Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တွင် NUG ရပ်ကျေးပအဖတာဝန်ခံ လုပ်ကြံခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ခံဦးငွေသိန်းသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးနေသည်။

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ခံဦးငွေသိန်းသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးနေသည်။

တင်ငုတ်ကြီးကျေးရွာပအဖတာဝန်ခံဦးငွေသိန်းသည် ၎င်း၏ နေအိမ်၌ရှိနေစဉ် ဒီဇင်ဘာ ၆ရက် နံနက်၅နာရီ၅၀မိနစ်ခန့် တွင် အစိမ်းရောင်ပြောက်ကျားဝတ်စုံဝတ် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားခြင်းဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

” တခြားရွာကိုသွားမှာမို့လို့ လမ်းမှားနေလို့ဆိုပြီး အိမ်ကိုမေးလာတာ။ ပြီးတော့ ပစ်သွားတာ”ဟု အဆိုပါရဲဘော်ကပြောသည်။

Public Service Announcement

Public Service Announcement

ဦငွေသိန်းသည် အသက်(၄၀)ခန့် ရှိပြီဖြစ်ပြီး ပစ်ခတ်ခံရပြီးသေဆုံးမှုကို ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ဒေသခံ အချို့က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ထိန်းချုပ်နေရာအချို့တွင် မြို့နယ်နှင့် ရပ်ကျေးအဆင့်တာဝန်ရှိသူများ လုပ်ကြံသတ်ဖြတ်ခံရမှုအချို့ ရှိလာနေသည်။

ဇန်နဝါရီလ ၂ရက်က ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာမှာ သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ကနီမြို့တွင်လည်း ၂၀၂၄နိုဝင်ဘာ ၄ ရက်က ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနှင့် သုံးလသမီးပါ မိသားစုသည် နေအိမ်အတွင်း၌ သတ်ဖြတ်ခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်နှစ်ခုစလုံးတွင် တရားခံ ဖမ်းမိခြင်းမရှိသေး။

ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်နေသလို အမျိုးသား ညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ထမ်းယန္တရားများတွင် တာဝန်ထမ်းဆောင်နေသူများအား ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့(MONREC)က ဇန်နဝါရီ ၆ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယမန်နေ့ကလည်း တော်လှန်ရေးတပ်များက မြို့ကို ၃နာရီကြာပစ်ခတ်တိုက်ခိုက်

သတင်း

ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေးဖြစ်စဥ်တွင် ၎င်းနှင့်အတူ ဇနီးဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ် သမီးငယ် မရွှေဝတ်ရည်လွှာတို့ကိုပါသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်တွင် အရက်ဆိုင်ထိုင်နေသော ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်းဒီပဲယင်းမြို့နယ်ကိုယနေ့(အောက်တိုဘာလ ၅ရက်) ညနေပိုင်း၌ စစ်ကောင်စီက လေကြောင်းမှ ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံများ လေကြောင်းအန္တရာယ် အထူးသတိထားနေထိုင်ကြရန်ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတိပေးသည်။