လက်ရှိတိုက်ခိုက်နေဆဲ ဂွမြို့နှင် မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်မှလွဲ၍ ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းယူထားနိုင်ပြီဖြစ်သည်။ ဂွမြို့ကိုလည်းမကြာခင်သိမ်းယူနိုင်တော့မည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်၌ စစ်ရှုံးနေပြီဆိုသည်ကို လက်ခံရန်နှင့် မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင်လက်နက်ချရန် ဒီဇင်ဘာ ၂၀ ရက်က နပခအား သိမ်းယူသည့်တိုက်ပွဲတွင်ဖမ်းမိထားသည့်တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက တိုက်တွန်းသည်ရုပ်သံဖိုင်ကို AAက ဒီဇင်ဘာ ၂၆ ရက်ည တွင်ထုတ်ပြန်သည်။

ယခုရက်ပိုင်းတွင် ကျောက်ဖြူနှင့်မာန်အောင်မြို့၌ စစ်ရေးလှုပ်ရှားမှုမရှိသော်လည်း စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများရှိသလို AAတပ်ဖွဲ့ဝင်များလည်းရှိနေသည်ဟု သိရှိရသည်။

AAသည် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင် မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ စစ်တွေမြို့သည် ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်ပြီး စစ်ကောင်စီက ရေလမ်းကြောင်းကိုပိတ်ဆို့ထားသလို မြို့တွင်း၌လည်း ခံစစ်ပြင်ဆင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ ပြုန်းတီးနေသည့် စစ်အင်အားများဖြည့်တင်းရန် လူသစ်စုဆောင်းခြင်း အပါအဝင် စစ်ကောင်စီကြောင့် ပြည်သူများ နည်းမျိုးစုံစိတ်ဒုက္ခကြုံနေရ၍ တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားဖြည့်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆောင်းပါး

"အဲ့ဒါ အဲ့ဒါ ကျတော့်သမီးလေး။ သူ အသက်ရှိနေအုံးမှာ။ ကျတော်ကိုယ်တိုင် ဆွဲထုတ်ပါရစေဗျာ"

သတင်း

ဇန်နဝါရီ ၁၄ ရက်တွင်လည်းမ​ပေါက်ကွဲ​သေး​သော​ပေါင် ၅၀၀ ဗုံး​တွေ့

Infographics

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီလပထမနှစ်ပတ်အတွင်း ပြည်နယ် ၅ခုနှင့် တိုင်း ၅တိုင်းကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူအနည်းဆုံး ၉၀ သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

Facebook