Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်တိုက်ပွဲ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မမှူးနှစ်ဦး သေဆုံး

ဒီဇင်ဘာအတွင်း ရခိုင်ဒေသတိုက်ပွဲများ၌ ဗိုလ်မှူးချပ်သုံးဦးကို အရှင်ဖမ်းမိပြီး တပ်မမှူး ဗိုလ်မှူးကြီးနှစ်ဦးသေဆုံးခြင်းခြင်း ဖြစ်သည်။

(ဂွမြို့အားသိမ်းပိုက်ပြီးနောက် တွေ့ရသော AA ရဲဘော်များ။ ဓာတ်ပုံ - AA)
(ဂွမြို့အားသိမ်းပိုက်ပြီးနောက် တွေ့ရသော AA ရဲဘော်များ။ ဓာတ်ပုံ - AA)

ဇော်ဂျီ(ဧရာဝတီ)/People’s Spring

အာရက္ခတပ်တော်(AA)၏ ဂွမြို့သိမ်းတိုက်ပွဲတွင် သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ကျော်အနက် တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီးတစ်ဦးပါဝင်ပြီး ရခိုင်စစ်မြေပြင်၌ ၁၀ရက်ကျော်အတွင်း ဗိုလ်မှူးကြီးနှစ်ဦး သေဆုံးခြင်းဖြစ်သည်။

တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနှင့် တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ သေဆုံးခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၉ရက်တွင် AAက သတင်းထုတ်ပြန်ရာတွင် တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းသည် ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦး နှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက်တို့နှင့်အတူ အင်အား ၁,၂၀၀ခန့်ကို ဦးဆောင်၍ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့ဖြင့် ခုခံကာကွယ်ခဲ့သော်လည်း တိုက်ပွဲအတွင်း သေဆုံးသွားပြီဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးကြီးအောင်နေမျိုးသည် ဒီဇင်ဘာ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)အား သိမ်းယူစဉ် ရွှေတုံး၊ရွှေထည်အချို့နှင့် ငွေကျပ်သိန်း၈၀၀ခန့် နှင့်အတူ ထွက်ပြေးသွားရာ ဒီဇင်ဘာ ၁၇ရက်တွင် အသေဖမ်းမိခြင်းဟု AAက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် စစ်အင်္ဂါစဥ်အရ ရှေ့ဆင့်နောက်ဆင့် တပ်မနှစ်ခုဖြစ်သည့် တပ်မ(၁၁)နှင့် တပ်မ(၂၂) တပ်မမှူးနှစ်ဦး ရက်အနည်းငယ်သာခြား၍ ရခိုင်ပြည်နယ်၌ သေဆုံးသွားခြင်းဖြစ်သည်။

ဒီဇင်ဘာ ၈ရက်ကတိုက်ပွဲတွင် ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကိုလည်း AAက အရှင်ဖမ်းမိခဲ့သည်။

ထို့အပြင် ဒီဇင်ဘာ ၂၀ရက်က အမ်းမြို့မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အား သိမ်းယူသည့်တိုက်ပွဲအတွင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို အရှင်ဖမ်းဆီးခဲ့သည်။

ထို့ကြောင့် ဒီဇင်ဘာအတွင်း ရခိုင်ဒေသတိုက်ပွဲများ၌ ဗိုလ်မှူးချပ်သုံးဦးကို အရှင်ဖမ်းမိပြီး တပ်မမှူး ဗိုလ်မှူးကြီးနှစ်ဦးသေဆုံးခြင်းခြင်း ဖြစ်သည်။

AAသည် ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များ နှင့် ပလက်ဝ ဒေသ တိုက်ပွဲများတွင်လည်း စစ်ကောင်စီထိပ်တန်းအရာရှိများကို ဖမ်းဆီးခဲ့ဖူးသလို အချို့ သေဆုံးခဲ့သည်။ပြီးခဲ့သည့်ဖေဖော်ဝါရီဆန်းပိုင်းက ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များမှ စကခ (၉) လက်အောက်ခံတပ်ရင်းများကို AAက တိုက်ခိုက်စဉ် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုလည်း အရှင်ဖမ်းဆီးမိခဲ့သည်။

ဖေဖော်ဝါရီတိုက်ပွဲအတွင်း မြောက်ဦးမြို့ ခမရ (၃၇၇)အား တိုက်ခိုက်သိမ်းပိုက်စဉ် ယင်းအချိန်က တပ်မ (၁၁)တပ်မမှူးဗိုလ်မှူးကြီး မင်းမင်းထွန်းအား အသေဖမ်းမိခဲ့သည်။

ယခု ဂွမြို့သိမ်းတိုက်ပွဲအတွင်း သေဆုံးသည့် ဗိုလ်မှူးကြီးသန်းစိုးဝင်းသည် တပ်မ (၁၁)တပ်မမှူးအဖြစ် ထပ်မံခန့်အပ်ခံရခြင်းဖြစ်သည်။

ထို့အပြင် ပလက်ဝဒေသတိုက်ပွဲတွင်လည်း ပလက်ဝအခြေစိုက်စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုအတည်ပြု၍ မရနိုင်ကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် AAက ထောင်နှင့်ချီသော စစ်သုံ့ပန်းများအပြင် စစ်ကောင်စီထိပ်တန်းအရာရှိများအဖြစ် ဗိုလ်မှူးချုပ်လေးဦး ဖမ်းဆီးထားသည်။

AAသည် ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တို့ကိုသာ သိမ်းယူရန်ကျန်ရှိတော့ပြီး ကျန်မြို့နယ်များကို ထိန်းချုပ် ထားနိုင်ပြီဖြစ်သည် လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခင်းအကျင်း၊ အဖြစ်အပျက် များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အသင့်ရှိကြောင်း AAက ဒီဇင်ဘာ၂၉ရက်တွင် ကြေညာထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်၌ စစ်ရှုံးနေပြီဆိုသည်ကို လက်ခံရန်နှင့် ပြည်သူလူထုကိုဗုံးကြဲတိုက်ခိုက်ခြင်းမပြုရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ခေါင်းဆောင်မပီသသည့် စစ်ကောင်စီခေါင်းဆောင်လက်အောက်၌ တာဝန်မထမ်း‌ဆောင်ဘဲ လက်နက်ချကြရန်စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ရုပ်သံမှတဆင့် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ