Connect with us

Hi, what are you looking for?

သတင်း

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာလေကြောင်းတိုက်ခိုက်ခံရမှု ဒေသခံပြည်သူ ၄၀ထက်မနည်းသေဆုံးဟုဆို၊ တစ်ရွာလုံးနီးပါးပျက်စီးဟု ဒေသခံများပြော

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမောကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် အင်အားပြင်း‌ဗုံးများကြဲ တိုက်ခိုက်ရာ နေအိမ်ရာနှင့်ချီ ပျက်စီးပြီး ဒေသခံပြည်သူ ၄၀ဦးထက်မနည်း သေဆုံးသွားကြောင်း ကနဦးသတင်းရရှိသည်။

ကျောက်နီမော်ရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - APN

ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမောကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် အင်အားပြင်း‌ဗုံးများကြဲ တိုက်ခိုက်ရာ နေအိမ်ရာနှင့်ချီ ပျက်စီးပြီး ဒေသခံပြည်သူ ၄၀ဦးထက်မနည်း သေဆုံးသွားကြောင်း ကနဦးသတင်းရရှိသည်။

ယမန်နေ့ (ဇန်နဝါရီ ၈ ရက်) နေ့လယ်၁နာရီခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်။

“မနေ့ကကတည်းက သတင်းတွေရထားတာ။ အခုလောက်အထိ လူတွေထိခိုက်မယ်လို့တော့မထင်ဘူး။ ဖုန်းလိုင်းဆက်သွယ်ရေးတွေမရတော့ ဘာမှမေးလို့မရခဲ့ဘူး။ အခုမနက်မှ သိရတယ်။ ထိခိုက်မှုတွေ တော်တော်များတယ်။ တစ်ရွာလုံးနီးပါးကိုပျက်တာလို့ သိရပြီး ကျနော်တို့အသေးစိတ်ဆက်သွယ်မေးမြန်းနေတယ်” ဟု ရမ်းဗြဲမြို့ခံစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်နီမော်ရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – APN

အဆိုပါတိုက်ခိုက်မှုကို စစ်ကောင်စီ​၏ ဝါဒဖြန့်ချိရေးမီဒီယာများတွင်လည်း ယမန်နေ့ကတည်းက ဖော်ပြထားပြီး အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်ခြင်းဟု ရေးသားထားကြသည်။

“ကျောက်နီမော် တရွာလုံးနီးပါးပျက်စီးတာဗျ။ အရပ်သားကို ပစ်မှတ်ထားတာအသိသာကြီး”ဟု ရခိုင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

ရမ်းဗြဲမြို့ကို AAက ၂၀၂၄ မတ်လ ၁၁ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်နီမော်ရွာ လေကြောင့် တိုက်ခိုက်ခံရမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများကို People’s Spring က အသေးစိတ်ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။

ကျောက်နီမော်ရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – APN

စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာ၃၁ရက်နှင့် ဇန်နဝါရီ ၅ရက်က ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်။

AAသည် ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တို့ကိုသာ သိမ်းယူရန်ကျန်ရှိတော့ပြီး ကျန်မြို့နယ်များကို သိမ်းပိုက်ထိန်းချုပ် ထားနိုင်ပြီဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အသင့်ရှိကြောင်း AAက ဒီဇင်ဘာ၂၉ရက်တွင် ကြေညာထားသည်။

သို့သော် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူများရှိ၊နေအိမ် ၄၀၀ခန့်မီးလောင်ကျွမ်းဟု AA အသိပေး