Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံက နျူကလီးယား ဓာတ်သတ္တုတွေ မှောင်ခို ထုတ်ယူဖို့ ကြိုးစားခဲ့ကြောင်း ဂျပန် ဒုစရိုက် ဂိုဏ်းခေါင်းဆောင် ဝန်ခံ

မြန်မာနိုင်ငံကနေ နျူကလီးယား နည်းပညာဆိုင်ရာ ဓာတ်သတ္တုတွေ မှောင်ခို ထုတ်ယူဖို့ ကြိုးစားခဲ့ကြောင်း အမေရိကန်မှာ စွပ်စွဲခံထားရတဲ့ ဂျပန် ဒုစရိုက် ဂိုဏ်းခေါင်းဆောင် တစ်ဦးဟာ စွဲချက်အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ နျူကလီးယား နည်းပညာဆိုင်ရာ ဓာတ်သတ္တုတွေ မှောင်ခို ထုတ်ယူဖို့ ကြိုးစားခဲ့ကြောင်း အမေရိကန်မှာ စွပ်စွဲခံထားရတဲ့ ဂျပန် ဒုစရိုက် ဂိုဏ်းခေါင်းဆောင် တစ်ဦးဟာ စွဲချက်အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

အသက် ၆၀ အရွယ် တာကီရှီ အီဘီဆာဝါဟာ ဇန်နဝါရီလ ၈ ရက်နေ့တုန်းက နယူးယောက်မြို့၊ မက်ဟမ်တန် တရားခွင်မှာ စွဲချက်ကို ဝန်ခံခဲ့တာ ဖြစ်တယ်လို့ အမေရိကန် တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သူဟာ ယူရေနီယမ်နဲ့ လက်နက် ထုတ်ယူနိုင်တဲ့အဆင့် သန့်စင်ထားတဲ့ ပလူတိုနီယမ် ဓာတ်သတ္တုတွေကို မှောင်ခိုရောင်းဝယ်တဲ့ ကွန်ရက်တစ်ခုနဲ့ ချိတ်ဆက် အလုပ်လုပ်မှုအတွက် စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ အီဆီဘာဝါဟာ အဲဒီ နျူကလီးယား နည်းပညာဆိုင်ရာ ဓာတ်သတ္တုတွေကို မြန်မာကနေ တခြားနိုင်ငံတွေဆီ မှောင်ခိုသယ်ထုတ်ဖို့ ကြိုးစားခဲ့တာလို့ အမေရိကန် တရားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

အီဆီဘာဝါဟာ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ လက်နက်မှု စွပ်စွဲချက်တွေ အတွက်လည်း အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်ရဲ့ ယာကူဇာ ဒုစရိုက် ဂိုဏ်းတွေနဲ့ အဆက်အစပ် ရှိတဲ့ ဒုစရိုက် ဂိုဏ်းခေါင်းဆောင်ဟာ အီရန်မှာ ထုတ်လုပ်မယ့် နျူကလီးယား လက်နက်တွေအတွက် လိုအပ်တဲ့ ဓာတ်သတ္တုတွေကို မြန်မာနိုင်ငံဆီကနေ မှောင်ခိုပို့ဆောင်ဖို့ စီစဉ်ခဲ့ကြောင်း စွပ်စွဲချက်နဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အမေရိကန်က တရားစွဲဆိုခဲ့တာပါ။

အီဆီဘာဝါဟာ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ လက်နက်မှုတွေ အတွက်လည်း ၂၀၂၂ ခုနှစ်မှာ စွဲချက်အဟောင်း ရင်ဆိုင်ထားရပြီးသားပါ။

အီဆီဘာဝါက သူဟာ လက်နက် ထုတ်လုပ်နိုင်တဲ့အဆင့် သန့်စင်ထားတဲ့ ပလူတိုနီယမ်တွေကို မြန်မာနိုင်ငံကနေ ပြောင်ပြောင်တင်းတင်း ခိုးထုတ်ခဲ့တယ်ဆိုတာ အမေရိကန် ဖက်ဒရယ် တရားရုံးမှာ ဝန်ခံခဲ့တယ်လို့ နယူးယောက် တောင်ပိုင်းခရိုင် ယာယီရှေ့နေချုပ် အက်ဒွပ်ကင်မ်က ပြောကြားသွားပါတယ်။

တစ်ချိန်တည်းမှာပဲ အီဆီဘာဝါဟာ ဟီးရိုးအင်း ဘိန်းဖြူနဲ့ မက်သာမက်ဖက်တမင်း ဆေးပြား ပမာဏ အမြောက်အမြားကို အမေရိကန်ဆီ ပေးပို့ပြီး မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ အပါအဝင် အကြီးစား စစ်လက်နက် စနစ်တွေနဲ့ လဲလှယ်နိုင်ရေး လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီ စစ်လက်နက်တွေဟာ မြန်မာနိုင်ငံက စစ်ပွဲတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာဖြစ်ပြီး နယူးယောက်နဲ့ တိုကျိုကြား မူးယစ်မှောင်ခို လုပ်ငန်း ဝင်ငွေတွေကိုလည်း အီဆီဘာဝါက ခဝါချခဲ့တယ်လို့ တရားရုံးက ယုံကြည်ထားပါတယ်။

အီဆီဘာဝါရဲ့ လှုပ်ရှားမှုတွေကို ထောက်လှမ်း သိရှိပြီးတဲ့နောက် အမေရိကန်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး သူ့ကို ခြေရာခံ ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကင်ညာနိုင်ငံကနေ ပုရွက်ဆိတ် အကောင်ရေ ၂၀၀၀ ကျော်ကို မှောင်ခို ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ တရုတ် နိုင်ငံသား တစ်ဦးကို ကင်ညာ အာဏာပိုင်တွေက ဖမ်းဆီး ရမိခဲ့ပါတယ်။

သတင်း

စက်တင်ဘာ-၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring ရှားပါးမျိုးစိတ်ဖြစ်ပြီး အထူးကာကွယ် စောင့်ရှောက်ရန်ဥပဒေပြဌာန်းကာကွယ်ထားသည့်ပန်ဒါနီ (Red Panda) လေးများကို မှောင်ခို သယ်လာသူများက အင်းတော်မြို့ကိုဖြတ်သန်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းဆီးနိုင်ခဲ့သည်။ ဒေသတွင်းလမ်းပိုင်းများအားPDF များကလုံခြုံရေးယူနေစဉ် ကားအတွင်း လှောင်အိမ်များဖြင့်ဖွက်၍သယ်ဆောင်လာသော ပန်ဒါနီ လေးများကို တွေ့ရှိခြင်းဖြစ်ပြီး သယ်ဆောင်လာသူကိုဖမ်းဆီးထားကြောင်းသိရသည်။ “ကချင်ဘက်ကနေသယ်လာတာ။ဘယ်ကိုပို့မလဲဆိုတာ မေးမြန်းဆဲပဲ။ကားသမားနဲ့ ဆက်စပ်သူတွေပါ စစ်ဆေးနေတာ...

သတင်း

တစ်နိုင်ငံတည်းသားတွေကို ထိုင်းနိုင်ငံထဲ မှောင်ခို ခေါ်သွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ရေတပ် တာဝန်ရှိသူတွေဟာ အခုကိစ္စကို အမှုဖွင့် အရေးယူနိုင်ဖို့အတွက် ငါးဖမ်းလှေ အဖွဲ့သား ၆ ယောက်ကို ပက်ခ်နမ် ရဲစခန်းဆီ လွှဲပြောင်းပေးခဲ့ကြောင်းလည်း သိရပါတယ်။