Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့မရဲစခန်း ဗုံးချတိုက်ခိုက်ခံရ၊ ရဲလေးဦး ဒဏ်ရာရ

ဒီဇင်ဘာ၂၈ရက် ည ၇နာရီခွဲအချိန်တွင် မြဝတီမြို့မရဲစခန်း ဗုံးနှစ်လုံးချတိုက်ခိုက်ခံရ၍ ရဲလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

မြဝတီမြို့မရဲစခန်း ဗုံးချတိုက်ခိုက်ခံရ၊ ရဲလေးဦး ဒဏ်ရာရ
မြဝတီမြို့မရဲစခန်း ဗုံးချတိုက်ခိုက်ခံရ၊ ရဲလေးဦး ဒဏ်ရာရ

ဒီးဒီ/ People’s Spring

စစ်မှုထမ်းရန်ဖမ်းဆီးခြင်းနှင့် ပြည်သူများအပေါ်ခြိမ်းခြောက်ဖမ်းဆီးငွေတောင်းခံနေသော မြဝတီမြို့မရဲစခန်းအား ဗုံးချတိုက်ခိုက်ခံရမှု ယမန်နေ့ညက ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ၂၈ရက် ည ၇နာရီခွဲအချိန်တွင် မြဝတီမြို့မရဲစခန်း ဗုံးနှစ်လုံးချတိုက်ခိုက်ခံရ၍ ရဲလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီဒေသတွင် စစ်ကောင်စီတပ်များအား ချေမှုန်းတိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက မြဝတီမြို့မရဲစခန်းအား သတိပေးမှုပြုလုပ်အပြီး နာရီပိုင်းအကြာတွင် ဗုံးချတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ မြဝတီကရဲနှင့်အုပ်ကြီး ဆ​ယ်အိမ်မှူးတွေကို နောက်ဆုံးသတိပေးမ​ယ် ပြည်သူကိုခြိမ်းခြောက် ငွေညစ်ဖမ်းဆီးနေတာတွေ ရပ်တန်းကရပ်သင့်ပြီနော် သတိပေးထားတာမရပ်ရင်တော့ မြွေဟောက်အဆိပ်ပြင်းတယ်ဆိုတာခံစားရမယ်” ဟု ကော်ဘရာစစ်ကြောင်းမှူးတစ်ဦးက ၎င်းင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ ၂၈ရက် ညနေ ၃နာရီအချိန်တွင် သတိပေးရေးသားခဲ့ခြင်းဖြစ်သည်။

” တော်လှန်ရေးတပ်ဖွဲ့ကလည်း သတိပေးထားတာရှိတယ်။ မြဝတီမြို့မှာ ရာအိမ်မှူးတွေ၊ ရဲတွေက အတော်ဆိုးနေတယ်။ အဲဒါကို သတိပေးတာလို့ကြားတယ်။ ပြည်သူတွေရဲ့ တိုင်တန်းကြားမှုတွေလည်း ရှိနေတယ်ကြားတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ ရဲစခန်းအား တိုက်ခိုက်မှုထပ်မံပြုလုပ်မည်ဟုလည်းသတင်းကြားထားကြောင်း ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ဧပြီလအတွင်း မြဝတီမြို့စောင့်တပ်အားတိုက်ခိုက်ပြီးနောက် ယခုတစ်ကြိမ် မြဝတီမြို့မရဲစခန်းအား ပြန်လည်တိုက်ခိုက်လာခြင်း ဖြစ်သည်။

ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်အတွက်အရေးပါသည့် မြဝတီမြို့နှင့် သင်္ဃန်းညီနောင်မြို့ စစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဦးဆောင်းသည့် PDF ပူးပေါင်းများက ၂၀၁၄ မတ်လတွင် စတင်ခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးမြို့တော်ဖြစ်သော မြဝတီမြို့အတွက်စစ်ရေးအရအရေးပါသည့် သင်္ဃန်းညီနောင်မြို့ရှိ ဗျူဟာစခန်းအပါအဝင် ခြေလျင်တပ်ရင်းများအား မတ်လ ၇ရက်ကထိုးစစ်စတင်ရာ ဧပြီ ၅ရက်တွင် သင်္ဃန်းညီနောင်မြို့ဗျူဟာတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ(၂၇၅)တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်ရာ ဧပြီ ၁၀ရက် ညပိုင်းတွင် သိမ်းပိုက်ခဲ့သည်။ အဆိုပါ ခလရ(၂၇၅)မှ ထွက်ပြေးကြသည့် တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက် ဦးဆောင်သော စစ်ကောင်စီတပ်သားများမှာ ထိုင်း – မြန်မာချစ်ကြည်ရေးအမှတ်(၂)တံတားအောက်၌ သွားရောက်ခိုလှုံခဲ့ကြသည်။

မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့အား တော်လှန်ရေးပူးပေါင်းတပ်က ၃၆နာရီကြာတိုက်ခိုက်ပြီးနောက် ဧပြီ ၂၁ရက် နံနက် ၉နာရီတွင် ပစ်ခတ်မှုရပ်ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ထို့နောက်ပိုင်းတွင် စစ်ကောင်စီက မြဝတီမြို့ကို အင်အားထပ်ဖြည့်ပြီးနောက် မြို့အားထိန်းချုပ်ရန်ကြိုးပမ်းလာခြင်းဖြစ်သည်။

လက်ရှိတွင် မြဝတီမြို့ရှိ ရဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက မြို့ခံများအပေါ် ခြိမ်းခြောက်ဖမ်းဆီးငွေတောင်းခံနေမှု ဆိုးရွားစွာပြုလုပ်နေသည်ဟု အဆိုပါမြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ၊ မြ၀တီမြို့တောင်ဘက်က ရသေ့ဂူရွာနဲ့ ဖလူးလေးကျေးရွာကြားမှာ မနေ့ (ဒီဇင်ဘာ ၁၉) ကရင်နှစ်သစ်ကူးနေ့က စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် KNU ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ် လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်‌ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

ဆောင်းပါး

လပြည့်ညက စစ်ကောင်စီ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဒီနေရာဟာ အခုတော့ လူသူမရှိ ငြိမ်သက်နေခဲ့တယ်။ ဒါပေမဲ့ အနံ့အသက်တခုတော့ ဦးဇင်းရခဲ့တယ်။ "ဒီနေ့ထိ သွေးညှိအနံ့တွေ ရနေတုန်း"လို့ ဦးဇင်းက မိန့်တယ်။