Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တွင် NUG ရပ်ကျေးပအဖတာဝန်ခံ လုပ်ကြံခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ခံဦးငွေသိန်းသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးနေသည်။

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ခံဦးငွေသိန်းသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးနေသည်။

တင်ငုတ်ကြီးကျေးရွာပအဖတာဝန်ခံဦးငွေသိန်းသည် ၎င်း၏ နေအိမ်၌ရှိနေစဉ် ဒီဇင်ဘာ ၆ရက် နံနက်၅နာရီ၅၀မိနစ်ခန့် တွင် အစိမ်းရောင်ပြောက်ကျားဝတ်စုံဝတ် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားခြင်းဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

” တခြားရွာကိုသွားမှာမို့လို့ လမ်းမှားနေလို့ဆိုပြီး အိမ်ကိုမေးလာတာ။ ပြီးတော့ ပစ်သွားတာ”ဟု အဆိုပါရဲဘော်ကပြောသည်။

Public Service Announcement

Public Service Announcement

ဦငွေသိန်းသည် အသက်(၄၀)ခန့် ရှိပြီဖြစ်ပြီး ပစ်ခတ်ခံရပြီးသေဆုံးမှုကို ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ဒေသခံ အချို့က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ထိန်းချုပ်နေရာအချို့တွင် မြို့နယ်နှင့် ရပ်ကျေးအဆင့်တာဝန်ရှိသူများ လုပ်ကြံသတ်ဖြတ်ခံရမှုအချို့ ရှိလာနေသည်။

ဇန်နဝါရီလ ၂ရက်က ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာမှာ သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ကနီမြို့တွင်လည်း ၂၀၂၄နိုဝင်ဘာ ၄ ရက်က ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနှင့် သုံးလသမီးပါ မိသားစုသည် နေအိမ်အတွင်း၌ သတ်ဖြတ်ခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်နှစ်ခုစလုံးတွင် တရားခံ ဖမ်းမိခြင်းမရှိသေး။

ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်နေသလို အမျိုးသား ညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ထမ်းယန္တရားများတွင် တာဝန်ထမ်းဆောင်နေသူများအား ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့(MONREC)က ဇန်နဝါရီ ၆ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတချို့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေအိမ်တွေကို စလင်း ပအဖနဲ့ ပကဖက သွားရောက်ကူညီထောက်ပံ့ခဲ့ကြပါတယ်။