Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်လေဆိပ်ကို KIA ပူးပေါင်းတပ် သိမ်းပိုက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ယနေ့ (ဇန်နဝါရီ ၉ရက်)တွင် ဗန်းမော်လေဆိပ်ရှိ စစ်ကောင်စီတပ်က ဆုတ်ခွာသွားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်လေယာဉ်ကွင်းကို သိမ်းပိုက်ပြီးနောက် အောင်ပွဲခံနေသော KIAနှင့် ပူးပေါင်းတိုက်နေသည့် ကျောင်းသားတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ယနေ့ (ဇန်နဝါရီ ၉ရက်)တွင် ဗန်းမော်လေဆိပ်ရှိ စစ်ကောင်စီတပ်က ဆုတ်ခွာသွားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်လေယာဉ်ကွင်းကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဖော်ပြကာ KIAနှင့်အတူ မြို့သိမ်းစစ်ဆင်ရေးဆင်နွှဲနေသည့် ကျောင်းသားတပ်မတော်(ABSDF)ရဲဘော်များ အောင်ပွဲခံနေသည့် ရုပ်သံထွက်ပေါ်လာသည့် အခြေအနေနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်က ပြောပြသည်။

“စကစ လေယာဉ်ကွင်းနားက ဆုတ်သွား။ ဒရုန်းပျံနေဆဲလို့ သိရ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲကို KIAနှင့်အတူ ကျောင်းသားတပ် ABSDF ၊ KPDF တပ်များ ပါဝင်တိုက်ခိုက်နေဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်လေဆိပ် သိမ်းပိုက်နိုင်မှုအခြေအနေအပါအဝင် ဗန်းမော်တိုက်ပွဲနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့၌ တိုက်ပွဲဆက်ရှိနေပြီး မြို့ပေါ် ရပ်ကွက်အချို့ကို KIA ပူးပေါင်းတပ်များက ဝင်ရောက်နေရာယူထားနိုင်ကြောင်း ယမန်နေ့တွင် ပြောပြထားသည်။

ထို့ပြင် ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွင်လည်း “ဗန်းမော်လေဆိပ် ရန်သူ့လက်ကျပြီ” ဟု ယနေ့ နေ့လည်ပိုင်းက ရေးသားထားသည်။ ထို့ပြင် ဗန်းမော်အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)ဘန်ကာအချို့ပေါက်ပြီး စကခမှူးထွက်ပြေးသွားဟုလည်း ရေးသားထားသည်။

ထို့ပြင် ဗန်းမော်မြို့ ခလရ (၄၇)တပ်ရင်းကို သိမ်းရပြီဟု ပူးပါင်းတပ်မှ တပ်မှူးတစ်ဦးပြောပြသည့် ရုပ်သံလည်း လူမှုကွန်ရက်၌ ယနေ့ တွေ့ရသည်။

KIAသည် ဗန်းမော်နှင့်မံစီမြို့နယ် တစ်ခုလုံးသိမ်းနိုင်ရေး ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ တစ်လကျော်အကြာ ဇန်နဝါရီ ၆ရက်တွင် ထိုးစစ်အရှိန်မြှင့်တင်ခဲ့ရာ ဇန်နဝါရီ ၈ရက်မနက်တွင် မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန် တပ်ရင်းဌာနချုပ် ၃ခုလုံးကို အပြီးသတ် သိမ်းနိုင်ခဲ့ပြီး မြို့နယ်တစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်လျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ယနေ့(ဇန်နဝါရီ ၂၄ရက်)တွင် စစ်ကောင်စီ၏ ဗန်းမော်အခြေစိုက် သံချပ်ကာ တပ်ရင်းသိမ်းပိုက်ရာ သံချပ်ကာယာဉ် ၄စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးတင်းမာနေပြီး တနင်္သာရီမြို့နယ် ပဝကျေးရွာနှင့် အရှေ့သာရဖုံကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်​ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်ဖို့အင်အားအများအပြားပို့ဆောင်​နေပါတယ်။