Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတောင်ခြေ အနီးက စစ်ကောင်စီတပ် ဗုံးသီးနဲ့ ပစ်ခတ်ခံရ

ဗုံးသီးနဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့ပြီးနောက် အဖွဲ့ဝင်တွေ ဘေးကင်းစွာနဲ့ပြန်ဆုတ်လာနိုင်တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုက ဆိုထားပါတယ်။

၄၀ မမ ဗုံးသီးကျည်ကိုတွေ့ရစဉ် (ပုံဟောင်း)
၄၀ မမ ဗုံးသီးကျည်ကိုတွေ့ရစဉ် (ပုံဟောင်း)

မန္တလေး တောင်ခြေအနီးက စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းအမှတ် ( ၉၁၀) ကို ဒီနေ့မနက်ပိုင်းက ၄၀ မမ ဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ မန္တလေးတိုင်းအခြေပြု တဲ့ ကောင်းကင်တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။

ခလရ ၉၁၀ ဟာ မန္တလေးတောင်ခြေနဲ့ ကုသိုလ်တော်ဘုရား အနီးမှာ တပ်တည်ထားတာပါ။

အဲဒီတပ်ကို ဒီနေ့မနက်ပိုင်း ၈ နာရီ ဝန်းကျင်က ၄၀ မမ ဗုံးသီးနဲ့ သွားရောက်ပစ်ခတ်တာလို့ သိရပါတယ်။

Public Service Announcement
Public Service Announcement

ဗုံးသီးနဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့ပြီးနောက် အဖွဲ့ဝင်တွေ ဘေးကင်းစွာနဲ့ပြန်ဆုတ်လာနိုင်တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

သွားရောက်ပစ်ခတ်တဲ့ ရုပ်သံဖိုင်ကိုလည်း ကောင်းကင်တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက်

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။