Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်

လေကြောင်းတိုက်ခိုက်မှုများအနက် သိမ်တော်ကြီးဘုရားကျောင်းဝင်းအတွင်း ၈ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

(KIA ဂေါ်ရခါးတပ်ရဲဘော်များအား သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းတစ်ခုရှေ့တွင် ၂၀၂၄ ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Go Pal Rimal/FB)
(KIA ဂေါ်ရခါးတပ်ရဲဘော်များအား သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းတစ်ခုရှေ့တွင် ၂၀၂၄ ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Go Pal Rimal/FB)

▪️ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီလေကြောင်မှ ၁၁ကြိမ်ပစ်ကူပေးခုခံ

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေရာ ၁လနီးပါးရှိပြီဖြစ်ပြီး ယမန်နေ့ (ဒီဇင်ဘာ ၃၁ရက်)က မြို့ပေါ် တိုက်ပွဲပြင်းထန်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မနေ့က ဗန်းမော်မြို့ထဲမှာ တိုက်ပွဲပြင်းထန် တယ်။ မြို့ထဲလေကြောင်းတိုက်ခိုက်မှု ၁၁ကြိမ် လုပ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများအနက် သိမ်တော်ကြီးဘုရားကျောင်းဝင်းအတွင်း ၈ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” အကုန်ပျက်စီးကုန်ပြီ။ ပြည်သူနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုများတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်မှ အသိပေးဖော်ပြထားရာ ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းရရှိခဲ့ပြီး အလံဖြူထောင်သူများလည်းရှိသည်ဟု ဆိုသည်။

ဒီဇင်ဘာ ၃၁ရက်တွင် ဗန်းမော်မြို့ ဝင်းလိုက် ဟိုတယ်၊ သိမ်တော်ကြီးဝင်း နေရာတွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

KIA အနေဖြင့် ဗန်းမော်နှင့် မံစီမြို့ကို တပြိုင်တည်း ထိုးစစ်ဆင်ကာ ဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်။

တိုက်ပွဲသတင်း အသေးစိတ်အခြေအနေကို သတင်းထုတ်ပြန် ခြင်းမရှိသေးသော်လည်း ဗန်းမော်နှင့် မံစီမြို့၌ တိုက်ပွဲဆက်ရှိနေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူက ယခုရက်ပိုင်းတွင် ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော