Connect with us

Hi, what are you looking for?

သတင်း

NUGက ချင်းပြည်တွင် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူ

ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေသည်ဟု ထုတ်ပြန်သည်။

ကျော်ဇော/People’s Spring

ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေသည်ဟု ထုတ်ပြန်သည်။

လျှောက်ထားနိုင်သည့် တာဝန်များမှာ ဘာသာရပ်စုံအထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သွားနှင့်ခံတွင်း၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားများ၊ အထူးပြုသူနာပြုနှင့်သူနာပြုများ၊ စီမံဘဏ္ဍာ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များမှ ဒီပလိုမာ၊ ဘွဲ့ ရရှိသူများ ပါဝင်သည်။

ထို့အပြင် ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိသူများ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလို မာဘွဲ့ရရှိသူများ၊ ကျန်းမာရေးမှူးများ၊ အမျိုး သမီးကျန်းမာရေးဆရာမများ(LHV)၊ ပြည် သူ့ကျန်းမာရေးကြီးကြပ်-၁ နှင့် ၂၊ သားဖွား ဆရာမများ၊ ဌာနခွဲစာရေး(BC)အကြီးတန်းနှင့် အငယ်တန်းစာရေးများပါဝင်သည်။

Public Service Announcement

Public Service Announcement

လျှောက်ထားသူသည် မြန်မာနိုင်ငံဖွားနှင့် ကျန်းမာရေးကောင်းမွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသူ ဖြစ်ရမည့်အပြင် NUGအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တာဝန်ချထားမည့် နေရာဒေသများသို့ သွား ရောက် ၍ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု ဖော်ပြသည်။

လျှောက်ထားလိုသူများအနေဖြင့် ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထား၍ နေ့စဉ်ပိတ်ရက်မရှိ၊ နံနက်(၁၀)နာရီမှ ည(၈)နာရီအထိ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ Telegram Account – https://t.me/HR_MOHNUG သို့မဟုတ် Telegram Username – @HR_MOHNUG တွင် လျှောက်လွှာပုံစံများ ထုတ်ယူလျှောက်ထားနိုင်ကြောင်း ထုတ်ပြန်သည်။

ရွေးချယ်ခံရသူများသည် တာဝန်ချထားမည့်နေရာများအတွက် လိုအပ်သည့်သင်တန်းများကို သတ်မှတ်အစီအစဉ်များအတိုင်း တက်ရောက်ရမည်ဖြစ်ပြီး NUGအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ အစီအစဉ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမည်ဟု အသိပေးသည်။

” တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသူရဲ ကောင်းများအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှုနှင့် လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒများနှင့်အညီ ပေးအပ်သွားမည်ဖြစ်ပါသည်”ဟု ဖော်ပြသည်။

ထို့အပြင် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးအင်အားစုများနှင့် တော်လှန်ရေးကာလအတွင်း အခက်အခဲအမျိုးမျိုးကြား၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ ကျန်းမာရေးသူရဲကောင်းများအားလုံးကို အထူးအသိအမှတ်ပြု၊ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားသည်။

ချင်းပြည်တောင်ပိုင်းတွင် အဓိကမြို့ကြီးများဖြစ်သည့် မင်းတပ်နှင့်ကန်ပက်လက်မြို့များရှိစစ်ကောင်စီအထိုင်တပ်များကို ချင်းညီနာင်စစ်ဆင်ရေးအဖြစ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယင်းမြို့များကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၁ရက်နှင့် ၂၂ရက် များတွင် အလုံးစုံ သိမ်းပိုက်ထိန်း ချုပ်ထားနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။