Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး PDFများထံ အလင်းဝင်

နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များထပ်မံဖမ်းမိပြီး လက်နက်များရဟု အသိပေး

ဆောမြို့နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ဖမ်းမိသူများနှင့် ယူဆောင်လာသော လက်နက်များ။ ဓာတ်ပုံ - အမှတ် (၁)စစ်ဒေသ

ဟန်နွေ/People’s Spring

မကွေးတိုင်း ဆောမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်သော ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ များ သည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်းများထံ အလင်းဝင်ခဲ့ပြီး လက်နက်ခဲယမ်းများ ယူဆောင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် (၁)စစ်ဒေသက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၃၁ရက်မှ ဇန်န၀ါရီ ၆ရက်အထိ ဆောမြို့နယ်အတွင်း စစ်ရေးထူးခြားချက်များကို အသိပေးရာ ဇန်နဝါရီ ၆ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး အလင်းဝင်ခဲ့ပြီး ဇန်နဝါရီ ၂ရက်တွင် ရဲတပ်သား ၁ဦး အလင်းဝင်ခဲ့ကြောင်း ဖော်ပြသည်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်း၏ စစ်ကောင်စီအဖွဲ့ဝင် (၅) ဦးသည် ဂန့်ဂေါခရိုင် PDF တပ်ရင်း(၃)နှင် တပ်ရင်း(၅)ထံ ဇန်နဝါရီ ၆ရက်တွင် အလင်းဝင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် ခဲယမ်းများ ယူဆောင်လာကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂ရက်တွင် ဆောမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးလည်း ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံ G-3 (၁)လက်နှင့်ကျည်များဖြင့် အလင်းဝင်ရောက်ခဲ့ဟု ထုတ်ပြန်သည်။

ဇန်နဝါရီ ၄ရက်တွင်လည်း ဆောမြို့နယ်၊ လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး (ဖျင်ချောက်အရှေ့ဘက်)၌ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) အဖွဲ့မှ နယ်မြေရှင်းလင်းရေးထွက်စဉ် စစ်ကောင်စီ အဖွဲ့ဝင် (၄) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ MA-1 (၂) လက်နှင့် ကျည်များ၊ မိုင်း၊ ကျည်ကာ အင်္ကျီ စသည့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းရခဲ့ဟု အသိပေးသည်။

ယင်းနေ့၌ပင် လောင်းရှည်ဒေသ လှော်ကားရွာအနီး ဖိုးခြင်းထောင်ကုန်း၌ ဂန့်ဂေါခရိုင် တပ်ရင်း-၆ အဖွဲ့မှ နယ်မြေရှင်းလင်းရေးလုပ်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီ အဖွဲ့ဝင် (၂) ဦးထံမှ ပျက်စီးချို့ယွင်းမှုရှိနေသည့် MA-1 (၁) လက်သိမ်းရခဲ့ဟု ထုတ်ပြန်သည်။

ဒီဇင်ဘာ ၃၁ရက်ကလည်း လောင်းရှည်ဒေသ၊ ရင့်ရဲချောင်းရွာအနီး ကစဉ့်ကလျားထွက်ပြေးကြသော စစ်ကြောင်းအား ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅၊ ၆)၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့၊ စလင်းမြို့နယ် တိုက်ခိုက်ရေးအဖွဲ့ ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၂) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းဖြစ်စဉ်တွင် MA-2 (၂) လက်၊ MA-3 (၁) လက်၊ G-3 (၁) လက်နှင့် ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်ကို လောင်းရှည် PDF အမှတ်(၃) တပ်ရင်းကလည်း သတင်းထုတ်ပြန်ထားရာ ကန်ပက်လက်မှ စခန်းစွန့် ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲများဖြစ်ပြီး PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ၁ဦး ဒဏ်ရာဖြင့် ဖမ်းမိကာ ၂ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။ ထို့ပြင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားက ပစ်ခတ်၍ ပြည်သူ ၁ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း၊ နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေပြီး ပြည်သူများ အနေဖြင့် ဒေသဝန်းကျင်၌ လူစိမ်းများ တွေ့ရှိပါက အမြန်ဆုံးအကြောင်းကြားရန် နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းသို့အလုပ်သွားလုပ်စဥ် ထိုင်းရဲကဖမ်း၍ စစ်​ကောင်စီလက်အပ်သဖြင့် အဓမ္မစစ်သားသစ်စု​ဆောင်းခံရသူများဖြစ်​နေ

သတင်း

လွိုင်ကော်မြို့အခြေစိုက် အမှတ်(၂၆၁)ခြေလျင်တပ်ရင်း(ခလရ−၂၆၁)မှ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တစ်ဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၂ရက်) ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမတွင် တာဝန်ချထားခံရသည့် စစ်ကောင်စီ​၏ စစ်မှုထမ်းအပတ်စဥ်(၅) သင်တန်းဆင်း တပ်သားသစ်တစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ်(၂၂)တပ်ရင်း(မုံရွာနတ်ဆိုး)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရွှေသောင်ယံမြို့နယ်၊ဘောမိရွာမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်​တပ်ထံ ပြန်မပေါင်းဘဲဒေသခံများ၏အဝတ်အစားများကို ယူဆောင်ဝတ်ဆင်၍ တောတောင်များအတွင်း ထွက်ပြေးနေကြသည်။