Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတောင်ပေါ် ဆန္ဒပြခံရလို့ လုံခြုံရေးယူတဲ့ ခလရ(၉၅)တပ်တွင်း အရေးယူခံရ

ဒီဆန္ဒပြမှုဓာတ်ပုံတွေထွက်လာပြီးတဲ့နောက် မန္တလေးတောင်နဲ့ မြို့တွင်းတွေပါ စစ်တပ်ကလုံခြုံရေးတွေတင်းကြပ်နေတယ်လို့မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

(မန္တလေးတောင်ပေါ်တွင် လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဒေါက်တာတေဇာစန်း/ဖေ့စ်ဘွတ်ခ်)
(မန္တလေးတောင်ပေါ်တွင် လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဒေါက်တာတေဇာစန်း/ဖေ့စ်ဘွတ်ခ်)

ရှိုင်း/People’s Spring

လုံခြုံရေးတင်းကြပ်ထားတဲ့ မန္တလေးတောင်ပေါ် မှာ ဆန္ဒပြခံရပြီးတဲ့နောက် အဲဒီက လုံခြုံရေးတာဝန်ယူထားတဲ့ အရာရှိတွေအပါအဝင် လုံခြုံရေးကျနေတဲ့စစ်ကောင်စီတပ်သားတွေကို တပ်တွင်းအရေးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ဘက်သတင်းအရင်းမြစ်တွေက ပြောပါတယ်။

မန္တလေးတောင်ရဲ့အရှေ့ဘက် ခလရ(၉၅) တပ်ရင်းကို မန္တလေးတောင်တက်၊တောင်ဆင်းလမ်းတွေမှာ စစ်ဆေးစောင့်ကြည့်ဖို့ ဂိတ်လေးဂိတ်ချထားသလို တောင်ပေါ်မှာလည်း အစောင့်တွေရှိတဲ့ကြားထဲက မန္တလေးသပိတ်အင်အားစုက အာဏာရှင်ပြုတ်ကျရေးသပိတ်ဆင်နွှဲခဲ့တာကြောင့် တပ်တွင်းအရေးယူမှုတွေပြုလုပ်နေတာလို့ စစ်တပ်သတင်းအရင်းမြစ်ကပြောပါတယ်။

(မန္တလေးတောင်ပေါ်တွင် လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဒေါက်တာတေဇာစန်း/ဖေ့စ်ဘွတ်ခ်)
(မန္တလေးတောင်ပေါ်တွင် လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – ဒေါက်တာတေဇာစန်း/ဖေ့စ်ဘွတ်ခ်)

မန္တလေးတောင်စတက်တဲ့ အတက်လမ်းမှာ စစ်တပ်ဂိတ်၊ဂေါပဂိတ်၊တောင်ထိပ်အနီးမရောက်ခင် ယခင်အလှူခံဂိတ်နေရာမှာ စစ်တပ် ဂိတ်၊လက်မှတ်ဖြတ်ရတဲ့ ဂေါပကဂိတ်စတာတွေရှိပြီး တောင်အဆင်းလမ်းမှာ စစ်တပ်အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ဘုရားရှိပြီး အဆင်းတဝက်လောက်အရောက်မှာ စစ်တပ်ဂိတ်၊တောင်အဆင်းလမ်းထိပ်မှာ ခလရ (၉၅)တပ်ရင်းဂိတ်တွေရှိတဲ့ကြားထဲ အခုလို ဆန္ဒပြခံရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တပ်ရင်းမှူးကိုယ်တိုင်ခေါ်ကြိတ်တာပေါ့။ဗိုလ်ကြီးကတော့ အချုပ်ကျမယ်ထင်တယ်။ပုံတွေတက်လာတော့ တပ်ထဲတော်တော်လှုပ်လှုပ်ခက်ခက်ပဲ”လို့ စစ်တပ်သတင်းအရင်းမြစ်ကပြောပါတယ်။

ဒီဆန္ဒပြမှုဓာတ်ပုံတွေထွက်လာပြီးတဲ့နောက် မန္တလေးတောင်နဲ့ မြို့တွင်းတွေပါ စစ်တပ်ကလုံခြုံရေးတွေတင်းကြပ်နေတယ်လို့မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

(မန္တလေးတောင်ပေါ်တွင် လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဒေါက်တာတေဇာစန်း/ဖေ့စ်ဘွတ်ခ်)
(မန္တလေးတောင်ပေါ်တွင် လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – ဒေါက်တာတေဇာစန်း/ဖေ့စ်ဘွတ်ခ်)

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ယဥ်ပုံရပ်ကွက်မှ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီး သေဆုံးထားတာကြောင့် လုံခြုံရေးပိုတင်းကြပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် မနေ့ကနဲ့ ဒီနေ့ ဇန်နဝါရီ ၃ရက်အတွင်းမှာ လူငယ် ၅ဦး ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ တော်လှန်လူငယ်တွေက မန္တလေးတောင်ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက ဇန်နဝါရီ ၂ရက်မှာ ရေးသား အသိပေးထားပါတယ်။

“ကျနော်တို့ အညာမြေ မြို့ရွှေမန်းဟာ ပြည်သူ့နွေ​ဦးတော်လှန်ရေး ခရီးကြမ်းကြီးမှာ မြို့သူမြို့သားတွေရဲ့ စုစည်းညီညွတ်အားနဲ့အတူ မယိုင်မလဲ ခိုင်မြဲစွာ ချီတက်နေကြပါတယ်။ ဒီနေရာမှာ ကျနော်တို့ တော်လှန်​ရေးကြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အရေး အထူးအရေးကြီးတာတခုကို အလေးအနက် တင်ပြပြောဆိုလိုပါတယ်”လို့ ဒေါက်တာတေဇာစန်းက ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။