Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့မှ ဆုတ်ခွာလာသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို PDFပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်

စစ်ကောင်စီတပ်မှ ၃ဦးသေ၊ ၂ဦး အရှင်မိ လက်နက် ၄လက်ရ ၊စစ်​ကြောင်းတပ်ပျက်ပြီးထွက်​ပြေး​နေဟု​လောင်ရှည်PDFအသိ​ပေး

စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-​လောင်းရှည် PDF

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ကန်ပက်လက်မြို့မှ စခန်းစွန့်ဆုတ်ခွါလာကြသော စစ်ကောင်စီအဖွဲ့မှ အင်အား ၅၀ ကျော်ပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ပြီး ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း လောင်းရှည်ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

ချင်းညီနောင်နှင့် မဟာမိတ်များသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ မင်းတပ်နှင့် ဆက်စပ်ဒေသ ဖြစ်သော ကန်ပက်လက်မြို့မှ စစ်ကောင်စီတပ်သားနှင့် ရဲသားများသည် ဒီဇင်ဘာ ၂၁ရက် ညပိုင်း၌ မြို့ကို စွန့်ခွာထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ-​လောင်းရှည် PDF

အဆိုပါ ထွက်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက်စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၅၄ ဦး ပါ စစ်ကြောင်းသည် ဆောမြို့မှတဆင့် လောင်းရှည်စစ်ကောင်စီတပ်စခန်းသို့ အင်အား ပူးပေါင်းလာရာ ဒီဇင်ဘာ ၃၀ရက်တွင် ကန်ပက်လက်နှင့် ဆောမြို့နယ် နယ်ခြား တနေရာ၌ ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်း(လောင်းရှည် PDF)၊ အမှတ်(၃) တပ်ရင်း၊ လောင်းရှည်တိုက်နယ် ပကဖ တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁ဦး သေဆုံး ၃ဦး ဒဏ်ရာရပြီး ၁ဦး ဒဏ်ရာဖြင့် အရှင်ဖမ်းမိဟု ဆိုသည်။စစ်ကောင်စီတပ်စစ်ကြောင့် တပ်ပျက်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်းလည်း အသိ​ပေးထားသည်။

အလားတူ ဒီဇင်ဘာ ၃၁ရက်တွင်လည်း ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းနှင့် လောင်းရှည်တိုက်နယ် ပ•က•ဖ အဖွဲ့၊ ဂန့်ဂေါခရိုင် အမှတ်(၃/၅)တပ်ရင်း/ ကိုဘခက်အဖွဲ့ (စလင်း)နှင့် မကွေးတိုင်း ဒရုန်းတပ်ဖွဲ့ စသည့် ပူးပေါင်းတပ်များသည် ထွက်ပြေးသွားသော စစ်ကောင်စီတပ်များကို လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ဦး သေဆုံး ၁ဦး ဒဏ်ရာဖြင့် ဖမ်းမိခဲ့ဟု အသိပေးသည်။

စစ်သုံ့ပန်း ၂ ဦး။ဓါတ်ပုံ-​လောင်းရှည် PDF

တိုက်ပွဲ ၂ရက်တာ အတွင်း စစ်ကောင်စီထံမှ G3 (၁) လက်၊ MA2 (၂)လက်၊ MA3 (၁) လက် စုစုပေါင်း လက်နက် ၄လက်နှင့် ခဲယမ်းများ သိမ်းရဟု ဖော်ပြထားပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု အသိပေးသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက်မှ ၂ဦးကို ဇန်နဝါရီ ၁ရက်တွင် တောတွင်းတနေရာ၌ ပြည်သူများမှ သွားရောက်စုံစမ်းစဉ် စစ်ကောင်စီ တပ်သား ၂ဦးက ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ဦး ကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဟုလည်း ထုတ်ပြန်သည်။

နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဂန့်ဂေါခရိုင် အမှတ်(၆)တပ်ရင်းက အသိပေးထားပြီး ပြည်သူများအနေဖြင့် လူစိမ်းများ တွေ့ရှိပါက တပ်ရင်းသို့ အမြန်ဆုံး သတင်းပို့ရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်နဲ့ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာလို့ မေလလယ်မှ စပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ကထုတ်ပြန်ပြီး စစ်တပ်ဟာ အခြေအနေမကောင်းလို့လေကြောင်းကအကြိမ်ပေါင်းများစွာတိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

စစ်တပ်ကမတူပီမြို့နယ်ထဲကိုဂျက်ဖိုက်တာ၊ Y12 တွေနဲ့တပြိုင်နက်ဗုံးကြဲပြီးကျန်တဲ့မြို့နယ်တွေကိုကင်းထောက်နေ