Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးသွားတဲ့ တရုတ် သရုပ်ဆောင်ကို ပြန်ရှာတွေ့

ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးနေတယ်ဆိုတဲ့ တရုတ်နိုင်ငံသား ရုပ်ဆောင် ဝမ်ကျင်ကို ပြန်ရှာတွေ့ပြီလို့ ထိုင်းအစိုးရက အတည်ပြုခဲ့ပါတယ်။

ကိုးကား-Thai Enquirer

ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးနေတယ်ဆိုတဲ့ တရုတ်နိုင်ငံသား ရုပ်ဆောင် ဝမ်ကျင်ကို ပြန်ရှာတွေ့ပြီလို့ ထိုင်းအစိုးရက အတည်ပြုခဲ့ပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့မှာ ထိုင်းရဲတွေက နယ်စပ်ကနေ သူ့ကို တက်ခ်ခရိုင် အမှတ် ၆ ရဲစခန်းဆီ ခေါ်ဆောင်လာဖို့ စီစဉ်နေကြောင်း ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာက ပြောကြားခဲ့ပါတယ်။

ဝမ်ကျင်ဟာ ဇန်နဝါရီ ၃ ရက်တုန်းက ရှန်ဟိုင်းကနေ ဘန်ကောက်ကို ရောက်ရှိခဲ့ပြီး ရိုက်ကူးရေး ကိစ္စနဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်ကို သွားရောက်ရင်း ပျောက်ဆုံးသွားခဲ့တာပါ။

သူ့ရဲ့ချစ်သူ ကျဲကျဲက ဝမ်ဟာ ဖွင့်ပွဲအခမ်းအနား တစ်ခုမှာ အလုပ်လုပ်စရာ ရှိခဲ့ပေမယ့် သူ့ရဲ့ တည်နေရာ ခြေရာခံ အချက်ပြမှုဟာ ထိုင်း-မြန်မာ နယ်စပ်နား အရောက်မှာ သတ်မှတ် လမ်းကြောင်းကနေ လွဲချော်ပြီး အဆက်ပြတ်သွားခဲ့ကြောင်း လူမှုကွန်ရက်မှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးဟာ ရှန်ဟိုင်းရဲစခန်းဆီ အဲဒီကိစ္စကို တိုင်ကြားခဲ့ပြီး နောက်ဆက်တွဲအဖြစ် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ချင်းမိုင်မှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ရုံးတို့က အာဏာပိုင်တွေကို အကူအညီ တောင်းခံခဲ့ပါတယ်။

ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဝမ်ကို မြန်မာဖက်ခြမ်း၊ မြဝတီ မြို့နယ်နဲ့ ဆက်စပ်နေတဲ့ ရွှေကုက္ကိုမြို့မှာ ရှာတွေ့ခဲ့ပြီး ထိုင်းဖက် ပြန်လည် ခေါ်ယူရေး စီစဉ်နေတယ်လို့ သိရပါတယ်။ ဝမ်က သူဟာ ရွှေကုက္ကိုမှာရှိတဲ့ ဆွေမျိုးသားချင်း တစ်ဦးကို လာတွေ့တာလို့ မြို့ကို ထိန်းချုပ်ထားတဲ့ ကရင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)ကို ပြောဆိုခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရွှေကုက္ကိုဟာ တရားမဝင် လောင်းကစားရုံတွေ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ၊ လူမှောင်ခိုဂိုဏ်းတွေ ခြေရှုပ်ရာ နယ်စပ် ဒုစရိုက် မြို့တော်တစ်ခုအဖြစ် လူသိများပြီး တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက နောက်ကွယ်ကနေ ပံ့ပိုးထားပါတယ်။

ဝမ်က မြန်မာနိုင်ငံ ပိုင်နက်ထဲ ဘယ်လိုဘယ်ပုံ ရောက်ရှိခဲ့သလဲ ဆိုတဲ့အကြောင်းရင်းက ရှုပ်ထွေးမှုတွေ ရှိနေပြီး အစောပိုင်းမှာတော့ မဲဆောက်မြို့ တည်ရှိရာ တက်ခ်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ ဝမ်ဟာ ဖမ်းဆီးခံရတာမျိုး မဟုတ်ဘဲ မြန်မာဖက်ကို သူ့သဘောနဲ့သူ ဝင်ရောက်သွားတာ ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ထိုင်းသတင်းဌာန တချို့မှာ ဖော်ပြထားတဲ့ ဓာတ်ပုံမှာတော့ အသက် ၃၁ နှစ်အရွယ် သရုပ်ဆောင်ဟာ ခေါင်းတုံးနဲ့ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

ထိုင်းဝန်ကြီးချုပ် ​ပေထုန်ထန် က အခုဖြစ်စဉ်ကြောင့် ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအပေါ် ထိခိုက်မှုတွေ ရှိမလာအောင် သတိကြီးကြီး ကိုင်တွယ်ဖို့ လိုအပ်ကြောင်း သတိပေးခဲ့ပါတယ်။ လက်ရှိ အခြေအနေမှာတောင် ထိုင်းနိုင်ငံဟာ တရုတ် ကမ္ဘာလှည့် ခရီးသွားတွေအတွက် လုံခြုံမှု မရှိနိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေ အတော်လေး ကျယ်လောင်နေပါတယ်။

ဖေထုန်ထန်က နယ်စပ်ဖြတ်ကျော် လူမှောင်ခို ကိစ္စတွေဟာ စိုးရိမ်စရာ အခြေအနေမျိုး ဆက်ရှိနေပြီး အစိုးရ အနေနဲ့ ဒီပြဿနာကို ဖိဖိစီးစီး ဖြေရှင်းဖို့ လိုတယ်လို့လည်း ဝန်ခံပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။