Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်လေဆိပ်ကို KIA ပူးပေါင်းတပ် သိမ်းပိုက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ယနေ့ (ဇန်နဝါရီ ၉ရက်)တွင် ဗန်းမော်လေဆိပ်ရှိ စစ်ကောင်စီတပ်က ဆုတ်ခွာသွားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်လေယာဉ်ကွင်းကို သိမ်းပိုက်ပြီးနောက် အောင်ပွဲခံနေသော KIAနှင့် ပူးပေါင်းတိုက်နေသည့် ကျောင်းသားတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ယနေ့ (ဇန်နဝါရီ ၉ရက်)တွင် ဗန်းမော်လေဆိပ်ရှိ စစ်ကောင်စီတပ်က ဆုတ်ခွာသွားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်လေယာဉ်ကွင်းကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဖော်ပြကာ KIAနှင့်အတူ မြို့သိမ်းစစ်ဆင်ရေးဆင်နွှဲနေသည့် ကျောင်းသားတပ်မတော်(ABSDF)ရဲဘော်များ အောင်ပွဲခံနေသည့် ရုပ်သံထွက်ပေါ်လာသည့် အခြေအနေနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်က ပြောပြသည်။

“စကစ လေယာဉ်ကွင်းနားက ဆုတ်သွား။ ဒရုန်းပျံနေဆဲလို့ သိရ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲကို KIAနှင့်အတူ ကျောင်းသားတပ် ABSDF ၊ KPDF တပ်များ ပါဝင်တိုက်ခိုက်နေဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်လေဆိပ် သိမ်းပိုက်နိုင်မှုအခြေအနေအပါအဝင် ဗန်းမော်တိုက်ပွဲနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့၌ တိုက်ပွဲဆက်ရှိနေပြီး မြို့ပေါ် ရပ်ကွက်အချို့ကို KIA ပူးပေါင်းတပ်များက ဝင်ရောက်နေရာယူထားနိုင်ကြောင်း ယမန်နေ့တွင် ပြောပြထားသည်။

ထို့ပြင် ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွင်လည်း “ဗန်းမော်လေဆိပ် ရန်သူ့လက်ကျပြီ” ဟု ယနေ့ နေ့လည်ပိုင်းက ရေးသားထားသည်။ ထို့ပြင် ဗန်းမော်အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)ဘန်ကာအချို့ပေါက်ပြီး စကခမှူးထွက်ပြေးသွားဟုလည်း ရေးသားထားသည်။

ထို့ပြင် ဗန်းမော်မြို့ ခလရ (၄၇)တပ်ရင်းကို သိမ်းရပြီဟု ပူးပါင်းတပ်မှ တပ်မှူးတစ်ဦးပြောပြသည့် ရုပ်သံလည်း လူမှုကွန်ရက်၌ ယနေ့ တွေ့ရသည်။

KIAသည် ဗန်းမော်နှင့်မံစီမြို့နယ် တစ်ခုလုံးသိမ်းနိုင်ရေး ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ တစ်လကျော်အကြာ ဇန်နဝါရီ ၆ရက်တွင် ထိုးစစ်အရှိန်မြှင့်တင်ခဲ့ရာ ဇန်နဝါရီ ၈ရက်မနက်တွင် မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန် တပ်ရင်းဌာနချုပ် ၃ခုလုံးကို အပြီးသတ် သိမ်းနိုင်ခဲ့ပြီး မြို့နယ်တစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။