Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်မှူးဒါဘောဦးဆောင်သော ကော်ဘရာစစ်ကြောင်းအား ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ သွားရောက်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အဖွဲ့သည် ပြီးခဲံသည့်ရက်ပိုင်းကလည်း မြေပြင်ရှိ PDF တပ်ရင်၊တပ်ဖွဲ့များမှ ရဲဘော်များထံ သွားရောက်တွေ့ဆုံးခဲ့သေးသည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ - NUG

People’s Spring

စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းအား ထိုးစစ်ဆင် ချေမှုန်းလျက်ရှိသော ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်သည့် ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း NUGက အသိပေးထုတ်ပြန်သည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ – NUG

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောသည် ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့အား စစ်ဆင်ရေးအခြေအနေများကို ရှင်းလင်းပြောပြခဲ့သည်ဟု ဖော်ပြသည်။

စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများနှင့်လည်း မိတ်ဆက်ပေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - NUG
ဓာတ်ပုံ – NUG

ထို့အပြင် သိမ်းပိုက်ထားသော မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ခြေမြန်တပ်ရင်း ခမရ(၃၅၅) ဝင်း အတွင်းရှိ ပစ်ချထားသော ရဟတ်ယာဉ်အပျက်များ လိုက်လံပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ကျေးဇူးတင် အားပေးစကားများပြောကာ ရဲဘော်များ၏ လိုအပ်ချက်များအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ – NUG

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အဖွဲ့သည် ပြီးခဲံသည့်ရက်ပိုင်းကလည်း မြေပြင်ရှိ PDF တပ်ရင်၊တပ်ဖွဲ့များမှ ရဲဘော်များထံ သွားရောက်တွေ့ဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူဘက်က ဖြစ်စေ၊ မြို့နယ်ဘက်ကဖြစ်စေတိုင်ကြားမှု ဆိုင်ရာများနှင့်ပတ်သက်ပြီး ခပ်မြန်မြန်ဖြေရှင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

မေးမြန်းခန်း

ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောနှင့် သီးသန့်မေးမြန်းခန်း (ပထမပိုင်း)

သတင်း

လက်ရှိ တော်လှန်ရေးသည်ကရင်အမျိုးသားလွတ်မြောက်ရေးအတွက်သာမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ပြည်သူများလွတ်မြောက်ရေးအတွက်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကော်ဘရာ စစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်မှူးဒါဘောကပြောကြားသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးအပါအဝင် အချက် ၃ချက် ကို အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်သည်။

Facebook