Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် အလှကုန်ကုမ္ပဏီအနုကြမ်းစီးရပြီး ကျပ်သိန်း ၆၀၀နှင့်ကားတစ်စီး ပါသွား

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်ညကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်က နေအိမ်ကို ပျူစောထီးအဖွဲ့က ဝင်ရောက်ဓါးပြတိုက်ခဲ့သေးသည်။

(ဒီဇင်ဘာ ၁၈ ရက်က ဓါးပြတိုက်ခံရသည့် မန္တလေးမြို့ရှိ နဂါးနန်းတော်ရွှေဆိုင် အား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)
(ဒီဇင်ဘာ ၁၈ ရက်က ဓါးပြတိုက်ခံရသည့် မန္တလေးမြို့ရှိ နဂါးနန်းတော်ရွှေဆိုင် အား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

အင်ကြင်း/People’s Spring

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ အလှကုန်ရောင်းဝယ်ရေးကုမ္ပဏီ အနုကြမ်းစီးခံရပြီး ကျပ်သိန်း ၆၀၀ခန့် နှင့် ကားတစ်စီး ပါသွားကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၁နာရီခန့်က မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၄၃ လမ်း၊ ၆၄လမ်းနှင့် ၆၅ လမ်းကြားရှိ ဆင်ဖြူတော်သယ်ယူပို့ဆောင်ရေးနှင့် အလှကုန်ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီ၌ ဝန်ထမ်းအမျိုးသမီး သုံးဦးရှိနေစဥ် နှာခေါင်းစည်း(Mask) များတပ်ထားသည့် သေနတ်ကိုင်ဆောင်ထားသော အမျိုးသား နှစ်ဦးဝင်လာပြီး အနုကြမ်းစီးခဲ့ကြောင်း စစ်ကောင်စီ၏ တယ်လီဂရန်ချန်နယ်များတွင် ရေးသားသည်။

ထို့နောက် ရုံးခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ ကျပ်သိန်း ၆၀၀ ခန့်နှင့် ရုံးရှေ့ရပ်ထားသည့် Suzuki Ertiga အမျိုးအစား အဖြူရောင်ကားအား ယူဆောင်မောင်းနှင်သွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ကုမ္ပဏီကားလိုမျိုးနဲ့လာကြတာ။ သေနတ်လည်းပါတယ် ပြောတယ်။ ငွေကိုအိမ်ရှင်ကို ထည့်ခိုင်းပြီး ကားပါတောင်းပြီး မောင်းထွက်သွားတာလို့ကြားတယ်။”ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ အနုကြမ်းစီးခံရသောလုပ်ငန်း၏ မြောက်ဘက် ၄၂ လမ်း၊ ၆၄ လမ်းနှင့် ၆၅ လမ်းကြား၌ စစ်အုပ်စု မကြာခဏဝင်ထွက်နေသည့် မဟာမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိကြောင်း၊ လူသွား၊လူလာမပြတ်ဘဲ ဓားပြဝင်တိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ဒီဇင်ဘာ ၁၈ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇လမ်းမပေါ်၊ ၃၆ လမ်းနှင့် ၃၇လမ်းကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံရပြီး ကျပ်သိန်းသုံးသောင်းကျော်တန်ဖိုးရှိ ရွှေ ၄ ပိဿာခန့် ဆုံးရှုံးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်ညကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်က နေအိမ်ကို ပျူစောထီးအဖွဲ့က ဝင်ရောက်ဓါးပြတိုက်ခဲ့သေးသည်။

စက်တင်ဘာ ၁၀ ရက်ကလည်း မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ခုနစ်သောင်းကျော်တန်ကြေးရှိ ရွှေထည်များ ဆုံးရှုံးခဲ့ဖူးသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ရှိ ရွှေဆိုင်များ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းအများအပြား ဓါးပြတိုက်၊အနုကြမ်းစီးခံခဲ့ရပြီး ဓါးပြမှုအများစုသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများကလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ်ကုန်ပိုင်းတွင် မန္တလေးအပြင် ရန်ကုန်၊ မုံရွာမြို့တို့ကဲ့သို့မြို့ကြီးများတွင်လည်း ဓါးပြတိုက်လူသတ်မှုများ ခပ်စိတ်စိတ်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

နေ့ညမရွေးလိုက်ဖမ်းနေဟု မန်းသပိတ်အင်အားစု အသိပေး

ဆောင်းပါး

အစားအသောက်ကောင်းကြိုက်တဲ့သူတိုင်း သဘောကျတတ်ကြတဲ့ မန္တလေးမြို့မှာ အခုဆိုရင် မန္တလေးအစားအစာတွေအပြင် နယ်စုံဒေသစုံက အစားအသောက်တွေ ပိုမိုစုံလင်များပြားလို့နေပါပြီ။ ဘာလို့လဲဆိုတော့ အနယ်နယ်အရပ်ရပ်ကနေ စစ်ရှောင်ရင်း မန္တလေးမြို့ပေါ်ရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ဒေသအစားအစာဆိုင်လေးတွေ ပေါ်ပေါက်လာခဲ့လို့ပါ။

သတင်း

ဝန်ထမ်းတွေရဲ့ပြောကြားချက်အရ စက်ရုံအလုပ်ရုံတိုင်းကို စစ်တပ်ကစာရင်းတောင်းတာမို့ လုပ်ငန်းရှင်တွေအားလုံးက ပေးထားရတာလို့ ဆိုပါတယ်။

သတင်း

မန္တလေးမြို့မှာ နှစ်သစ်ကူးညပွဲတော်ပြုလုပ်ဖို့အတွက် စစ်ကောင်စီက လုံခြုံရေးတွေအများကြီးချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။