Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် နမခစစ်ကြောင်းဝင်ရောက်ပြီး ပြည်သူ ၅၀ခန့် ဖမ်းဆီး

စစ်ကြောင်းကြောင့် ဘုတလင်မြို့နယ် အတွင်း မုံရွာ-ဘုတလင် လမ်းတ​လျှောက်ရှိ ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

(ဘုတလင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ မေလ ၂၁ ရက်က တွေ့ရစဥ်။ဓာတ်ပုံ - The Helpers For Spring/FB)
(ဘုတလင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ မေလ ၂၁ ရက်က တွေ့ရစဥ်။ဓာတ်ပုံ - The Helpers For Spring/FB)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာများအား မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေပြီး ဒေသခံပြည်သူ ၅၀ခန့်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) နံနက် ၄နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်သည် ကား ၅စီးဖြင့် ဘုတလင် မြို့နယ်ရှိ ဇီးတော(အနောက်)ရွာ၊ရွှေချောင်းလည်ရွာ ၊ သရက်တိုရိုးရွာနှင့် ကံသစ်ကျေးရွာတို့အား ဝင်ရောက်ပြီး ဒေငခံပြည်သူ ၅၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“ဇီးတောရွာက ပြည်သူတွေ တော်တော်များများ အဖမ်းခံလိုက်ရတယ်။ အဖမ်းဆီးခံရတဲ့ပြည်သူ တော်တော်များခဲ့တယ်။ လမ်းဘေးမှာ ကြက်သွန်နုတ်နေတဲ့ ပြည်သူတွေကိုလည်း ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်တယ်။ ခရီးသွားပြည်သူတွေကိုလည်း ဓါးစာခံအဖြစ် ဖမ်းဆီးတယ်။”ဟု ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သော ရွာဇော်ကြီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းကြောင့် ဘုတလင်မြို့နယ် အတွင်း မုံရွာ-ဘုတလင် လမ်းတ​လျှောက်ရှိ ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အရင်စစ်ကြောင်းဖြစ်ထားတဲ့ပုံစံအရ စစ်ကြောင်းကို ကြောက်နေကြတာလေ။”ဟု ဘုတလင်မြို့ဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဘုတလင်-မုံရွာလမ်းပိုင်းအား အသုံးမပြုကြရန်နှင့် စစ်ကြောင်းဦးတည်နေသော ကျေးရွာများမှ ပြည်သူများ အချိန်မီရှောင်တိမ်းထားကြရန် ရွာဇော်ကြီးက သတိပေးထားသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာအတွင်းကလည်း ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ပြီး ပြည်သူ ၂၀ထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ထို့အပြင် စီပါကျေးရွာတွင်မူ ရုပ် အလောင်းများအား တစ်စစီခုတ်ထစ်ဖြတ်တောက်၍ ခြံစည်းရိုးဝင်းပေါ်တွင် တင်သွားခဲ့ဖူးသည်။

အလားတူ ဒီဇင်ဘာ ၁၉ ရက်ကလည်း ဘုတလင်မြို့နယ်၊ အင်တိုင်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာ အသက် ၈ နှစ်အရွယ် ကလေး အပါအဝင် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ပျက်စီးခဲ့သည်။

(ဘုတလင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ မေလ ၂၁ ရက်က တွေ့ရစဥ်။ဓာတ်ပုံ – The Helpers For Spring/FB)

ဆက်စပ်သတင်းများ

သတင်း

ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာကို ဒီဇင်ဘာလ၂၄ရက်တွင် မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မြစ်ခြေမြို့နယ်သို့ ဒီဇင်ဘာ လ၂၉ ရက်မှစ၍ ဝင်ရောက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

သတင်း

စက်တင်ဘာ ၃၁ရက်က ကူတော်ရဲကင်းစခန်းမှ အင်အား ၈၅ဦးပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပျက်စီးသွားခဲ့သည်။

သတင်း

ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းတွင် စစ်ကောင်စီပစ်ခတ်သွားသည့် လူငယ်တဦး၏ရုပ်အလောင်းကို ဘုတလင်မြို့၊ ခုံမင်းကြီးရပ်တွင် တွေ့ရှိခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက တော်လှန်ရေးရဲဘော်တစ်ဦးအား သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။