Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်မှူးဒါဘောဦးဆောင်သော ကော်ဘရာစစ်ကြောင်းအား ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ သွားရောက်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အဖွဲ့သည် ပြီးခဲံသည့်ရက်ပိုင်းကလည်း မြေပြင်ရှိ PDF တပ်ရင်၊တပ်ဖွဲ့များမှ ရဲဘော်များထံ သွားရောက်တွေ့ဆုံးခဲ့သေးသည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ - NUG

People’s Spring

စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းအား ထိုးစစ်ဆင် ချေမှုန်းလျက်ရှိသော ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်သည့် ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း NUGက အသိပေးထုတ်ပြန်သည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ – NUG

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောသည် ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့အား စစ်ဆင်ရေးအခြေအနေများကို ရှင်းလင်းပြောပြခဲ့သည်ဟု ဖော်ပြသည်။

စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများနှင့်လည်း မိတ်ဆက်ပေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - NUG
ဓာတ်ပုံ – NUG

ထို့အပြင် သိမ်းပိုက်ထားသော မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ခြေမြန်တပ်ရင်း ခမရ(၃၅၅) ဝင်း အတွင်းရှိ ပစ်ချထားသော ရဟတ်ယာဉ်အပျက်များ လိုက်လံပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ကျေးဇူးတင် အားပေးစကားများပြောကာ ရဲဘော်များ၏ လိုအပ်ချက်များအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ – NUG

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အဖွဲ့သည် ပြီးခဲံသည့်ရက်ပိုင်းကလည်း မြေပြင်ရှိ PDF တပ်ရင်၊တပ်ဖွဲ့များမှ ရဲဘော်များထံ သွားရောက်တွေ့ဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးအပါအဝင် အချက် ၃ချက် ကို အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်သည်။

သတင်း

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တို့နှင့် သက်ဆိုင်သည့် တိုင်ကြားမှုများအနက် အမှု ၂၁မှုကို စစ်ဆေးအရေးယူခဲ့သည်ဟု အသိပေးသည်။

သတင်း

မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆို​သော နိုင်ငံ​တော်အဆင့် "​အောင်​​ဇေယျစစ်ဆင်​​ရေး"ဟုအမည်​ပေး၍ အင်အားရာ၊​ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်မှ ချီတက်လာခဲ့ခြင်းဖြစ်သည်။

သတင်း

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ လှုပ်ရှားမှု သတင်းပေးခြင်း၊ တော်လှန်ရေးတပ်များအား ထောက်ပံ့ခြင်း ပြုလုပ်ပေးရန် CDM အရာရှိများ တိုက်တွန်း

Facebook