Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတောင်ပေါ် ဆန္ဒပြခံရလို့ လုံခြုံရေးယူတဲ့ ခလရ(၉၅)တပ်တွင်း အရေးယူခံရ

ဒီဆန္ဒပြမှုဓာတ်ပုံတွေထွက်လာပြီးတဲ့နောက် မန္တလေးတောင်နဲ့ မြို့တွင်းတွေပါ စစ်တပ်ကလုံခြုံရေးတွေတင်းကြပ်နေတယ်လို့မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

(မန္တလေးတောင်ပေါ်တွင် လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဒေါက်တာတေဇာစန်း/ဖေ့စ်ဘွတ်ခ်)
(မန္တလေးတောင်ပေါ်တွင် လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဒေါက်တာတေဇာစန်း/ဖေ့စ်ဘွတ်ခ်)

ရှိုင်း/People’s Spring

လုံခြုံရေးတင်းကြပ်ထားတဲ့ မန္တလေးတောင်ပေါ် မှာ ဆန္ဒပြခံရပြီးတဲ့နောက် အဲဒီက လုံခြုံရေးတာဝန်ယူထားတဲ့ အရာရှိတွေအပါအဝင် လုံခြုံရေးကျနေတဲ့စစ်ကောင်စီတပ်သားတွေကို တပ်တွင်းအရေးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ဘက်သတင်းအရင်းမြစ်တွေက ပြောပါတယ်။

မန္တလေးတောင်ရဲ့အရှေ့ဘက် ခလရ(၉၅) တပ်ရင်းကို မန္တလေးတောင်တက်၊တောင်ဆင်းလမ်းတွေမှာ စစ်ဆေးစောင့်ကြည့်ဖို့ ဂိတ်လေးဂိတ်ချထားသလို တောင်ပေါ်မှာလည်း အစောင့်တွေရှိတဲ့ကြားထဲက မန္တလေးသပိတ်အင်အားစုက အာဏာရှင်ပြုတ်ကျရေးသပိတ်ဆင်နွှဲခဲ့တာကြောင့် တပ်တွင်းအရေးယူမှုတွေပြုလုပ်နေတာလို့ စစ်တပ်သတင်းအရင်းမြစ်ကပြောပါတယ်။

(မန္တလေးတောင်ပေါ်တွင် လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဒေါက်တာတေဇာစန်း/ဖေ့စ်ဘွတ်ခ်)
(မန္တလေးတောင်ပေါ်တွင် လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – ဒေါက်တာတေဇာစန်း/ဖေ့စ်ဘွတ်ခ်)

မန္တလေးတောင်စတက်တဲ့ အတက်လမ်းမှာ စစ်တပ်ဂိတ်၊ဂေါပဂိတ်၊တောင်ထိပ်အနီးမရောက်ခင် ယခင်အလှူခံဂိတ်နေရာမှာ စစ်တပ် ဂိတ်၊လက်မှတ်ဖြတ်ရတဲ့ ဂေါပကဂိတ်စတာတွေရှိပြီး တောင်အဆင်းလမ်းမှာ စစ်တပ်အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ဘုရားရှိပြီး အဆင်းတဝက်လောက်အရောက်မှာ စစ်တပ်ဂိတ်၊တောင်အဆင်းလမ်းထိပ်မှာ ခလရ (၉၅)တပ်ရင်းဂိတ်တွေရှိတဲ့ကြားထဲ အခုလို ဆန္ဒပြခံရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တပ်ရင်းမှူးကိုယ်တိုင်ခေါ်ကြိတ်တာပေါ့။ဗိုလ်ကြီးကတော့ အချုပ်ကျမယ်ထင်တယ်။ပုံတွေတက်လာတော့ တပ်ထဲတော်တော်လှုပ်လှုပ်ခက်ခက်ပဲ”လို့ စစ်တပ်သတင်းအရင်းမြစ်ကပြောပါတယ်။

ဒီဆန္ဒပြမှုဓာတ်ပုံတွေထွက်လာပြီးတဲ့နောက် မန္တလေးတောင်နဲ့ မြို့တွင်းတွေပါ စစ်တပ်ကလုံခြုံရေးတွေတင်းကြပ်နေတယ်လို့မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

(မန္တလေးတောင်ပေါ်တွင် လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဒေါက်တာတေဇာစန်း/ဖေ့စ်ဘွတ်ခ်)
(မန္တလေးတောင်ပေါ်တွင် လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – ဒေါက်တာတေဇာစန်း/ဖေ့စ်ဘွတ်ခ်)

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ယဥ်ပုံရပ်ကွက်မှ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီး သေဆုံးထားတာကြောင့် လုံခြုံရေးပိုတင်းကြပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် မနေ့ကနဲ့ ဒီနေ့ ဇန်နဝါရီ ၃ရက်အတွင်းမှာ လူငယ် ၅ဦး ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ တော်လှန်လူငယ်တွေက မန္တလေးတောင်ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက ဇန်နဝါရီ ၂ရက်မှာ ရေးသား အသိပေးထားပါတယ်။

“ကျနော်တို့ အညာမြေ မြို့ရွှေမန်းဟာ ပြည်သူ့နွေ​ဦးတော်လှန်ရေး ခရီးကြမ်းကြီးမှာ မြို့သူမြို့သားတွေရဲ့ စုစည်းညီညွတ်အားနဲ့အတူ မယိုင်မလဲ ခိုင်မြဲစွာ ချီတက်နေကြပါတယ်။ ဒီနေရာမှာ ကျနော်တို့ တော်လှန်​ရေးကြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အရေး အထူးအရေးကြီးတာတခုကို အလေးအနက် တင်ပြပြောဆိုလိုပါတယ်”လို့ ဒေါက်တာတေဇာစန်းက ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

News Story

ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်ကဖြစ်သည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၉Aလမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားသို့ အဖြူနှင့် လိမ္မော်ရောင်စပ်ကြား Honda Click ဆိုင်ကယ် မောင်းနှင်လာသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

ပုဂံညောင်ဦးကအပြန် ရန်ကုန်ကိုတန်းမပြန်သေးဘဲ မြို့မန္တလာ​ဘက် ခရီးဆက်ဖြစ်တယ်။ ပုဂံအသွားတုန်းက ကြည့်မြင်ခွင့်မရတဲ့ မန္တ​လေးတိုင်းဘက်ခြမ်း အမြန်လမ်းအခြေ အနေကို သိလိုစိတ်စောနေခဲ့ပါတယ်။

သတင်း

စစ်မှုထမ်းဥပဒေအကြောင်းပြ ပြီး မန္တလေးမှာ တစ်လတာအတွင်းစစ်ကောင်စီက လူငယ်ဦးရေ ၄၀၀ ခန့် ဖမ်းဆီးခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုရဲ့ ကောက်ယူရရှိထားတဲ့စာရင်းအရ သိရပါတယ်။